မဲခေါင်၊ ဇန်နဝါရီ ၂၂
ယနေ့ ဇန်နဝါရီ ၂၂ ရက်တွင် တရုတ်နိုင်ငံသားများအတွက် စာရွက်စာတမ်းအမှား၊ အတုများဖြင့် ထိုင်းနိုင်ငံသား ဖြစ်ရေး လုပ်ဆောင်ပေးနေသည့် အဖွဲ့အား ထိုင်းဗဟိုစုံစမ်းစစ်ဆေးရေးဗျူရိုမှ လက်ထောက်ရဲမင်းကြီး ရဲမှူးကြီး ဂျိုင်ကီယတ်ပန်ကေးရို ဦးဆောင်ပြီး အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေးဌာန အကြီးအကဲများနှင့်အတူ ချင်ဒါအို ခရိုင်တွင် ယနေ့ ဝင်ရောက်ဖမ်းဆီးခဲ့ရာ ချင်းမိုင် ဒုခရိုင်မှူး ၂ ဦးနှင့် မြူနီစပယ်ဌာနမှ အမျိုးသမီး ၄ ဦးတို့ကို ထိန်းသိမ်းခဲ့သည်။
ချင်းမိုင် ဒုခရိုင်မှူး ၂ ဦးမှာ သီရာယာဝပ်ဆက်ဆရီနှင့် ဝီဆတ်ဖွန်နော့ခ်ဆိုသူတို့ဖြစ်ပြီး ဇန်နဝါရီ ၂၀ ရက် တွင် ဖမ်းဝရမ်းထုတ်ကာ ဖမ်းဆီးခဲ့ခြင်းဖြစ်သည်ဟု ထုတ်ပြန်ခဲ့သည်။
ယင်းဖမ်းဆီးမှုမှာ ယမန်နှစ်က နိုဝင်ဘာလအတွင်း ဝမ်ဟမ်းခရိုင်မှူးကို နိုင်ငံခြားသားများအား ထိုင်းနိုင်ငံသားကတ်များ အတုအပ ပြုလုပ်ပေးမှုကြောင့် ဖမ်းဆီးခဲ့ရာမှ စတင်သော အမှုကွင်းဆက် ဖြစ်ကြောင်းနှင့် နောက်ထပ် အာဏာအလွဲသုံးစားလုပ်ပြီး အကျင့်ပျက်ခြစားသော အစိုးရ အကြီးအကဲများကိုလည်း ဆက်လက် ဖော်ထုတ် အရေးယူသွားဦးမည်ဟု ရဲမှူးကြီး ဂျိုင်ကီယတ်ပန်ကေးရိုက ထုတ်ပြန်ခဲ့သည်။
ကိုကလင်း
Ref: bangkokpost
#MeKongNews
#ချင်းမိုင်
#ဒုခရိုင်မှူး
#ထိုင်းနိုင်ငံသား
#အတုပြုလုပ်
#ဖမ်းဆီး








