ကမ္ဘာ့သတင်း

ဆေးရုံတွင် အလောင်းများ ထပ်နေပြီး ခေါင်မိုးများပေါ်မှ စနိုက်ပါများကို အီရန် ဗီဒီယိုအသစ်များတွင် မြင်တွေ့ရ

မဲခေါင် 27 Jan - 2026
မဲခေါင်၊ ဇန်နဝါရီ ၂၇ ယခုလအစောပိုင်း ဆန္ဒပြပွဲများတွင် ယခင်က မကြုံဖူးသော နှိမ်နင်းမှုများ ရှိခဲ့ပြီးနောက် ဆေးရုံတစ်ခုတွင် အလောင်းများထပ်နေပြီး အဆောက်အဦးများပေါ်တွင် စနိုက်ပါများကို ချထားကာ စီစီတီဗီကင်မရာများအား ဆန္ဒပြ သူများက ဖျက်ဆီးနေပုံများ အီရန်မှ ထပ်မံထွက်လာပြီးနောက် တိုက်ဆိုင်စိစစ်ထားသော ဗီဒီယိုများတွင် မြင်တွေ့ရသည်။ အီရန်မှ ယခုနောက်ဆုံးပေါ်ထွက်လာသော ဗီဒီယိုများကို ဆန္ဒပြပွဲများ အရှိန်ရနေခဲ့သော ဇန်နဝါရီ ၈ ရက်နှင့် ၉ ရက်က ရိုက်ကူးခဲ့ထားသည်ဟု နားလည်ရသည်။ ထိုရက်များမှာ ဆန္ဒပြသူ အများဆုံး သေဆုံးခဲ့သော နေ့များဖြစ်သည်ဟု ယူဆရပြီး အီရန် လုံခြုံရေးတပ်ဖွဲ့များက ဆန္ဒပြသူများအား အကြမ်းဖက် နှိမ်နင်းခဲ့သည်ကို ဗီဒီယိုများတွင် မြင်တွေ့ရသည်။ တီဟီရန်မြို့အရှေ့ပိုင်းမှ တီဟီရန်ပါးစ်

မဲခေါင်၊ ဇန်နဝါရီ ၂၇

ယခုလအစောပိုင်း ဆန္ဒပြပွဲများတွင် ယခင်က မကြုံဖူးသော နှိမ်နင်းမှုများ ရှိခဲ့ပြီးနောက် ဆေးရုံတစ်ခုတွင် အလောင်းများထပ်နေပြီး အဆောက်အဦးများပေါ်တွင် စနိုက်ပါများကို ချထားကာ စီစီတီဗီကင်မရာများအား ဆန္ဒပြ သူများက ဖျက်ဆီးနေပုံများ အီရန်မှ ထပ်မံထွက်လာပြီးနောက် တိုက်ဆိုင်စိစစ်ထားသော ဗီဒီယိုများတွင် မြင်တွေ့ရသည်။

အီရန်မှ ယခုနောက်ဆုံးပေါ်ထွက်လာသော ဗီဒီယိုများကို ဆန္ဒပြပွဲများ အရှိန်ရနေခဲ့သော ဇန်နဝါရီ ၈ ရက်နှင့် ၉ ရက်က ရိုက်ကူးခဲ့ထားသည်ဟု နားလည်ရသည်။

ထိုရက်များမှာ ဆန္ဒပြသူ အများဆုံး သေဆုံးခဲ့သော နေ့များဖြစ်သည်ဟု ယူဆရပြီး အီရန် လုံခြုံရေးတပ်ဖွဲ့များက ဆန္ဒပြသူများအား အကြမ်းဖက် နှိမ်နင်းခဲ့သည်ကို ဗီဒီယိုများတွင် မြင်တွေ့ရသည်။

