နေ့စဥ်သတင်း

နယ်စပ်ဖြတ်သန်းခွင့် စာအုပ်အနီအတွက် မူဆယ်ခရိုင်လဝကမှူး ဦးထွန်းဇော်ဦးကို ငွေသိန်းရာချီလာဘ်ထိုးရ

မဲခေါင် 15 Jan - 2026
မဲခေါင် ၊ ဇန်နဝါရီ ၁၅ မူဆယ်တွင် မြန်မာ-တရုတ် နှစ်နိုင်ငံဝင်ထွက်သွားလာခွင့် BPစာအုပ် ဒေသအခေါ် စာအုပ်နီ ပြုလုပ်ရာတွင် မူဆယ်ခရိုင်လဝကမှူး ဦးထွန်းဇော်ဦးထံ ကျပ်သိန်းရာချီ လာဘ်ငွေများ ပေးနေရကြောင်း ဒေသခံ သတင်းရင်းမြစ်များကပြောသည်။ ယင်းသို့ စာအုပ်အနီပြုလုပ်ရာတွင် မူဆယ်ခရိုင်လဝကက မူဆယ်ခရိုင်အိမ်ထောင်စုစာရင်းဝင်သူများကို စာအုပ်တစ်အုပ်အတွက် အနည်းဆုံး ကျပ်သိန်း ၂၀ တောင်းပြီး မူဆယ်ခရိုင် စာရင်းဝင်မဟုတ်သည့်သူများကိုမူ ကျပ်သိန်း ၁၀၀ အနည်းဆုံး လာဘ်ငွေတောင်းကြောင်း သတင်းရင်းမြစ်ကပြောသည်။ “မူဆယ် အိမ်ထောင်စုဝင် မဟုတ်တဲ့သူတွေကို ဆေးစာအတုနဲ့လုပ်တယ်။ မူဆယ် အိမ်ထောင်စုဝင် မှတ်ပုံတင်နဲ့လုပ်ပြီး ရလာတဲ့စာအုပ်ကို မူဆယ်အိမ်ထောင်စုမဟုတ်တဲ့ တခြားသူရဲ့ ဓာတ်ပုံကို ပြောင်းထည့်ပြီး လုပ်ပေးတယ်။ ဒီတခုကတော့ အနည်းဆုံး သိန်း၁၀၀တောင်းနေတယ်

မဲခေါင် ၊ ဇန်နဝါရီ ၁၅

မူဆယ်တွင် မြန်မာ-တရုတ် နှစ်နိုင်ငံဝင်ထွက်သွားလာခွင့် BPစာအုပ် ဒေသအခေါ် စာအုပ်နီ ပြုလုပ်ရာတွင် မူဆယ်ခရိုင်လဝကမှူး ဦးထွန်းဇော်ဦးထံ ကျပ်သိန်းရာချီ လာဘ်ငွေများ ပေးနေရကြောင်း ဒေသခံ သတင်းရင်းမြစ်များကပြောသည်။

ယင်းသို့ စာအုပ်အနီပြုလုပ်ရာတွင် မူဆယ်ခရိုင်လဝကက မူဆယ်ခရိုင်အိမ်ထောင်စုစာရင်းဝင်သူများကို စာအုပ်တစ်အုပ်အတွက် အနည်းဆုံး ကျပ်သိန်း ၂၀ တောင်းပြီး မူဆယ်ခရိုင် စာရင်းဝင်မဟုတ်သည့်သူများကိုမူ ကျပ်သိန်း ၁၀၀ အနည်းဆုံး လာဘ်ငွေတောင်းကြောင်း သတင်းရင်းမြစ်ကပြောသည်။

“မူဆယ် အိမ်ထောင်စုဝင် မဟုတ်တဲ့သူတွေကို ဆေးစာအတုနဲ့လုပ်တယ်။ မူဆယ် အိမ်ထောင်စုဝင် မှတ်ပုံတင်နဲ့လုပ်ပြီး ရလာတဲ့စာအုပ်ကို မူဆယ်အိမ်ထောင်စုမဟုတ်တဲ့ တခြားသူရဲ့ ဓာတ်ပုံကို ပြောင်းထည့်ပြီး လုပ်ပေးတယ်။ ဒီတခုကတော့ အနည်းဆုံး သိန်း၁၀၀တောင်းနေတယ် လူတိုင်းကိုလည်း မလုပ်ပေးဘူး ပိုင်တဲ့လူရှိမှ လုပ်ပေးတဲ့ဟာလေ”ဟု မူဆယ်လဝကနှင့်နီးစပ်သူတစ်ဦးကပြောသည်။

မူဆယ်ခရိုင်လဝကမှူး၏ လုပ်ပိုင်ခွင့်ဖြင့် မူဆယ်ခရိုင် မဟုတ်သည့် အိမ်ထောင်စုဝင်များကို လာဘ်ငွေအများအပြားယူကာ စာအုပ်အနီထုတ်ပေးခြင်း ၊ မူဆယ်ခရိုင် ဌာနဆိုင်ရာ အကြီးအကဲများ၏ လက်မှတ်ဖြင့် ရုံးချုပ်ကို စာတင်ကာအရေးပေါ် စာအုပ်အနီလျှောက်ခြင်းစသည့် နည်းလမ်းပေါင်းစုံဖြင့် လာဘ်ငွေယူရာတွင် မူဆယ်ခရိုင်လဝကဦးစီးမှူး ဦးထွန်းဇော်ဦးကိုယ်တိုင် ပါဝင်လုပ်ဆောင်နေသည်ဟုလည်း သတင်းရင်းမြစ်ကပြောသည်။

