နေ့စဥ်သတင်း

တာချီလိတ်သည် ကျားဖြန့်တို့ နားခိုရာ နိဗ္ဗာန်ဘုံ မဖြစ်သင့်

မဲခေါင် 15 Jan - 2026
– အယ်ဒီတာ့အာဘော် – ပြီးခဲ့သည့် ၂၀၂၅ ခုနှစ်၊ နှစ်လယ်ပိုင်းက မြဝတီနှင့် ဘုရားသုံးဆူ ဒေသများတွင် အွန်လိုင်းငွေလိမ်လည်မှု (ကျားဖြန့်) လုပ်ငန်းများကို အရှိန်အဟုန်ဖြင့် ဖမ်းဆီးနှိမ်နင်းခဲ့ရာမှ လွင့်စင်လာသော ရာဇဝတ်ဂိုဏ်းများသည် ယခုအခါ ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့အတွင်းသို့ အလုံးအရင်းဖြင့် ပြန်လည်ဝင်ရောက် အခြေချနေပြီဖြစ်သည်။ စုံစမ်းသိရှိရသည့် အချက်အလက်များအရ ယင်းဒုစရိုက်လုပ်ငန်းအများစုမှာ စစ်ကောင်စီတပ်အပါအဝင် လက်နက်ကိုင်တပ်ဖွဲ့များနှင့် ဆက်စပ်နေပြီး ကိုယ်ကျိုးစီးပွားအတွက် မျက်ကွယ်ပြုကာ လက်ခံထားကြကြောင်း သိရသည်။ ဤလုပ်ရပ်သည် ဒေသခံပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်ကို လောင်းကြေးထပ်ကာ အာဏာပိုင်အချို့နှင့် လက်နက်ကိုင်အဖွဲ့အစည်းအချို့က ကိုယ်ကျိုးရှာနေသည့် အောက်တန်းကျသော လုပ်ရပ်ပင်ဖြစ်သည်။ ကျားဖြန့်လုပ်ငန်းခွင် တစ်ခုလျှင် တစ်လ ဘတ် ၃၅ သိန်း၊ ပျမ်းမျှ တရုတ်နိုင်ငံသား

– အယ်ဒီတာ့အာဘော် –

ပြီးခဲ့သည့် ၂၀၂၅ ခုနှစ်၊ နှစ်လယ်ပိုင်းက မြဝတီနှင့် ဘုရားသုံးဆူ ဒေသများတွင် အွန်လိုင်းငွေလိမ်လည်မှု (ကျားဖြန့်) လုပ်ငန်းများကို အရှိန်အဟုန်ဖြင့် ဖမ်းဆီးနှိမ်နင်းခဲ့ရာမှ လွင့်စင်လာသော ရာဇဝတ်ဂိုဏ်းများသည် ယခုအခါ ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့အတွင်းသို့ အလုံးအရင်းဖြင့် ပြန်လည်ဝင်ရောက် အခြေချနေပြီဖြစ်သည်။ စုံစမ်းသိရှိရသည့် အချက်အလက်များအရ ယင်းဒုစရိုက်လုပ်ငန်းအများစုမှာ စစ်ကောင်စီတပ်အပါအဝင် လက်နက်ကိုင်တပ်ဖွဲ့များနှင့် ဆက်စပ်နေပြီး ကိုယ်ကျိုးစီးပွားအတွက် မျက်ကွယ်ပြုကာ လက်ခံထားကြကြောင်း သိရသည်။

ဤလုပ်ရပ်သည် ဒေသခံပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်ကို လောင်းကြေးထပ်ကာ အာဏာပိုင်အချို့နှင့် လက်နက်ကိုင်အဖွဲ့အစည်းအချို့က ကိုယ်ကျိုးရှာနေသည့် အောက်တန်းကျသော လုပ်ရပ်ပင်ဖြစ်သည်။

