နိုင်ငံတကာသတင်း

ထိုင်းရွေးကောက်ပွဲ အတွက် ထူးခြားဆန်းပြားစွာ မဲဆွယ်နေကြ

မဲခေါင် 1 Feb - 2026
မဲခေါင်၊ ဖေဖော်ဝါရီ ၁ လာမည့် ဖေဖော်ဝါရီ ၈ ရက်တွင် ကျင်းပမည့် ထိုင်း အထွေထွေရွေးကောက်ပွဲအတွက် ပါတီများ မဲဆွယ်နေမှုတွင် ထူးခြားဆန်းပြားပြီး ရယ်စရာ၊ လှောင်စရာများ ဖြစ်စေသော မဲဆွယ်မှုများစွာ ရှိနေခဲ့သည်။ သက်ဆင်မိသားစု၏ ဖွေထိုင်းပါတီသည် တစ်ရက်လျှင် မီလျံနာ ၉ ဦး တိုးပွားစေရမည်ဆိုသော မဲဆွယ် မှု လုပ် ဆောင်ကာ ၎င်းတို့ပါတီ အာဏာရပါက တစ်နေ့လျှင် ဘတ် ၉ သန်းသုံးပြီး လူ ၉ ယောက်ကို မဲရွေးချယ်နှိုက်စေပြီး တစ်ဦး ဘတ်တစ်သန်းစီ မဲပေါက်စေမည်ဟု မဲဆွယ်ခဲ့သည်။ တနင်္လာမှ သောကြာ နေ့အထိ တစ်ပတ် ၅ ရက်တွင် နေ့စဉ်

မဲခေါင်၊ ဖေဖော်ဝါရီ ၁

လာမည့် ဖေဖော်ဝါရီ ၈ ရက်တွင် ကျင်းပမည့် ထိုင်း အထွေထွေရွေးကောက်ပွဲအတွက် ပါတီများ မဲဆွယ်နေမှုတွင် ထူးခြားဆန်းပြားပြီး ရယ်စရာ၊ လှောင်စရာများ ဖြစ်စေသော မဲဆွယ်မှုများစွာ ရှိနေခဲ့သည်။

သက်ဆင်မိသားစု၏ ဖွေထိုင်းပါတီသည် တစ်ရက်လျှင် မီလျံနာ ၉ ဦး တိုးပွားစေရမည်ဆိုသော မဲဆွယ် မှု လုပ် ဆောင်ကာ ၎င်းတို့ပါတီ အာဏာရပါက တစ်နေ့လျှင် ဘတ် ၉ သန်းသုံးပြီး လူ ၉ ယောက်ကို မဲရွေးချယ်နှိုက်စေပြီး တစ်ဦး ဘတ်တစ်သန်းစီ မဲပေါက်စေမည်ဟု မဲဆွယ်ခဲ့သည်။

တနင်္လာမှ သောကြာ နေ့အထိ တစ်ပတ် ၅ ရက်တွင် နေ့စဉ် ဘတ်တစ်သန်းကံထူးရှင် ၉ ဦးကို မဲဝယ်စေကာ ထိုသူများသည် အခွန်ထမ်းခဲ့သော လယ်သမား၊ လုပ်အားပေး၊ သက်ကြီးနိုင်ငံသားများ ဖြစ်ရမည်ဟု ဆိုသည်။

ထို့အတွက် တစ်နှစ် ကုန်ကျငွေသည် ဘတ် ၃ ဒသမ၂၈ ဘီလီယံ ကုန်ကျမည် ဖြစ်သောကြောင့် ပြည်သူ့အခွန်များနှင့် မဲဝယ်ရန် ကြိုးစားမှုဟု ဝေဖန်နေကြရာ ပါတီခေါင်းဆောင် ဂျူလာပန်က ထိုင်းနိုင်ငံသား အားလုံး ဒစ်ဂျစ်တယ်အစိုးရ လက်အောက်ခံ နိုင်ငံသားများအဖြစ် အားလုံး ဒစ်ဂျစ်တယ်စနစ်ဖြင့် မှတ်ပုံတင်ကာ အခွန်ငွေများကိုလည်း မဖြစ်မနေ ပေးဆောင်လာရမည့် ရည်ရွယ်ချက်ဖြင့် လုပ်ဆောင်ခြင်းဖြစ်ပြီး ထိုအစီအစဉ် အထမြောက်လျှင် အခွန်စနစ်မှာ ဘတ် ၉ ထရီလီယံ ရနိုင်မည်ဟု ရှင်းပြခဲ့သော်လည်း ပါတီ၏ ရွေးကောက်ပွဲဝင် နံပါတ်သည်လည်း ၉ ဖြစ်နေသောကြောင့် အားလုံးမှာ ၉ နဝင်းဖြင့် စီစဉ်ထားခြင်း ဖြစ်မည်ဟု ထပ်မံဝေဖန်နေကြသဖြင့် ဂျူလာပန်က တိုက်ဆိုင်မှုများဖြစ်သည်ဟု ပြန်လည် ရှင်းလင်းသွားခဲ့သည်။