တီဟီရန်မြို့အရှေ့ပိုင်းမှ တီဟီရန်ပါးစ် ဆေးရုံတွင် အလောင်းများ ထပ်နေသည်ကို ဗီဒီယိုရိုက်ချက် အများအပြားတွင် မြင်တွေ့ရပြီး ရေတွက်ခဲ့ရာ၌ အနည်းဆုံး ရုပ်အလောင်း ၃၁ လောင်းရှိသည်ဟု ၎င်းဗီဒီယိုများကို တိုက်ဆိုင်စစ်ဆေးခဲ့သည့် BBC Verify က ‌ဖော်ပြသည်။

ဆေးရုံဝင်ပေါက် ပြင်ပတွင် ရုပ်အလောင်း ၇ ခုကို အိတ်များဖြင့် ထည့်ထားသည်ကို အခြားဗီဒီယိုတစ်ခုတွင် မြင်တွေ့ရသည်။

တီဟီရန်အနောက်ပိုင်း အဝေးပြေးလမ်းမတစ်ခုပေါ် ရာနှင့်ချီသော လူများဆန္ဒပြနေကြစဉ် သေနတ်သံများ ပေါ် ထွက်လာကာ လူသံများ အော်ဟစ် ဆူညံသွားသည်ကိုလည်း တွေ့ရသည်။

အရှေ့တောင်ပိုင်း ကာမန်းမြို့တွင် အဆောက်အဦးတစ်ခုပေါ်မှ ရိုက်ကူးထားသော ဗီဒီယိုတစ်ခု၌ စစ်ယူနီဖောင်း ဝတ်ထားသူ အများအပြားက သေနတ်များ ဆက်တိုက်ပစ်ခတ်ကာ လမ်းတစ်ခုပေါ် လျှောက်သွားနေသည်ကို မြင်တွေ့ရပြီး ၎င်းတို့ ဦးတည် ပစ်ခတ်နေသူများကိုမူ မမြင်ရပေ။

အရှေ့မြောက်ပိုင်း မာရှက်မြို့တွင် အနက်ရောင်ဝတ်စုံဖြင့် စနိုက်ပါနှစ်ဦးက အဆောက်အဦးတစ်ခု ခေါင်မိုးပေါ်၌ နေ့ခင်းကြောင်တောင်မှာပင် ရှိနေပြီး တစ်ဦးက မှောက်လျက် ဆေးလိပ်သောက်နေပြီး တစ်ဦးက ရိုင်ဖယ်ကို ထောင်ထားကာ ဖုန်းပြောနေသည်ကို တွေ့ရသည်။

ဒီဇင်ဘာနှောင်းပိုင်းတွင် အီရန် မငြိမ်မသက်မှုများ စတင်ခဲ့ပြီးနောက်ပိုင်း ဆန္ဒပြသူ ၅၆၃၃ ဦး အပါအဝင် လူပေါင်း ၆၀၀၀ နီးပါး သေဆုံးခဲ့ကြောင်း အမေရိကန်အခြေစိုက် လူ့အခွင့်အရေး တက်ကြွသူများသတင်းဌာန – HRANA က ပြောသည်။

လူပေါင်း ၁၇၀၀၀ သေဆုံးခဲ့သည်ဆိုသော သတင်းများကိုလည်း ထပ်မံ စုံစမ်းစစ်ဆေးနေသည်ဟု ၎င်းအဖွဲ့က ဆက်ပြောသည်။

လူပေါင်း ၃၁၀၀ ကျော် သေဆုံးခဲ့သည်ဟု အီရန်အာဏာပိုင်များက ပြီးခဲ့သည့် သီတင်းပတ်အတွင်း ပြောကြားပြီး သေဆုံးသူအများစုမှာ လုံခြုံရေးတပ်ဖွဲ့များနှင့် အဓိကရုဏ်း ဖန်တီးသူများ တိုက်ခိုက်ခဲ့သည့် ရပ်ကြည့်နေသူများ ဖြစ်သည်ဟုလည်း ဆိုသည်။

အေးကျော်
Ref:BBC
#MeKongNews
#ဆေးရုံ
#အလောင်း
#စနိုက်ပါ
#အီရန်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now