နိုင်ငံတကာသတင်း

ကုလကို အားပြိုင်မည့် ထရမ့်၏ ငြိမ်းချမ်းရေးဘုတ်အဖွဲ့တွင် ပါဝင်ရန် ထိုင်းကို ဖိတ်ခေါ်

မဲခေါင် 19 Jan - 2026
မဲခေါင်၊ ဇန်နဝါရီ ၁၉ ဒေါ်နယ်ထရမ့်၏ ဂါဇာပဋိပက္ခ အဆုံးသတ်ရေး ကျယ်ပြန့်သော အစီအစဉ်နှင့် ငြိမ်းချမ်းရေးဘုတ်အဖွဲ့ ထူထောင်ပြီး အမေရိကန်က ဦးဆောင်မှုတွင် ပါဝင်ရန် အမေရိကန်သမ္မတ ‌ဒေါ်နယ်ထရမ့်ထံမှ ဖိတ်ကြားမှုကို လက်ခံ ရရှိထားကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန – MFA က ပြောကြားပြီး ထိုင်းနိုင်ငံက အသေးစိတ်ကို လေ့လာနေသည်ဟု ဆိုသည်။ အရှေ့အလယ်ပိုင်းတွင် တည်မြဲသော ငြိမ်းချမ်း‌ရေးကို အထောက်အကူပြုမည့် အစီအစဉ်များနှင့် ပါလက်စတိုင်း ပြည်သူများ၏ ဒုက္ခခံစားရမှုများကို အဆုံးသတ်စေမည့် လူသားချင်း စာနာထောက်ထားရေး ကြိုးပမ်းမှုများကို ထိုင်းနိုင်ငံက ကြိုဆိုသည်ဟု MFA က ပြောသည်။ ၎င်းအစီအစဉ်က ပါလက်စတိုင်း ပြည်သူများ၏ဆန္ဒကို ထင်ဟပ်ပြီး ဒေသတွင်း နိုင်ငံများ၏

မဲခေါင်၊ ဇန်နဝါရီ ၁၉

ဒေါ်နယ်ထရမ့်၏ ဂါဇာပဋိပက္ခ အဆုံးသတ်ရေး ကျယ်ပြန့်သော အစီအစဉ်နှင့် ငြိမ်းချမ်းရေးဘုတ်အဖွဲ့ ထူထောင်ပြီး အမေရိကန်က ဦးဆောင်မှုတွင် ပါဝင်ရန် အမေရိကန်သမ္မတ ‌ဒေါ်နယ်ထရမ့်ထံမှ ဖိတ်ကြားမှုကို လက်ခံ ရရှိထားကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန – MFA က ပြောကြားပြီး ထိုင်းနိုင်ငံက အသေးစိတ်ကို လေ့လာနေသည်ဟု ဆိုသည်။

အရှေ့အလယ်ပိုင်းတွင် တည်မြဲသော ငြိမ်းချမ်း‌ရေးကို အထောက်အကူပြုမည့် အစီအစဉ်များနှင့် ပါလက်စတိုင်း ပြည်သူများ၏ ဒုက္ခခံစားရမှုများကို အဆုံးသတ်စေမည့် လူသားချင်း စာနာထောက်ထားရေး ကြိုးပမ်းမှုများကို ထိုင်းနိုင်ငံက ကြိုဆိုသည်ဟု MFA က ပြောသည်။

၎င်းအစီအစဉ်က ပါလက်စတိုင်း ပြည်သူများ၏ဆန္ဒကို ထင်ဟပ်ပြီး ဒေသတွင်း နိုင်ငံများ၏ ထောက်ခံမှု ရမည်ဟုလည်း မျှော်လင့်ကြောင်း MFA က ဆိုသည်။

ငြိမ်းချမ်းရေးဘုတ်အဖွဲ့သည် ထရမ့်၏ ဂါဇာအစီအစဉ်အရ အချက် ၂၀ ပါသော လမ်းပြမြေပုံ၏ တစ်စိတ်တပိုင်း ဖြစ်ကာ ထရမ့် မူဘောင်အရ ဖွဲ့စည်းထားသော အခြား အဖွဲ့အစည်းများ နှင့်အတူ ဂါဇာ၏ ပဋိပက္ခမှ ပြန်လည်တည် ဆောက်ရေး အသွင်ကူးပြောင်းမှုအတွက် မဟာဗျူဟာမြောက် ကြီးကြပ်မှုပေးပြီး အရင်းအမြစ်များကိုလည်း အသုံးချနိုင်မည် ဖြစ်သည်။

လက်ရှိကုလသမဂ္ဂ၏ လုပ်ငန်းစဉ်များကို ဘေးရောက်သွားစေနိုင်သော စိုးရိမ်မှုများနှင့်အတူ အဆိုပြုထားသော ဘုတ်အဖွဲ့ကို အစိုးရအဖွဲ့များက သတိထား၍ တုံ့ပြန်နေကြသည်ဟု ရိုက်တာသတင်းက ဖော်ပြသည်။

ဘုတ်အဖွဲ့တွင် အမြဲတမ်းအဖွဲ့ဝင် အဖြစ်ပါဝင်ရန် အမေရိကန်ဒေါ်လာ တစ်ဘီလီယံ ထည့်ဝင်ရမည်ဟုလည်း မူကြမ်းစည်းမျဉ်းတွင် ဖော်ပြထားကြောင်း ရိုက်တာက ဆိုသည်။

ကုလသမဂ္ဂ လုံခြုံရေးကောင်စီကမူ ပို၍ကျယ်ပြန့်သော လုပ်ပိုင်ခွင့်များ မပေးဘဲ ဂါဇာကို အဓိကထားသည့် တာဝန် အပ်နှင်းမှုကိုသာ ဘုတ်အဖွဲ့အတွက် ခွင့်ပြုထားကြောင်း သိရသည်။

နိုင်ငံတကာဥပဒေနှင့် သက်ဆိုင်ရာ ကုလဆုံးဖြတ်ချက်များ အပေါ် အခြေခံ၍ အစ္စ‌ရေးနှင့် ပါလက်စတိုင်းနိုင်ငံ ငြိမ်းချမ်းလုံခြုံစွာ အတူယှဉ်တွဲနေထိုင်ရေးနှင့် ၂ နိုင်ငံ အဖြေရှာရေးမူ အောင်မြင်ရေး သက်ဆိုင်သူ အားလုံး၏ ကြိုးပမ်းအား ထုတ်မှုများကို ထောက်ခံကြောင်း ထိုင်းနိုင်ငံက ထပ်မံ အတည်ပြုလိုက်သည်ဟု MFA ထုတ်ပြန်ချက်က ဆက်လက် ဖော်ပြသည်။

အေးကျော်
Ref:The Nation
#ထရမ့်
#ငြိမ်းချမ်းရေးဘုတ်အဖွဲ့
#ထိုင်း
#ဖိတ်ခေါ်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now