ပြီးခဲ့သည့် ရွေးကောက်ပွဲ ၂ ရပ်စလုံး အမတ်နေရာ တစ်နေရာပင်နိုင်ခဲ့ခြင်းမရှိသော New Alternative Party မှ ဝန်ကြီးချုပ်နေရာ ရွေးချယ်ခံမည့် မွန်ကိုလ်ကစ်ဆိုသူသည်လည်း ရွေးကောက်ပွဲအနိုင်ရပါက ၁၂ နှစ်အတွင်း အင်္ဂါဂြိုဟ်နှင့် ဗီးနပ်စ်ဂြိုဟ်များသို့ ထိုင်းအာကာသယာဉ် တစ်စီး လွှတ်တင်မည်၊ ဘတ် ၆ ဒသမ ၄ ဘီလီယံ ကုန်ကျမည့် နျူကလီးယား လက်နက်ထိပ်ဖူး ၁၀ လုံးဝယ်ကာ တိုင်းပြည်ကို ကာကွယ်မည်၊ ယခုနှစ် မကုန်မီ ထိုင်းလူမျိုး ၁၀၀၊ နောက်နှစ်မကုန်မီ ၁၀၀၀၊ ၂၀၂၈ ခုနှစ်တွင် ၁၀၀၀၀ အား လကမ္ဘာပေါ် စေလွှတ်ပေးမည်ဟု မဲဆွယ်ခဲ့သည်။

မွန်ကိုလ်ကစ်သည် လှောင်ပြောင်စရာ အကောင်း ဆုံး မဲဆွယ်ကတိအဖြစ် မဲနိုင်ပါက ထိုင်းအမျိုးသမီးတိုင်းကို ယောင်္ကျား ၄ ယောက် တရားဝင်ယူခွင့်ပြုမည် ဟုဆိုသလို အခြားဂြိုဟ်မှ ဂြိုဟ်သူများနှင့် တစ်ဂြိုဟ် တစ်ယောက်နှုန်း ထိုင်းအမျိုးသားများ လက်ထပ်ခွင့်ပေးမည်ဟု ပြောသွားသေးသည်။

၂၀၂၁ ခုနှစ်တွင် ပါတီစထောင်ပြီး ၂၀၂၃ ခုနှစ်ရွေးကောက်ပွဲတွင် စတင်ဝင်ပြိုင်သော ကွန်ဆာဗေးတစ်ပါတီ ဖြစ်သည့် United Thai Nation Party ကလည်း အကျင့်ပျက်ခြစားသည့် အစိုးရ အရာရှိများနှင့် ကျားဖြန့်လုပ်သူများကို ထိုင်းပင်လယ်ကွေ့အတွင်းရှိ စွန့်ပစ် ရေနံတွင်းတူးစင်များပေါ် ထောင်ဒဏ် တစ်သက်တစ်ကျွန်း ချထားမှုဖြင့် ပို့ဆောင်ထားမည်ဟု မဲဆွယ်ကတိစကား ဆိုသည်။

နောက်ထပ် ကွန်ဆာဗေးတစ်ပါတီတစ်ခုဖြစ်သော Economic Party ကလည်း အကျင့်ပျက်ခြစားခြင်းသည် သေဒဏ်နှင့်ညီမျှသဖြင့် သေဒဏ်ပေးမည်ဟု ဆိုသလို ပနားမားတူးမြောင်းကဲ့သို့ သမုဒ္ဒရာနှင့် ဆက်သွယ်မည့် ထိုင်းပယ်လယ်ကွေ့ ချန်ဖွန်းမှ ရနောင်းသို့ တူးမြောင်းဖောက်ကာ အန်ဒမန်ပင်လယ်နှင့် ဆက်သွယ်ပေးမည်ဟုလည်း မဲဆွယ်ခဲ့သည်။

အကျင့်ပျက်ခြစားမှု များလွန်းနေသည့် ထိုင်းနိုင်ငံတွင် ထိုအစဉ်အလာဆိုးများကို တိုက်ဖျက်ရေး Thai Pakdee Party ကလည်း ဘတ်သန်း ၁၀၀ နှင့်အထက် လာဘ်စားသူများကို သေဒဏ်ပေးမည်၊ ဘုရင့် လွတ်ငြိမ်းခွင့်မရစေရ၊ လာဘ်ထိုးသည့် ငွေအများစုသည် ဘတ် ၅၀၀ နှင့် ၁၀၀၀ တန်များဖြစ်သည့် အတွက် ထိုငွေများကို ဖျက်သိမ်းမည်ဟု မဲဆွယ် ကတိပြုခဲ့သည်။

၂၀၁၈ ခုနှစ်တွင် စတင်ထူထောင်ပြီး ပြီးခဲ့သည ရွေးကောက်ပွဲ ၂ ရပ်စလုံး အမတ်နေရာ တစ်နေရာပင် မနိုင်ခဲ့သော Green Party ကလည်း သဘာ၀ပတ်ဝန်းကျင် အခြေပြုပါတီ ဖြစ်သည့်အလျှောက် သစ်ပင်ထီကို တစ်နှစ် ၁၈ ကြိမ် ဖွင့်ပေးကာ ဂဏန်း ၁၅ လုံး ထီထိုးခွင့်ရှိသူသည် အများပိုင်မြေပေါ် သစ်ပင် ၃ ပင် စိုက်နိုင်သူတစ်စောင် ပေးမည်ဟု မဲဆွယ်ခဲ့သည်။

တိရစ္ဆာန် ထိန်းသိမ်းစောင့်ရှောက်ရေးကိုလည်း ဦးစားပေးသည့် ထိုပါတီက ခွေးများ၊ ကြောင်များ မွေးထားသူများအတွက် တစ်ကြိမ် ၃၉ ဘတ်နှုန်းဖြင့် ကျန်းမာရေး စောင့်ရှောက်စရိတ် ထုတ်ပေးသွားမည်ဟုလည်း မဲဆွယ်ခဲ့သည်။

ကိုကလင်း
Ref: thaipbs
#MeKongNews
#ထိုင်းရွေးကောက်ပွဲ
#ထူးခြားဆန်းပြား
#မဲဆွယ်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now