မဲခေါင်၊ ဇန်နဝါရီ ၁၄
“ဝ” ဒေသ တရားစီရင်ရေး ကော်မတီ (WSP) မှ ကျားဖြန့်များ အပါအဝင် တရုတ်နိုင်ငံသား ၁၃ ဦးကို တရုတ်အစိုးရထံ လွှဲပြောင်းခဲ့ကြောင်း ဒေသတွင်းသတင်း WNL က ယနေ့ ဖော်ပြသည်။
ယင်းလွှဲပြောင်းလိုက်သည့် တရုတ်နိုင်ငံသား ၁၃ ဦး၌ ၁၁ ဦးမှာ ကျားဖြန့် လုပ်ကိုင်သူများ ဖြစ်ပြီး ကျန် ၂ ဦးမှာ တရုတ်အစိုးရက ပေးပို့လာသည့် ဝရမ်းအရ စုံစမ်း ဖမ်းဆီးခံရသူများ ဖြစ်ကြသည်ဟု ဆိုသည်။
ယင်းလွှဲပြောင်းမှုကို မိုင်ကော့ နယ်စပ်ဂိတ်၌ ဥပဒေနှင့်အညီ ဆောင်ရွက်ခဲ့ကြောင်း သတင်းက ဆိုသည်။
ပြီးခဲ့သည့် ဇန်နဝါရီ ၇ ရက်က တရုတ်ကျားဖြန့် ၂၀ ဦးကို တရုတ်အစိုးရထံ လွှဲပြောင်းခဲ့ပြီး ယခုအကြိမ် အပါအဝင် ဇန်နဝါရီလထဲ၌ ၂ ကြိမ် ရှိခဲ့ရာ ယခုနှစ် အစပိုင်းအတွင်း ၃၃ ဦး လွှဲပြောင်းပေးခဲ့ပြီး ဖြစ်သည်။
#MeKongNews
#ကျားဖြန့်များ
#တရုတ်
#WSP
#လွှဲပြောင်း








