မဲခေါင်၊ ဇန်နဝါရီ ၃၁
ထိုင်းနိုင်ငံ၊ ကန်ချနာဘူရီခရိုင် တောတွင်းတစ်နေရာတွင် တရားမဝင် ခိုးဝင်လာသော မြန်မာနိုင်ငံသား ၁၁၂ ဦးကို ကင်းလှည့်နေသော ထိုင်းစစ်သားများက ဖမ်းဆီးမိခဲ့ကြောင်း ရွှေ့ပြောင်း မြန်မာလုပ်သားများထံမှ သိရသည်။
၎င်းတို့အား ယမန်နေ့န့နက်တွင် ဖမ်းမိခဲ့ပြီး ရန်ကုန်၊ မော်လမြိုင် ဒေသခံများ ဖြစ်ကြကာ အသက် ၂၀ မှ အသက် ၃၅ အတွင်းရှိ လူငယ်များဖြစ်ကြကြောင်း သိရသည်။
“အခုဖြစ်သွားတာက ပွဲစားပေါ့နော်။ ပွဲစားက လောဘကြီးပြီး လူအစုလိုက်အပြုံလိုက် ခေါ်လာလို့ ခုလို ကြုံရတာဖြစ်တယ်။ သူများဖမ်းမိတော့လည်း တစ်ယောက်မှ အထောက်ထားမပါလို့ ထိုင်းနိုင်ငံရဲ့ တရားဥပဒေအတိုင်း သူတို့ကို အရေးယူခံရမယ်၊ ပြီးရင် မြန်မာပြည်ပြန်ပို့မယ်လို့ ပြောပါတယ်။ တက်နိုင်သလောက်တော့ ကူညီပေး သွားမှာပါ” ဟု မြန်မာရွှေ့ပြောင်းလုပ်သား အရေးကို ကူညီပေးနေသူတစ်ဦးက မဲခေါင်သို့ ပြောသည်။
ယင်းလူငယ် ၁၁၂ ဦးသည် ထိုင်းနိုင်ငံသို့ သွားရောက်ရန် ပွဲစားများကို ဘတ် ၂ သောင်းမှ ၄ သောင်းအထိ ပေးခဲ့ရကြောင်း ၎င်းက ဆိုသည် ။
ပြီးခဲ့သည့် ဇန်နဝါရီ ၂၈ ရက် တွင်လည်း ချွန်ဘူရီခရိုင်၊ ဘော်ဝင်း၊ မိုးပဲ့ရှိ တရုတ်ပိုင် ဆောက်လုပ်ရေးလုပ်ငန်းအား ထိုင်းအာဏာပိုင်များက စီးနင်းဝင်ရောက်ခဲ့ပြီး ဥပဒေမဲ့ အလုပ်လုပ်ကိုင်နေသည့် မြန်မာလုပ်သား ၂၇ ဦးကို ဖမ်းဆီးမိသေးကြောင်း ရွေ့ပြောင်းလုပ်သားများထံမှ သိရသည်။
#MeKongNews
#ထိုင်းနိုင်ငံ
#တရားမဝင်
#မြန်မာနိုင်ငံသား
#ဖမ်းမိ








