နေ့စဥ်သတင်း

လောင်းကစားဝိုင်း ဖွင့်ထားသည့် PNO ခန့် အုပ်ချုပ်ရေးမှူး လာကစားသူများကို ပြန်ဖမ်းပြီး သိန်း ၃၀ ဖြင့် ရွေးခိုင်း

မဲခေါင် 27 Jan - 2026
မဲခေါင်၊ ဇန်နဝါရီ ၂၇ ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ စံကားမြို့ပေါ်တွင် ပအိုဝ်းပြည်သူ့စစ် – PNO ခန့်အပ်သော အုပ်ချုပ်ရေးမှူး ဦးစန်းထွန်းက ရပ်ကွက်အတွင်း လောင်းကစားဝိုင်းများဖွင့်ထားပြီး လာကစားသူများကို ကိုယ်တိုင် ပြန်ဖမ်းကာ ကျပ်သိန်း ၃၀ ဖြင့် ပြန်ရွေးခိုင်းခဲ့ကြောင့် ဒေသခံများထံမှ သိရသည်။ ယခုလတွင်ပင် ငွေညှစ်ခံရသူ ၈ ဦးရှိပြီး ငွေမပေးလျှင် ရဲလက်အပ်မည်ဟု ဦးစန်းထွန်းက အမျိုးမျိုး ခြိမ်းခြောက်နေကြောင်း ဒေသခံများက ပြောသည်။ “လောင်းကစားဝိုင်းက သူပဲဖွင၊့် သူက PNO နဲ့‌ ပေါင်းပြီး ပြန်ဖမ်းခိုင်းတာ၊ ဖမ်းပြီးရင်လည်း အမျိုးမျိုး ခြိမ်းခြောက်တယ်။ ဒီအမှုက ငါအထက်ကို တင်ပြလိုက်ရင် ထောင် ၃ နှစ်မှ

မဲခေါင်၊ ဇန်နဝါရီ ၂၇

ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ စံကားမြို့ပေါ်တွင် ပအိုဝ်းပြည်သူ့စစ် – PNO ခန့်အပ်သော အုပ်ချုပ်ရေးမှူး ဦးစန်းထွန်းက ရပ်ကွက်အတွင်း လောင်းကစားဝိုင်းများဖွင့်ထားပြီး လာကစားသူများကို ကိုယ်တိုင် ပြန်ဖမ်းကာ ကျပ်သိန်း ၃၀ ဖြင့် ပြန်ရွေးခိုင်းခဲ့ကြောင့် ဒေသခံများထံမှ သိရသည်။

ယခုလတွင်ပင် ငွေညှစ်ခံရသူ ၈ ဦးရှိပြီး ငွေမပေးလျှင် ရဲလက်အပ်မည်ဟု ဦးစန်းထွန်းက အမျိုးမျိုး ခြိမ်းခြောက်နေကြောင်း ဒေသခံများက ပြောသည်။

“လောင်းကစားဝိုင်းက သူပဲဖွင၊့် သူက PNO နဲ့‌ ပေါင်းပြီး ပြန်ဖမ်းခိုင်းတာ၊ ဖမ်းပြီးရင်လည်း အမျိုးမျိုး ခြိမ်းခြောက်တယ်။ ဒီအမှုက ငါအထက်ကို တင်ပြလိုက်ရင် ထောင် ၃ နှစ်မှ ၅ နှစ်ကျမယ်ဆိုပြီး ပြောတယ်။ ငွေပေးမယ်ဆိုရင် ဒီမှာပဲပြီးမယ်ဆိုပြီး တစ်ဦးကို ငွေသိန်း ၃၀ ထိ ဒဏ်ရိုက် ငွေညှစ်တယ်” ဟု ဒေသခံတစ်ဦးက မဲခေါင်သို့ ပြောသည်။

ယင်းကိစ္စနှင့် ပတ်သက်၍ အပြင်သို့ ပေါက်ကြားပြီး လိုင်းပေါ်တင်ပါက ယခု ဒဏ်ငွေထက် ၁၀ ဆ ထပ်တောင်းမည်ဟုလည်း ဦးစန်းထွန်းက အဖမ်းခံရသူများကို ခြိမ်းခြောက်ထားကြောင်း ၎င်းက ဆက်ပြောသည်။

၎င်းသည် စစ်ကောင်စီတပ်၊ PNO တို့နှင့် ပေါင်းပြီး စံကားဒေသရှိ ဒေသခံများကို ဖမ်းဆီးငွေညှစ်ခြင်း၊ လောင်းကစားဝိုင်းများ ဖွင့်လှစ်ခြင်းနှင့် ဒေသခံများကို အနိုင်ကျင့်ခြင်းများ ပြုလုပ်လျက်ရှိကြောင်း ဒေသခံများက ဆိုသည်။

စံကားဒေသသည် ပင်လောင်း – ဖယ်ခုံ – ညောင်ရွှေ အစပ်တွင်ရှိပြီး စစ်ကောင်စီတပ်၊ PNO တပ်နှင့် တော်လှန်ရေးတပ်တို့အကြား တိုက်ပွဲ မကြာခဏ ဖြစ်ပွားသော ဒေသလည်း ဖြစ်သည်။

#MeKongNews
#လောင်းကစားဝိုင်း
#PNO
#အုပ်ချုပ်ရေးမှူး
#အုပ်ချုပ်ရေးမှူး
#ပြန်ဖမ်း

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now