ကမ္ဘာ့သတင်း

ခရီးသည်တင်ရထားကို ရုရှား ဒရုန်းတိုက်ခိုက်မှု ဇီလန်စကီး ရှုတ်ချ

မဲခေါင် 28 Jan - 2026
မဲခေါင်၊ ဇန်နဝါရီ ၂၈ အနည်းဆုံး‌ လူ ၄ ဦး သေဆုံးခဲ့သည်ဟု ဒေသခံအရာရှိများက ပြောကြားသည့် ခရီးသည်တင် ရထားတစ်စီးအား ရုရှားက ဒရုန်းများဖြင့် တိုက်ခိုက်ခြင်းကို အကြမ်းဖက်မှုအဖြစ် ယူကရိန်းသမ္မတ ဗိုလိုဒီမာဇီလန်စကီးက ရှုတ်ချ ပြောဆိုလိုက်သည်။ ယူကရိန်းနိုင်ငံ အရှေ့မြောက်ပိုင်း ကာကိဗ်ဒေသတွင် ယမန်နေ့က လူပေါင်း ၂၀၀ ကျော် လိုက်ပါခဲ့သောရထား တိုက်ခိုက်ခံရပြီးနောက် အခြားလူ ၄ ဦးလည်း ပျောက်ဆုံးနေသည်ဟု ဇီလန်စကီးက ပြောကြားသည်။ အရပ်သား ရထားတစ်စီးအား ဒရုန်းဖြင့် တိုက်ခိုက်ခြင်းအား မည်သည့်နိုင်ငံတွင်မဆို အကြမ်းဖက်မှုအဖြစ် တူညီစွာ သဘောထားကြမည် ဖြစ်ကြောင်း ၎င်းက လူမှုကွန်ရက်ပို့စ်တွင် ရေးသားခဲ့သည်။ အရပ်သားများကို ပစ်မှတ်ထားခြင်းဖြင့် စစ်ရေးအရ

မဲခေါင်၊ ဇန်နဝါရီ ၂၈

အနည်းဆုံး‌ လူ ၄ ဦး သေဆုံးခဲ့သည်ဟု ဒေသခံအရာရှိများက ပြောကြားသည့် ခရီးသည်တင် ရထားတစ်စီးအား ရုရှားက ဒရုန်းများဖြင့် တိုက်ခိုက်ခြင်းကို အကြမ်းဖက်မှုအဖြစ် ယူကရိန်းသမ္မတ ဗိုလိုဒီမာဇီလန်စကီးက ရှုတ်ချ ပြောဆိုလိုက်သည်။

ယူကရိန်းနိုင်ငံ အရှေ့မြောက်ပိုင်း ကာကိဗ်ဒေသတွင် ယမန်နေ့က လူပေါင်း ၂၀၀ ကျော် လိုက်ပါခဲ့သောရထား တိုက်ခိုက်ခံရပြီးနောက် အခြားလူ ၄ ဦးလည်း ပျောက်ဆုံးနေသည်ဟု ဇီလန်စကီးက ပြောကြားသည်။

အရပ်သား ရထားတစ်စီးအား ဒရုန်းဖြင့် တိုက်ခိုက်ခြင်းအား မည်သည့်နိုင်ငံတွင်မဆို အကြမ်းဖက်မှုအဖြစ် တူညီစွာ သဘောထားကြမည် ဖြစ်ကြောင်း ၎င်းက လူမှုကွန်ရက်ပို့စ်တွင် ရေးသားခဲ့သည်။

အရပ်သားများကို ပစ်မှတ်ထားခြင်းဖြင့် စစ်ရေးအရ တရားမျှတမှုရှိသည်ဟု မဆိုနိုင်ကြောင်းလည်း ယူကရိန်းသမ္မတက ဆက်ပြောသည်။

ယူကရိန်းအရေးပေါ် ဝန်ဆောင်မှုများဌာနက ထုတ်ပြန်ခဲ့သော ဓာတ်ပုံများနှင့်‌ ဗီဒီယိုများတွင် ရုရှား ဒရုန်းတိုက် ခိုက်မှု ဖြစ်ပြီးနောက် ဆိုးရွားစွာ ပျက်စီးနေသော ရထားတွဲ မီးလောင်နေသည်ကို မြင်တွေ့ရသည်။

တိုက်ခိုက်ရေး ဒရုန်းတစ်စင်းက ရထားကို တိုက်ရိုက်ထိမှန်ခဲ့ပြီး အခြားနှစ်စင်းက ရထားတွဲအနီး ပေါက်ကွဲခဲ့ကြောင်း ကာကိဗ်ဒေသ အစိုးရရှေ့နေများရုံးက ပြောသည်။

ရထားသည် အနောက်ဘက်နယ်စပ် ချော့ပ်မြို့မှ ဒေသမြို့တော် ကာကိဗ်ကို ဖြတ်သန်း၍ ဘာဗီကိုဗီဒေသသို့ ပြေးဆွဲသည့် ရထားဖြစ်သည်။

သီးခြားဖြစ်ရပ်တွင် အိုဒက်ဆာဆိပ်ကမ်း‌ဒေသမှ စွမ်းအင်နှင့် အရပ်သားအခြေခံ အဆောက်အအုံများကို ပစ်မှတ်ထား၍ ရုရှားက ဒရုန်း အစင်း ၅၀ ကျော်ဖြင့် တိုက်ခိုက်ခဲ့ကြောင်း အိုဒက်ဆာမှ တာဝန်ရှိသူများက ပြောသည်။

တိုက်ခိုက်မှုကြောင့် လူ ၃ ဦးသေဆုံးခဲ့ကာ ၂၅ ဦး ဒဏ်ရာရရှိခဲ့သည်ဟု ၎င်းမြို့မှ စစ်ဘက်အကြီးအကဲ ဆာဟီလိုင်ဆက်က ဆိုသည်။

တိုက်ခိုက်မှုအတွင်း အရပ်ဘက် အဆောက်အအုံတစ်ခု အထပ်များစွာ ပြိုကျခဲ့ကာ အခြား အဆောက်အဦးများလည်း ပျက်စီးခဲ့သည်။

ယင်းသတင်းများနှင့်ပတ်သက်၍ ရုရှားက မှတ်ချက်မပေးပေ။

သို့သော် ရုရှားသည် မကြာသေးမီလများတွင် နှစ်ပေါင်းများစွာအတွင်း အကြမ်းတမ်းဆုံး‌ ဆောင်းရာသီကို ရင်ဆိုင်နေရသည့် ယူကရိန်း၏ စွမ်းအင်နှင့် သယ်ယူပို့ဆောင်ရေးလုပ်ငန်း အခြေခံအဆောက်အအုံများကို ပစ်မှတ်ထား၍ ဒုံးကျည်များ၊ ဒရုန်းများဖြင့် တိုက်ခိုက်မှုများကို တိုးမြှင့် လုပ်‌ဆောင်ခဲ့သည်။

ရုရှား၏ တိုက်ခိုက်မှုများ ဖြစ်ပေါ်ခဲ့ပြီးနောက် သန်းပေါင်းများစွာသော ယူကရိန်းနိုင်ငံသားများသည် လျှပ်စစ်မီး၊ အပူပေးစနစ်နှင့် ရေပြတ်တောက်မှုများနှင့် ရင်ဆိုင်နေကြရသည်။

အေးကျော်
Ref: BBC
#MeKongNews
#ခရီးသည်တင်ရထား
#ရုရှား
#ဒရုန်းတိုက်ခိုက်
#ဇီလန်စကီး

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now