နေ့စဥ်သတင်း

ဘိန်းစိုက်ရာသီကုန်ချိန်မှ ဘိန်းဧက ၁၀၀၀ ထပ်မံဖျက်ဆီးရန် စစ်ကောင်စီရဲချုပ် အမိန့်ထုတ်

မဲခေါင် 29 Jan - 2026
မဲခေါင်၊ ဇန်နဝါရီ ၂၉ တောင်ပေါ်ဒေသများမှ မုန်ညင်းစိမ်း လာရောက်ရောင်းချသည့် တောင်သူများကို စုံစမ်းမေးမြန်းမှုအပေါ် အခြေခံပြီး စစ်ကောင်စီရဲချုပ်က ရှမ်းပြည်အတွင်း ဘိန်းဧက ၁၀၀၀ ကို ထပ်မံဖျက်ဆီးရန် အမိန့်ထုတ်ခဲ့ကြောင်း မူးယစ်တပ်ဖွဲ့နှင့် နီးစပ်သူများထံမှ သိရသည်။ စစ်ကောင်စီရဲချုပ် ဒုရဲဗိုလ်ချုပ်ကြီး ဝင်းဇော်မိုးသည် ပြီးခဲ့သည့် ဇန်နဝါရီ ၂၀ ရက်ဝန်းကျင်က နမ့်စန်မြို့သို့ ရောက်ရှိစဉ် တောင်ပေါ်မုန်ညင်းပင်များ လာရောက်ရောင်းချသည့် တောင်သူများကို မေးမြန်းရာမှတစ်ဆင့် ဘိန်းခင်းများအကြောင်း သိရှိသွားခြင်း ဖြစ်ကြောင်း ရဲတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးက ပြောသည်။ “ဘိန်းခင်းတွေထဲမှာ မုန်ညင်းစိမ်းတွေ ထည့်စိုက်ကြတာ။ အပင်လည်းထွား၊ အရသာလည်း ပိုရှိတော့ အရောင်းအဝယ် သွက်တယ်။ အဲဒါကို ရဲချုပ်က မုန်ညင်းတွေ ဘယ်လိုစိုက်လဲ

မဲခေါင်၊ ဇန်နဝါရီ ၂၉

တောင်ပေါ်ဒေသများမှ မုန်ညင်းစိမ်း လာရောက်ရောင်းချသည့် တောင်သူများကို စုံစမ်းမေးမြန်းမှုအပေါ် အခြေခံပြီး စစ်ကောင်စီရဲချုပ်က ရှမ်းပြည်အတွင်း ဘိန်းဧက ၁၀၀၀ ကို ထပ်မံဖျက်ဆီးရန် အမိန့်ထုတ်ခဲ့ကြောင်း မူးယစ်တပ်ဖွဲ့နှင့် နီးစပ်သူများထံမှ သိရသည်။

စစ်ကောင်စီရဲချုပ် ဒုရဲဗိုလ်ချုပ်ကြီး ဝင်းဇော်မိုးသည် ပြီးခဲ့သည့် ဇန်နဝါရီ ၂၀ ရက်ဝန်းကျင်က နမ့်စန်မြို့သို့ ရောက်ရှိစဉ် တောင်ပေါ်မုန်ညင်းပင်များ လာရောက်ရောင်းချသည့် တောင်သူများကို မေးမြန်းရာမှတစ်ဆင့် ဘိန်းခင်းများအကြောင်း သိရှိသွားခြင်း ဖြစ်ကြောင်း ရဲတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးက ပြောသည်။

“ဘိန်းခင်းတွေထဲမှာ မုန်ညင်းစိမ်းတွေ ထည့်စိုက်ကြတာ။ အပင်လည်းထွား၊ အရသာလည်း ပိုရှိတော့ အရောင်းအဝယ် သွက်တယ်။ အဲဒါကို ရဲချုပ်က မုန်ညင်းတွေ ဘယ်လိုစိုက်လဲ မေးရင်းနဲ့ တောင်သူတွေက ဘိန်းခင်းတွေ အများအပြားရှိကြောင်း ပြောပြမိလို့ စစ်ဆေးပြီး ထပ်ဖျက်ခိုင်းတာ” ဟု ၎င်းက မဲခေါင်သို့ ပြောသည်။

