ကမ္ဘာ့သတင်း

မြောက်အတ္တလန်တစ် ခြိမ်းခြောက်မှုကို တန်ပြန်ရေး မောင်းသူမဲ့ ရဟတ်ယာဉ် ဗြိတိန် ပွဲထုတ်

မဲခေါင် 18 Jan - 2026
မဲခေါင်၊ ဇန်နဝါရီ ၁၈ ဆိုက်ပြည့်ကိုက်ပြည့် ပထမဆုံး မောင်းသူမဲ့ ရဟတ်ယာဉ်ကို ဗြိတိန် တော်ဝင်ရေတပ်က သောကြာနေ့တွင် ပွဲထုတ်ခဲ့ပြီး မြောက်အတ္တလန်တစ် တင်းမာမှုများ ဖြစ်ပေါ်နေချိန်တွင် ရေငုပ်သင်္ဘောများကို ခြေရာခံနိုင်ပြီး စွန့်စားမှု ကြီးမားသော မစ်ရှင်များ လုပ်နိုင်ရန် ပုံဖော်ထားသော ရဟတ်ယာဉ် စမ်းသပ် ပျံသန်းမှုလည်း ပြီးစီးသွားပြီဟု ပြောသည်။ Proteus ဟု နာမည်ပေးထားသော မောင်းသူမဲ့ ရဟတ်ယာဉ်သည် စမ်းသပ်ခရီးစဉ်တိုကို အောင်မြင်ခဲ့ကြောင်း ဗြိတိန်ရေတပ်က ပြောသည်။ ပေါင်သန်း ၆၀ အောက်သာ ကုန်ကျသည့် အစီအစဉ်တစ်ရပ်ဖြင့် ထုတ်လုပ်ထားသော ၎င်းရဟတ်ယာဉ်သည် မြောက်အတ္တလန်တစ်မှ ပေါ်ထွက်လာနေသော ခြိမ်းခြောက်မှုများမှ ဗြိတိန်နှင့် နေတိုးမဟာမိတ်များအား ကာကွယ်ရန် အလွန် အရေးပါလိမ့်မည်ဟုလည်း

မဲခေါင်၊ ဇန်နဝါရီ ၁၈

ဆိုက်ပြည့်ကိုက်ပြည့် ပထမဆုံး မောင်းသူမဲ့ ရဟတ်ယာဉ်ကို ဗြိတိန် တော်ဝင်ရေတပ်က သောကြာနေ့တွင် ပွဲထုတ်ခဲ့ပြီး မြောက်အတ္တလန်တစ် တင်းမာမှုများ ဖြစ်ပေါ်နေချိန်တွင် ရေငုပ်သင်္ဘောများကို ခြေရာခံနိုင်ပြီး စွန့်စားမှု ကြီးမားသော မစ်ရှင်များ လုပ်နိုင်ရန် ပုံဖော်ထားသော ရဟတ်ယာဉ် စမ်းသပ် ပျံသန်းမှုလည်း ပြီးစီးသွားပြီဟု ပြောသည်။

Proteus ဟု နာမည်ပေးထားသော မောင်းသူမဲ့ ရဟတ်ယာဉ်သည် စမ်းသပ်ခရီးစဉ်တိုကို အောင်မြင်ခဲ့ကြောင်း ဗြိတိန်ရေတပ်က ပြောသည်။

ပေါင်သန်း ၆၀ အောက်သာ ကုန်ကျသည့် အစီအစဉ်တစ်ရပ်ဖြင့် ထုတ်လုပ်ထားသော ၎င်းရဟတ်ယာဉ်သည် မြောက်အတ္တလန်တစ်မှ ပေါ်ထွက်လာနေသော ခြိမ်းခြောက်မှုများမှ ဗြိတိန်နှင့် နေတိုးမဟာမိတ်များအား ကာကွယ်ရန် အလွန် အရေးပါလိမ့်မည်ဟုလည်း ဆိုသည်။

လေကြောင်းနှင့် အာကာသလုပ်ငန်း Leonardo အုပ်စုက ဒီဇိုင်းဆွဲ တည်ဆောက်ထားသော Proteus သည် ၎င်းတို့၏ ပတ်ဝန်းကျင်ကို လေ့လာ အကဲခတ်ပြီး ဆုံးဖြတ်ချက်များ ချနိုင်သော ဆော့ဖ်ဝဲများ အားဖြည့်ထားသည့် ဆင်ဆာများ၊ ကွန်ပျူတာစနစ်များ အပေါ် အားထားကြောင်း ရေတပ်က ပြောသည်။

ရေငုပ်သင်္ဘော တိုက်ဖျက်မှု စစ်ဆင်ရေး၊ ပင်လယ်ပြင် ကင်းလှည့်ရေးနှင့် ရေအောက်မှ ရေယာဉ်များအား ခြေရာခံနိုင်ရန် ရဟတ်ယာဉ်အား ဒီဇိုင်းထုတ်ထားသည်ဟု ရေတပ်က ပြောသည်။

သေးငယ်သော ထောက်လှမ်း‌ရေး ရဟတ်ယာဉ်တစ်စီး အပါအဝင် ဒရုန်းအများအပြားကို ဗြိတိန်ရေတပ်က အသုံးပြုနေပြီ ဖြစ်သော်လည်း Proteus က ပို၍ကြီးမားကာ နည်းပညာစွမ်းရည် ပိုမိုမြင့်မားသည်။

၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီတွင် ရုရှားက ယူကရိန်းကို အလုံးစုံ ကျူးကျော်ခဲ့ပြီး နောက်ပိုင်း အစိုးရများက ကာကွယ်ရေး အသုံးစရိတ်တိုးမြှင့်ပြီး စစ်အင်အား တိုးမြှင့်ရေး လုပ်ဆောင်လာကြရာ ဥရောပ၏ ကာကွယ်ရေးကဏ္ဍလည်း ပြန်လည် ပုံစံချနေရသည်။

ဂရင်းလန်းအား ရယူရန် အမေရိကန်၏ စိတ်ဝင်စားမှုမှာ ဂရင်းလန်း၊ အိုက်စလန်နှင့် ဗြိတိန်ကြား ရေပြင်များ အပါအဝင် ရုရှားသင်္ဘောများနှင့် ရေငုပ်သင်္ဘောများ အသုံးပြုသော ရေပြင်များကို စောင့်ကြည့်နိုင်စွမ်းကို တိုးချဲ့ရေးလည်း တစ်စိတ်တပိုင်း ပါဝင်သည်။

မော်စကိုနှင့် ပေကျင်းသည် ဂရင်းလန်းအတွက် ခြိမ်းခြောက်မှုတစ်ရပ် ဖြစ်သည်ဆိုခြင်းမှာ ယုံတမ်းစကားသာ ဖြစ်သည်ဟု ရုရှားက ဆိုသည်။

အေးကျော်
Ref:Reuters
#MeKongNews
#မြောက်အတ္တလန်တစ်
#ခြိမ်းခြောက်မှု
#ရဟတ်ယာဉ်
#ဗြိတိန်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now