ကမ္ဘာ့သတင်း

ရုရှား စစ်ပစ္စည်း နိုင်ငံခြား တင်ပို့မှုများ သမ္မတပူတင် ချီးကျူး

မဲခေါင် 31 Jan - 2026
မဲခေါင်၊ ဇန်နဝါရီ ၃၁ ရုရှားနိုင်ငံမှ စစ်ပစ္စည်းထုတ်လုပ်သော လုပ်ငန်းများ၏ နိုင်ငံခြားတင်ပို့မှု မှတ်တမ်းကို သမ္မတ ဗလာဒီမာပူတင်က ယမန်နေ့တွင် ချီးကျူး ပြောကြားလိုက်ပြီး အနောက်တိုင်း၏ ဖိအားများ ရှိနေသော်လည်း ရုရှားစစ်ပစ္စည်း လုပ်ငန်းက ဈေးကွက်နှင့် အလားအလာများကို ချဲ့ထွင်နိုင်ခဲ့သည်ဟု ပြောသည်။ “ရုရှားထုတ် စစ်လက်နက်ပစ္စည်းတွေကို ပြီးခဲ့တဲ့နှစ်က နိုင်ငံပေါင်း ၃၀ ကျော်ကို တင်ပို့ခဲ့ပြီး အဲဒီလုပ်ငန်းက ရရှိခဲ့တဲ့ နိုင်ငံခြားဝင်ငွေဟာ အမေရိကန်ဒေါ်လာ ၁၅ ဘီလီယံကျော်ရှိပါတယ်” ဟု ကရင်မလင်တွင် ပြုလုပ်ခဲ့သော စစ်ဘက်နှင့် နည်းပညာပိုင်း ပူးပေါင်းဆောင်ရွက်မှု အစည်းအဝေး ဗီဒီယိုတွင် ပူတင်က ပြောကြားသည်။ ယင်းလုပ်ငန်းကဏ္ဍက ရှုပ်ထွေးသော အခြေအနေများ အောက်တွင် လုပ်ကိုင်နေရသည်ဟုလည်း

မဲခေါင်၊ ဇန်နဝါရီ ၃၁

ရုရှားနိုင်ငံမှ စစ်ပစ္စည်းထုတ်လုပ်သော လုပ်ငန်းများ၏ နိုင်ငံခြားတင်ပို့မှု မှတ်တမ်းကို သမ္မတ ဗလာဒီမာပူတင်က ယမန်နေ့တွင် ချီးကျူး ပြောကြားလိုက်ပြီး အနောက်တိုင်း၏ ဖိအားများ ရှိနေသော်လည်း ရုရှားစစ်ပစ္စည်း လုပ်ငန်းက ဈေးကွက်နှင့် အလားအလာများကို ချဲ့ထွင်နိုင်ခဲ့သည်ဟု ပြောသည်။

“ရုရှားထုတ် စစ်လက်နက်ပစ္စည်းတွေကို ပြီးခဲ့တဲ့နှစ်က နိုင်ငံပေါင်း ၃၀ ကျော်ကို တင်ပို့ခဲ့ပြီး အဲဒီလုပ်ငန်းက ရရှိခဲ့တဲ့ နိုင်ငံခြားဝင်ငွေဟာ အမေရိကန်ဒေါ်လာ ၁၅ ဘီလီယံကျော်ရှိပါတယ်” ဟု ကရင်မလင်တွင် ပြုလုပ်ခဲ့သော စစ်ဘက်နှင့် နည်းပညာပိုင်း ပူးပေါင်းဆောင်ရွက်မှု အစည်းအဝေး ဗီဒီယိုတွင် ပူတင်က ပြောကြားသည်။

ယင်းလုပ်ငန်းကဏ္ဍက ရှုပ်ထွေးသော အခြေအနေများ အောက်တွင် လုပ်ကိုင်နေရသည်ဟုလည်း ၎င်းက ပြောကြားသည်။

“အနောက်နိုင်ငံတွေဆီက ဖိအားတွေ ဆက်ရှိနေပါတယ်။ ရုရှားနဲ့ စီးပွားရေးဆက်ဆံမှုကို နှေးကွေးအောင်လုပ်ဖို့ ၊ တားဆီးပိတ်ပင်ဖို့ ပိုလို့တောင် ဖိအားများလာနေပါတယ်။ အဲဒီလို ကြိုးပမ်းမှုတွေ ရှိနေပေမယ့်လည်း ကျနော်တို့ရဲ့ နိုင်ငံခြားတင်ပို့မှု ကန်ထရိုက်တွေကို မှန်မှန်ကြီး ဖြည့်ဆည်းပေးနေပါတယ်” ဟု ၎င်းက ဆက်ပြောသည် ။

အထူးသဖြင့် ရုရှားစစ်ဘက် ထုတ်ကုန်များကို အာဖရိကနိုင်ငံများက အထူးစိတ်ဝင်စားမှု ပြသကြသည်ဟုလည်း ၎င်းက ဆက်ပြောသည်။

“အနောက်တိုင်းရဲ့ ဖိအားတွေ ရှိနေပေမယ့်လည်း စစ်ဘက်နဲ့ စစ်ဘက်နည်းပညာ နယ်ပယ်တွေမှာ ရုရှားနဲ့ သူတို့ရဲ့ ဆက်ဆံရေးကို တိုးချဲ့ဖို့ အသင့်ရှိတယ်ဆိုတာ အာဖရိက မိတ်ဖက်တွေက ပြသနေပါတယ်” ဟု ၎င်းက ပြောသည်။

ရုရှားသည် စစ်ဘက် ပူးပေါင်းဆောင်ရွက်မှုများ အပါအဝင် အာဖရိကနိုင်ငံ အများအပြားနှင့် ဆက်ဆံရေး တိုးတက်ရန် လုပ်ဆောင်နေသည်။

ဗဟိုအာဖရိကနိုင်ငံက သူပုန်အုပ်စုများကို နှိမ်နင်းရန် ၂၀၁၈ ခုနှစ်တွင် ရုရှားမှ ဝက်ဂနာ ကြေးစားစစ်သားများအား ခေါ်ယူအသုံးပြုခဲ့သည်။

မကြာသေးမီက ပြန်လည်ရွေးကောက် တင်မြှောက်ခံခဲ့ရသော သမ္မတ ဖော်စတင်အာချန် ဂီတူအာဒီရာကလည်း ၎င်းတို့နိုင်ငံသို့ လာရောက်လည်ပတ်ရန် ပူတင်အား ယခုလအတွင်း ဖိတ်ကြားခဲ့သည်။

ရုရှားသည် မာလီနှင့် ဘာကီနာဖာဆိုနိုင်ငံတို့မှ စစ်အစိုးရများနှင့် ဆက်ဆံရေးကိုလည်း တိုးမြှင့်ခဲ့သည်။

အေးကျော်
Ref: Reuters
#MeKongNews
#ရုရှား
#စစ်ပစ္စည်း
#သမ္မတပူတင်
#ချီးကျူး

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now