နေ့စဥ်သတင်း

ဒုရဲချုပ်လူဟုဆိုကာ တာချီလိတ်ယာဉ်ထိန်းရဲတပ်စုမှူး အေးမင်းအောင် ယာဉ်တိုက်မှုများထံမှ ဘတ်သိန်းချီ ငွေတောင်းကြမ်း၊ လက်အောက်ငယ်သားများကို ခွဲတမ်းမပေးဘဲ အနိုင်ကျင့်

မဲခေါင် 15 Jan - 2026
မဲခေါင်၊ ဇန်နဝါရီ ၁၅ တာချီလိတ်မြို့ အခြေစိုက် အမှတ် (၁၂၁) ယာဉ်ထိန်းရဲတပ်ဖွဲ့စု (တာချီလိတ်) တပ်ဖွဲ့စုမှူး ဒုရဲမှူး အေးမင်းအောင်သည် ဒုရဲချုပ်၏ ကိုယ်ရေးအရာရှိ PSO လုပ်ခဲ့ဖူးသည့် အရှိန်ဖြင့် ယာဉ်တိုက်မှုများတွင် အမှုဖြစ်စဉ်အလိုက် ခြိမ်းခြောက်ကာ လာဘ်ငွေ ဘတ်သိန်းချီ တောင်းခံ လာဘ်စားနေကြောင်း ယာဉ်မတော်တဆမှု ဖြစ်ပွားခဲ့သူများထံမှ သိရသည်။ မော်တော်ယာဉ် မတော်တဆမှုများတွင် ယာဉ်ပိုင်ရှင်အချင်းချင်း ညှိနှိုင်း၍ အဆင်ပြေသွားသော်လည်း၊ ဒုရဲမှူး အေးမင်းအောင်က အမှုဖွင့်ပုဒ်မတပ်ခြင်း၊ ယာဉ်သိမ်းဆည်းခြင်းနှင့် ထောင်ချနိုင်သည်ဟု ခြိမ်းခြောက်ခြင်းများပြုလုပ်ကာ အမှုမဖွင့်စေလိုပါက ဘတ်ငွေသိန်းချီပေးရန် တောင်းခံနေခြင်း ဖြစ်သည်။ “ကားအချင်းချင်း မတော်တဆပွတ်မိတာကို တစ်ဖက်နဲ့တစ်ဖက် ကြေအေးပြီးပြီ။ ဒါကို ရုံးခေါ်ပြီး ကြေအေးကြောင်း လက်မှတ်ထိုးခိုင်းတယ်။

မဲခေါင်၊ ဇန်နဝါရီ ၁၅

တာချီလိတ်မြို့ အခြေစိုက် အမှတ် (၁၂၁) ယာဉ်ထိန်းရဲတပ်ဖွဲ့စု (တာချီလိတ်) တပ်ဖွဲ့စုမှူး ဒုရဲမှူး အေးမင်းအောင်သည် ဒုရဲချုပ်၏ ကိုယ်ရေးအရာရှိ PSO လုပ်ခဲ့ဖူးသည့် အရှိန်ဖြင့် ယာဉ်တိုက်မှုများတွင် အမှုဖြစ်စဉ်အလိုက် ခြိမ်းခြောက်ကာ လာဘ်ငွေ ဘတ်သိန်းချီ တောင်းခံ လာဘ်စားနေကြောင်း ယာဉ်မတော်တဆမှု ဖြစ်ပွားခဲ့သူများထံမှ သိရသည်။

မော်တော်ယာဉ် မတော်တဆမှုများတွင် ယာဉ်ပိုင်ရှင်အချင်းချင်း ညှိနှိုင်း၍ အဆင်ပြေသွားသော်လည်း၊ ဒုရဲမှူး အေးမင်းအောင်က အမှုဖွင့်ပုဒ်မတပ်ခြင်း၊ ယာဉ်သိမ်းဆည်းခြင်းနှင့် ထောင်ချနိုင်သည်ဟု ခြိမ်းခြောက်ခြင်းများပြုလုပ်ကာ အမှုမဖွင့်စေလိုပါက ဘတ်ငွေသိန်းချီပေးရန် တောင်းခံနေခြင်း ဖြစ်သည်။