ထပ်မံဖျက်ဆီးရမည့် နေရာများမှာ ရှမ်းပြည်တောင်ပိုင်း နမ့်စန်ခရိုင်တွင် ဧက ၅၀၀ နှင့် ရှမ်းပြည်အရှေ့ပိုင်းရှိ တာချီလိတ်၊ မိုင်းတုံ၊ မိုင်းဆတ်ခရိုင်များတွင် ဧက ၅၀၀ တို့ ဖြစ်ကြောင်း သိရသည်။ သို့သော် လက်ရှိတွင် ဘိန်းခင်းအားလုံးနီးပါး အစေးထုတ်ပြီးချိန် ဖြစ်နေသဖြင့် ဘိန်းစိုက်ရာသီ ကုန်ဆုံးခါနီးမှ စီမံချက်ဖြင့် ဖျက်ဆီးခိုင်းခြင်းအပေါ် ဝေဖန်မှုများရှိနေသည်။

“အားလုံး ရှုပ်နေကြပြီ။ အခုက ဘိန်းခင်းအားလုံးလိုလို အစေးထုတ်ပြီးကြပြီ။ ဘိန်းစိုက်ရာသီလည်း ကုန်သလောက်ဖြစ်တော့ မခြစ်ရသေးတဲ့အခင်း နည်းနည်းလောက်ပဲ ကျန်တော့မယ်။ အခုက စစ်ကြောင်းလိုက် စီမံချက်နဲ့ ဖျက်ရတော့မယ်” ဟု ရဲတပ်ဖွဲ့နှင့် နီးစပ်သူက ဆိုသည်။

ပုံမှန်အားဖြင့် ဧက ၁၀၀ ဝန်းကျင်သာ ဖျက်ဆီးလေ့ရှိရာမှ ယခုအခါ ဧက ၁၀၀၀ အထိ တိုးမြှင့်ဖျက်ဆီးရန် အမိန့်ထုတ်ခဲ့ခြင်း ဖြစ်သည်။

မူးယစ်တပ်ဖွဲ့ဝင်ဟောင်းတစ်ဦးကမူ “နမ့်စန်တင် မဟုတ်ပါဘူး၊ ပအိုဝ်းဒေသတစ်ခုလုံးနဲ့ လွိုင်လင်ခရိုင်မှာ ဧက သိန်းချီရှိတာပါ။ ရဲချုပ်ဟောင်း ဦးခင်ရီလက်ထက်က ရာသီအစမှာ ထုနဲ့ထည်နဲ့ ဖျက်လို့ တောင်သူတွေ အထိနာပြီး သတ်သေတဲ့အထိ ဖြစ်ခဲ့ဖူးတယ်။ အခုကတော့ အစေးခြစ်ပြီးမှဆိုတော့ တောင်သူတွေ အထိနည်းပါလိမ့်မယ်။ UNODC က ဂြိုဟ်တုပုံတွေနဲ့ အနီးကပ်ထောက်ပြနေတော့ ရှောင်လို့မရလို့ လုပ်ပြရတဲ့ သဘောပါ” ဟု သုံးသပ်သည်။

မြန်မာနိုင်ငံသည် ၂၀၂၃ ခုနှစ်မှစတင်ကာ အာဖဂန်နစ္စတန်နိုင်ငံကို ကျော်ဖြတ်ပြီး ကမ္ဘာပေါ်တွင် ဘိန်းစိုက်ပျိုးထုတ်လုပ်မှု အများဆုံးနိုင်ငံ ဖြစ်လာခဲ့သည်။

၂၀၂၅ ခုနှစ် ဘိန်းစိုက်ရာသီတွင်လည်း တစ်ကမ္ဘာလုံး ဘိန်းထုတ်လုပ်မှု၏ ၈၈ ရာခိုင်နှုန်းဖြင့် အများဆုံးနိုင်ငံအဖြစ် ဆက်လက်ရပ်တည်နေကြောင်း ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ရာဇဝတ်မှုဆိုင်ရာရုံး (UNODC) က ထုတ်ပြန်ထားသည်။

#MeKongNews
#ဘိန်းစိုက်ရာသီ
#ရဲချုပ်
#ဘိန်းခင်း
#ရှမ်းပြည်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now