“အမှန်ဆိုရင် မူဆယ် နမ့်ခမ်းအတွင်းမဟုတ်ရင် BP စာအုပ်အနီလုပ်ပေးလို့မရဘူး ယာယီဖြတ်သန်းခွင့်ဖြစ်တဲ့ TBP ပဲ လုပ်ပေးလို့ရတာ ။ မူဆယ်ကသိတဲ့အတိုင်း ဌာနဆိုင်ရာအတွက် ငွေတွင်းဖြစ်နေတော့ ငွေပေးနိုင်ရင် အကုန်လုပ်လို့ရနေတာပဲ၊လူကြီးတွေရဲ့ နောက်ဖေးပေါက်စားကွက်ပေါ့ဗျာ”ဟု မူဆယ်လဝကနှင့်နီးစပ်သည့် သတင်းရင်းမြစ်ကပြောသည်။

တရုတ်-မြန်မာနယ်စပ်တွင် တစ်နှစ် သွားလာခွင့် သက်တမ်းရှိသည် BP စာအုပ်အနီကို မူဆယ်ခရိုင်ဖြစ်သည့် မူဆယ်နှင့် နမ့်ခမ်းမြို့နယ် အိမ်ထောင်စုရှိသူများကိုသာ ပြုလုပ်ခွင့်ပေးထားပြီး အခြားမြို့နယ်မှ လာသူများကိုမူ ယာယီနယ်စပ်ဖြတ်သန်းခွင့် လက်မှတ် (TBP)သာ ပြုလုပ်ခွင့်ရှိသည်ဟု စစ်ကောင်စီကသတ်မှတ်ထားသည်။

“ကျွန်တော်တို့က မူဆယ်အိမ်ထောင်စုစာရင်းဝင်တာတောင် စာအုပ်နီလုပ်တာ တရုတ်ငွေ ၃၀၀၀ တောင်းတယ်။ အမှန်ဆို ပေးဖို့မှ မလိုတာနော် မပေးရင် နှစ်လစောင့်ရမယ်တဲ့ နှစ်လပြည့်လည်း မရပါဘူး”ဟု မူဆယ်ဒေသခံတစ်ဦးကပြောသည်။

ထို့အပြင် မူဆယ်ဒေသခံမဟုတ်သူများအတွက် ထုတ်ပေးသည့် ယာယီနယ်စပ်ဖြတ်သန်ခွင့်ကဒ် TBP စာအုပ်လုပ်ရာတွင်လည်း ဒုခရိုင်လဝကမှူးကိုယ်တိုင် ငွေ ကျပ် ၁၀သိန်းအထိ တောင်းစားကြောင်း စုံစမ်းသိရှိရသည်။

“ပုံမှန်အတိုင်း တုံကင်ယူပြီးလုပ်မယ်ဆို ၂ လကြာမယ်တဲ့ ပိုက်ဆံပေးပြီးလုပ်မယ်ဆို ၁၀ သိန်းတဲ့ ဒုခရိုင်မှူးအဖွဲ့က တောင်းတာ”ဟု သတင်းရင်းမြစ်ကပြောသည်။

မူဆယ်ခရိုင်လဝကများသည် ၎င်းတို့ရရှိသည့် လာဘ်ငွေများကို တောင်ကြီးမြို့ရှိ ပြည်နယ်လဝကမှူးနှင့် အခြားအရာရှိများကို တစ်လလျှင် ဝေစု ပြန်လည်ပေးဆောင်ရသည်ဟုလည်း မူဆယ်လဝကနှင့်နီးစပ်သည့် သတင်းရင်းမြစ်တစ်ဦးကပြောသည်။

“လဝက ခရိုင်မှူးက အောက်ခြေမှာ ဖြစ်နေတာတွေကို အရေးမယူလို့ အဆမတန်ငွေပေးနေရတယ်။ သူကအောက်ခြေဝန်ထမ်းတွေကို အရေးယူလိုက်ရင် အောက်ခြေက သူ့ကိုပြန်တိုင်မယ်ဆိုတာကို သူလည်းသိတယ်”ဟု မူဆယ်မြို့ အငြိမ်းစားကျောင်းဆရာတစ်ဦးကပြောသည်။

မူဆယ်ခရိုင်အတွင်းရှိ ပြည်သူအပါအဝင် ဒေသအသီးသီးမှ ပြည်သူများသည် တရုတ်နယ်စပ်တွင် စာအုပ်အနီနှင့် တစ်ပတ်ခံယာယီဖြတ်သန်းခွင့်ကဒ်တို့ဖြင့် သွားရောက်အလုပ်လုပ်ကိုင်ခြင်း၊ ကုန်စည်ကူးသန်းရောင်းဝယ်ခြင်းများ ပြုနေကြသည်။

#MeKongNews
#မူဆယ်
#လဝက
#ဦးထွန်းဇော်ဦး
#စာအုပ်နီ

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now