“ကားအချင်းချင်း မတော်တဆပွတ်မိတာကို တစ်ဖက်နဲ့တစ်ဖက် ကြေအေးပြီးပြီ။ ဒါကို ရုံးခေါ်ပြီး ကြေအေးကြောင်း လက်မှတ်ထိုးခိုင်းတယ်။ ပြီးတော့မှ အမှုဖွင့်လို့ရတယ်၊ ကားအသိမ်းမခံချင်ရင်၊ အမှုမဖွင့်စေချင်ရင် ပိုက်ဆံပေးဆိုပြီး တောင်းတာ။ ဘာမှမဖြစ်လည်း အကြောင်းအမျိုးမျိုးပြပြီး တောင်းတာပဲ။ တိုင်းရင်းသားတွေဆို စကားမတတ်တာရယ်၊ ရုံးဂါတ်ကြောက်တာရယ်ကြောင့် အနည်းဆုံး ဘတ်သောင်းဂဏန်းကနေ သိန်းဂဏန်းအထိ ပေးလိုက်ရတယ်။ သူတို့စီးတဲ့ ဆိုင်ကယ်တွေ၊ ကားတွေဆိုရင်လည်း Without (လိုင်စင်မဲ့) တွေချည်းပဲ၊ အခုဟာက ပြည်သူကို တမင်ဖိအားပေးနေတာ” ဟု အမှုဖြစ်ပွားခဲ့သူတစ်ဦးက ပြောသည်။

တာချီလိတ် ယာဉ်ထိန်းတပ်စုမှူး ဒုရဲမှူး အေးမင်းအောင်မှာ ဒုရဲချုပ် အောင်နိုင်သူ၏ တပည့်ဖြစ်ပြီး၊ ယာဉ်ထိန်းတပ်ဖွဲ့က ရရှိသည့် လာဘ်ငွေခွဲတမ်းများကို အောက်ခြေအဆင့် အရာရှိနှင့် တပ်သားများအား ပြန်လည်ခွဲဝေပေးခြင်းမရှိဘဲ တပ်ဖွဲ့ဝင်များကိုသာ ဖိအားပေး ခိုင်းစေနေကြောင်း ရဲတပ်ဖွဲ့နှင့် နီးစပ်သည့် သတင်းရင်းမြစ်များထံမှ သိရသည်။

“အချင်းချင်းအပေါ်လည်း မိုက်ကြေးခွဲ ခွဲတမ်းမပေးချင်ဘူး။ တစ်ခုခုဆို သူဒုရဲချုပ် PSO ၊ ရဲချုပ်ရုံးကလာတာမို့ အိတ်ပိတ်စာပို့လိုက်မယ်၊ ပြောင်းခိုင်းလိုက်မယ်နဲ့ ခြိမ်းခြောက်တာ” ဟု ရဲတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးက ပြောသည်။

ထို့ပြင် ၎င်းသည် တာဝန်ချိန်အတွင်း ဂေါက်ရိုက်ခြင်းနှင့် အပျော်အပါးများဖြင့်သာ အချိန်ကုန်နေသူဖြစ်ကြောင်း ရဲတပ်ဖွဲ့ဝင်အချို့ထံမှ စုံစမ်းသိရှိရသည်။

တာချီလိတ်မြို့သည် လိုင်စင်မဲ့ မော်တော်ဆိုင်ကယ်နှင့် မော်တော်ကား စီးနင်းမှု ၉၀ ရာခိုင်နှုန်းကျော်ရှိသည့် နယ်စပ်မြို့ဖြစ်သဖြင့် ယာဉ်မတော်တဆမှုဖြစ်လျှင် ယာဉ်အသိမ်းခံရမည်နှင့် အမှုပတ်မည်ကို စိုးရိမ်ကြသည်။

ထို့ကြောင့် ယာဉ်မတော်တဆ ဖြစ်စဉ်များတွင် အမှုမကြီးစေရန်အတွက် ယာဉ်ထိန်းတပ်ဖွဲ့က တောင်းသမျှကို ပေးဆောင်နေကြရကြောင်း ယာဉ်မတော်တဆ ဖြစ်ပွားဖူးသူများက ဆိုသည်။

#MeKongNews
#တာချီလိတ်
#ယာဉ်ထိန်းရဲ
#အေးမင်းအောင်
#ယာဉ်တိုက်မှု
#လာဘ်စား

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now