နေ့စဥ်သတင်း

မူဆယ် နန်းတော်ဂိတ်တွင် လဝကခရိုင်မှူးဦးထွန်း​ဇော်ဦးအမိန့်ဖြင့် စာအုပ်အနီပြုလုပ်ခ ကျပ် ၆သောင်းတောင်းသဖြင့် ဒေသခံများ အခက်ကြုံ

မဲခေါင် 19 Jan - 2026
မဲခေါင်၊ ဇန်နဝါရီ ၁၉ တရားဝင် ကျပ် ၅၀၀ သာ သတ်မှတ်ထား​သည့် နယ်စပ်ဖြတ်သန်းခွင့် စာအုပ်အနီ(BP)ကို မူဆယ်မြို့ နန်း​တော် မြန်မာ-တရုတ်နှစ်နိုင်ငံဝင်ထွက်​ပေါက်ရှိ ခရိုင်လဝကရုံးဝန်ထမ်းများက ယွမ် ၁၀၀ (ကျပ် ၆သောင်းခန့်) ​တောင်းသဖြင့် ​ဒေသခံများ အခက်​တွေ့​နေရ​ကြောင်း သိရသည်။ ယင်းသို့ ယွမ် ၁၀၀ တောင်းခံသည်မှာ မူဆယ်ခရိုင် လဝကမှူး ဦးထွန်းဇော်ဦး ပြောင်းရွှေ့လာပြီးမှ တိုးမြှင့်တောင်းခံလာခြင်းဖြစ်ပြီး ယခင်က ကျပ်တစ်သောင်းသာ ကောက်ခံကြောင်း ဒေသခံများက ပြောသည်။ “တခါ​တလေ ပစ္စည်းဝယ်စရာရှိမှ ကြယ်​ကောင်-ရွှေလီကို ဝင်ကြတာ။ စာအုပ်အနီ ကျပ် ၅သောင်း တောင်းတယ်။ မ​ပေးရင် စာအုပ်ထုတ်မ​ပေးလို့ ​ပေးလိုက်ရတယ်။ ပြည်နယ်ရုံးထိ တိုင်ဖူးတယ်။ ဘယ်သူမှ

မဲခေါင်၊ ဇန်နဝါရီ ၁၉

တရားဝင် ကျပ် ၅၀၀ သာ သတ်မှတ်ထား​သည့် နယ်စပ်ဖြတ်သန်းခွင့် စာအုပ်အနီ(BP)ကို မူဆယ်မြို့ နန်း​တော် မြန်မာ-တရုတ်နှစ်နိုင်ငံဝင်ထွက်​ပေါက်ရှိ ခရိုင်လဝကရုံးဝန်ထမ်းများက ယွမ် ၁၀၀ (ကျပ် ၆သောင်းခန့်) ​တောင်းသဖြင့် ​ဒေသခံများ အခက်​တွေ့​နေရ​ကြောင်း သိရသည်။

ယင်းသို့ ယွမ် ၁၀၀ တောင်းခံသည်မှာ မူဆယ်ခရိုင် လဝကမှူး ဦးထွန်းဇော်ဦး ပြောင်းရွှေ့လာပြီးမှ တိုးမြှင့်တောင်းခံလာခြင်းဖြစ်ပြီး ယခင်က ကျပ်တစ်သောင်းသာ ကောက်ခံကြောင်း ဒေသခံများက ပြောသည်။

“တခါ​တလေ ပစ္စည်းဝယ်စရာရှိမှ ကြယ်​ကောင်-ရွှေလီကို ဝင်ကြတာ။ စာအုပ်အနီ ကျပ် ၅သောင်း တောင်းတယ်။ မ​ပေးရင် စာအုပ်ထုတ်မ​ပေးလို့ ​ပေးလိုက်ရတယ်။ ပြည်နယ်ရုံးထိ တိုင်ဖူးတယ်။ ဘယ်သူမှ အ​ရေးမယူဘူး။ အရင်ဦး​ကျော်​ကျော်နိုင်တုန်းက ကျပ်တစ်သောင်း​တောင်းတယ်၊ မ​ပေးနိုင်လို့ တစ်ထောင်ပေးလိုက်လည်း ဘာမှ မ​ပြောဘူး” ဟု ​ကောင်းမှုတုန်ရပ်ကွက်နေ ပြည်သူတစ်ဦးက ပြောသည်။

​နေ့စဥ် စာအုပ်အနီ လုပ်သူ ၁၀၀ နှင့် ၁၅၀ ကြားရှိပြီး ခရိုင်လဝကရုံးမှ ယင်းအပေါ် ငွေကြေးပိုမို ကောက်ခံနေခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။

တရုတ်-မြန်မာနယ်စပ် မူဆယ်တွင် နယ်စပ်ဖြတ်ကျော်သွားလာခွင့် တစ်နှစ်သက်တမ်းရှိသည် BP စာအုပ်အနီကို မူဆယ်ခရိုင်ဖြစ်သည့် မူဆယ်နှင့် နမ့်ခမ်းမြို့နယ် အိမ်ထောင်စုရှိသူများကိုသာ ပြုလုပ်ခွင့်ပေးထားပြီး အခြားမြို့နယ်မှ လာသူများကိုမူ ယာယီနယ်စပ်ဖြတ်သန်းခွင့် လက်မှတ် (TBP)သာ ပြုလုပ်ခွင့်ရှိသည်ဟု သတ်မှတ်ထားသည်။

မူဆယ်ခရိုင်အတွင်းရှိ ပြည်သူများအပါအဝင် ဒေသအသီးသီးမှ ပြည်သူများသည် တရုတ်နယ်စပ်တွင် စာအုပ်အနီနှင့် တစ်ပတ်ခံယာယီဖြတ်သန်းခွင့်ကဒ်တို့ဖြင့် သွားရောက်အလုပ်လုပ်ကိုင်ခြင်း၊ ကုန်စည်ကူးသန်းရောင်းဝယ်ခြင်းများ ပြုလုပ်ကာ အသက်မွေးနေကြခြင်းဖြစ်သည်။
မှတ်ချက် – ပုံဟောင်း အသုံးပြုထားသည်။

#MeKongNews
#မူဆယ်
#လဝက
#စာအုပ်အနီ
#အိမ်ထောင်စုစာရင်း

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now