ကျားဖြန့်လုပ်ငန်းခွင် တစ်ခုလျှင် တစ်လ ဘတ် ၃၅ သိန်း၊ ပျမ်းမျှ တရုတ်နိုင်ငံသား တစ်ဦးလျှင် ဘတ် ၃ သောင်းနှုန်းဖြင့် လာဘ်ငွေယူကာ ဒုစရိုက်သမားများကို ခိုလှုံခွင့်ပေးထားခြင်းသည် တာချီလိတ်မြို့၏ လုံခြုံရေးကို အပုပ်နံ့နံသော ငွေစက္ကူများဖြင့် လဲလှယ်လိုက်ခြင်းဖြစ်သည်။ အာဏာပိုင်များအနေဖြင့် တစ်လလျှင် ရရှိမည့် သန်းနှင့်ချီသော ဘတ်ငွေများကို ကြည့်နေသော်လည်း ယင်းလုပ်ငန်းများကြောင့် နောက်ဆက်တွဲဖြစ်လာမည့် လူကုန်ကူးမှု၊ လူသတ်မှု၊ ပြန်ပေးဆွဲမှုနှင့် မူးယစ်ဆေးဝါး ရာဇဝတ်မှုများကိုမူ လျစ်လျူရှု့ထားကြသည်။

မကြာသေးမီက ဖြစ်ပျက်ခဲ့သည့် သမိုင်းသင်ခန်းစာကို ပြန်ကြည့်လျှင် ကျားဖြန့်များကြောင့် တာချီလိတ်နှင့် ရှမ်းအရှေ့ဒေသကို ထိုင်းနိုင်ငံဘက်က လျှပ်စစ်မီးနှင့် စက်သုံးဆီ ဖြတ်တောက်ခဲ့ဖူးသည့် သာဓကများရှိသည်။ ထိုစဉ်က အကျိုးဆက်ကို ခံစားခဲ့ရသူမှာ အကျင့်ပျက် အာဏာပိုင်များမဟုတ်ဘဲ သာမန်အရပ်သား ပြည်သူများသာ ဖြစ်သည်။ အကယ်၍ ယခုတစ်ကြိမ်တွင်လည်း ကျားဖြန့်များကို ဆက်လက်လက်ခံထားပါက နိုင်ငံတကာ၏ ဖိအားနှင့် အိမ်နီးချင်းနိုင်ငံများ၏ ပိတ်ဆို့မှုဒဏ်ကို ဒေသခံပြည်သူများကသာ ထပ်မံခါးစည်းခံရဦးမည်မှာ မလွဲဧကန်ဖြစ်သည်။

ထို့ကြောင့် အာဏာပိုင်များနှင့် လက်နက်ကိုင်တပ်ဖွဲ့များအနေဖြင့် မိမိတို့၏ ရေတိုကိုယ်ကျိုးစီးပွားအတွက် ဒေသတစ်ခုလုံးကို ဓားစာခံမလုပ်ရန် ပြင်းပြင်းထန်ထန် သတိပေးလိုသည်။ ဒုစရိုက်သမားများကို ခိုလှုံခွင့်ပေးနေခြင်းအား ချက်ချင်းရပ်တန့်ပြီး နှိမ်နင်းမှုများ ပြုလုပ်ရန် လိုအပ်သည်။

တစ်ဆက်တည်းမှာပင် မိမိတို့ရပ်ကွက်၊ မိမိတို့ဝန်းကျင်၌ ကျားဖြန့်လုပ်ငန်းများ ပြန်လည်အခြေချလာသည်ကို တွေ့ရှိပါက ဒေသခံပြည်သူများအနေဖြင့်လည်း နှုတ်ဆိတ်မနေကြရန် တိုက်တွန်းလိုပါသည်။ ယင်းအချက်အလက်များကို ခိုင်လုံသော သတင်းဌာနများထံ ဆက်သွယ်တိုင်ကြားခြင်းဖြင့် လူထုအသံကို မြှင့်တင်ကြရမည်ဖြစ်သည်။

တာချီလိတ်မြို့ကို ဒုစရိုက်သမားများ၏ နားခိုရာ နိဗ္ဗာန်ဘုံအဖြစ်မှ ကာကွယ်ရန်မှာ အာဏာပိုင်တို့၏ တာဝန်ယူမှုရှိခြင်းနှင့် ပြည်သူတို့၏ စောင့်ကြည့်မှုအပေါ်တွင်သာ မူတည်နေပါသည်။ ကိုယ်ကျိုးစီးပွားထက် ဒေသခံတို့၏ ဘေးကင်းလုံခြုံရေးကို ရှေးရှုကြရန် အချိန်နှောင်းမသွားမီ တိုက်တွန်းလိုက်ရပါသည်။

#MeKongNews
#အယ်ဒီတာ့အာဘော်
#ကျားဖြန့်
#တာချီလိတ်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now