နေ့စဥ်သတင်း

နေတိုးအဖွဲ့ထဲမှ အမေရိကန် အရာရှိ ထက်ဝက်ခန့် လျှော့ချမည်

မဲခေါင် 21 Jan - 2026
မဲခေါင်၊ ဇန်နဝါရီ ၂၁ နေတိုးအဖွဲ့၏ အရေးပါသော ကွပ်ကဲရေးစင်တာများတွင် ခန်အပ်ထားသော အမေရိကန် အရာရှိဦးရေ ၂၀၀ ခန့် လျှော့ချရန် အမေရိကန်က စီစဉ်နေကြောင်းနှင့် ယင်းလုပ်ရပ်သည် မဟာမိတ်အဖွဲ့အပေါ် အမေရိကန်၏ ကတိကဝတ်နှင့် ပတ်သက်၍ စိုးရိမ်မှုများကို မြင့်တက်လာစေခဲ့သည်ဟု အခြေအနေနှင့် နီးစပ်သည့် သတင်းရင်းမြစ် ၃ ဦးက ရိုက်တာသတင်းဌာနကို ပြောကြားသည်။ အမေရိကန်၏ မူဝါဒသစ်ကြောင့် ထိခိုက်မည့် နေတိုး အဖွဲ့အစည်းများတွင် အမေရိကန်အရာရှိ ၄၀၀ ခန့် ကို ခန့်အပ်ထားသည်ဟု သတင်းရင်းမြစ်တစ်ဦးက ပြောကြားခဲ့သဖြင့် အမေရိကန် လျှော့ချမည့် ဦးရေမှာ စုစုပေါင်း၏ ထက်ဝက်ခန့်ဖြစ်ကြောင်း သိရသည်။ လက်ရှိ တာဝန်ထမ်းဆောင် နေသူများအား ပြန်လည်

မဲခေါင်၊ ဇန်နဝါရီ ၂၁

နေတိုးအဖွဲ့၏ အရေးပါသော ကွပ်ကဲရေးစင်တာများတွင် ခန်အပ်ထားသော အမေရိကန် အရာရှိဦးရေ ၂၀၀ ခန့် လျှော့ချရန် အမေရိကန်က စီစဉ်နေကြောင်းနှင့် ယင်းလုပ်ရပ်သည် မဟာမိတ်အဖွဲ့အပေါ် အမေရိကန်၏ ကတိကဝတ်နှင့် ပတ်သက်၍ စိုးရိမ်မှုများကို မြင့်တက်လာစေခဲ့သည်ဟု အခြေအနေနှင့် နီးစပ်သည့် သတင်းရင်းမြစ် ၃ ဦးက ရိုက်တာသတင်းဌာနကို ပြောကြားသည်။

အမေရိကန်၏ မူဝါဒသစ်ကြောင့် ထိခိုက်မည့် နေတိုး အဖွဲ့အစည်းများတွင် အမေရိကန်အရာရှိ ၄၀၀ ခန့် ကို ခန့်အပ်ထားသည်ဟု သတင်းရင်းမြစ်တစ်ဦးက ပြောကြားခဲ့သဖြင့် အမေရိကန် လျှော့ချမည့် ဦးရေမှာ စုစုပေါင်း၏ ထက်ဝက်ခန့်ဖြစ်ကြောင်း သိရသည်။

လက်ရှိ တာဝန်ထမ်းဆောင် နေသူများအား ပြန်လည် ခေါ်ယူခြင်းထက် အရာရှိများ ရာထူးတက်သွားချိန်၌ အစားထိုးခန့်အပ်ရန် ငြင်းဆန်ခြင်းဖြင့် အမေရိကန်က နေတိုး အဖွဲ့အစည်းများမှ လူများကို လျှော့ချခြင်းဖြစ်ကြောင်း သတင်းရင်းမြစ်များက ပြောသည်။

စစ်ရေးနှင့် ထောက်လှမ်းရေး လုပ်ငန်းများကို စီစဉ် ကြီးကြပ်သော နေတိုး အဖွဲ့အစည်းများတွင် ခန့်အပ်ထားသော အမေရိကန် အရာရှိများအား အစားထိုးမပေးတော့မည့် အကြောင်းကို ထရမ့်အစိုးရက ဥရောပ အစိုးရအချို့အား ဆက်သွယ် ပြောကြားထားသည်ဟု သံတမန်အတွင်းရေး ကိစ္စများဖြစ်၍ အမည်မဖော်လိုသော သတင်းရင်းမြစ် များက ပြောကြားသည်။

နေတိုးမဟာမိတ်အဖွဲ့၏ ၇၇ နှစ် သက်တမ်းတွင် သံတမန်ရေးအရ အတင်းမာဆုံး အခိုက်အတန့်များ ကြုံနေရချိန်တွင် အမေရိကန်ဘက်မှ လူလျှော့ခြင်းများ လုပ်ဆောင်လာခြင်း ဖြစ်သည်။

အမေရိကန်၏ လုပ်ရပ်ကြောင့် ထိခိုက်မည့် နေတိုး အဖွဲ့အစည်းများတွင် ဗြိတိန်အခြေစိုက် နေတိုး‌ ထောက်လှမ်းရေးစင်တာ၊ ဘရပ်ဆဲလ်မြို့မှ မဟာမိတ် အထူးစစ်ဆင်ရေးတပ်ဖွဲ့များ ကွပ်ကဲရေးဌာန၊ ပေါ်တူဂီ အခြေစိုက်ပြီး ရေကြောင်း စစ်ဆင်ရေးများ ကြီးကြပ်သည့် STRIKFORNATO နှင့်အတူ အခြားအဖွဲ့များလည်း ပါဝင်ကြောင်း သိရသည်။

နေတိုးအဖွဲ့အစည်းများတွင် ခန့်အပ်ထားသော ဝန်ထမ်းဦးရေကို လျှော့ချရန် အမေရိကန်အစိုးရက မည်သည့် အကြောင်းကြောင့် ဆုံးဖြတ်လိုက်သည်ကို သတင်းရင်းမြစ်များက မပြောသော်လည်း ယင်းလုပ်ရပ်မှာ ကမ္ဘာ့အနောက်ခြမ်းသို့ အရင်းအမြစ်များ ပိုမိုပြောင်းရွှေ့‌ရေး ထရမ့်အစိုးရ၏ ရည်ရွယ်ချက်နှင့် ကိုက်ညီသည်ဟု သတင်းက ဆိုသည်။

ယင်းသတင်းကို ဝါရှင်တန်ပို့စ်သတင်းစာက ဦးစွာဖော်ပြခဲ့သည်။

အေးကျော်
Ref:Reuters
#MeKongNews
#နေတိုးအဖွဲ့
#အမေရိကန်
#အရာရှိ
#လျှော့ချ

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now