နေ့စဥ်သတင်း

ရှမ်းပြည် ဘိန်းခင်း ဖျက်ဆီးမှုများမှာ ဟန်ပြ ဖြစ်ကြောင်း ထုတ်ပြန်ချက်များဖြင့် စစ်ကောင်စီ ကိုယ်တိုင် သက်သေပြနေ

မဲခေါင် 14 Jan - 2026
မဲခေါင်၊ ဇန်နဝါရီ ၁၄ ရှမ်းပြည်တွင် ဘိန်းစိုက်ပျိုးမှု ဧက တစ်သိန်း တစ်သောင်းခွဲကျော် ရှိသော်လည်း စစ်ကောင်စီက ဧက ၅ ထောင် ခန့်သာ ဟန်ပြ ဖျက်ဆီးခဲ့သည်ကို မူးယစ်ရဲတပ်ဖွဲ့က ထုတ်ပြန်သည့် အချက်အလက်များက သက်သေပြနေသည်။ စစ်ကောင်စီ၊ မူးယစ်ရဲတပ်ဖွဲ့၏ ဇန်နဝါရီ ၁၁ ရက် ထုတ်ပြန်ချက်အရ ရှမ်းပြည်တွင် ၂၀၂၅ ခုနှစ်အတွင်း ဘိန်းစိုက် ခင်း ၅၀၈၄ ဧကကို ဖျက်ဆီးခဲ့သည်ဟု ဖော်ပြထားသည်။ သို့သော် ယင်းဖျက်ဆီးခဲ့သည့် ပမာဏသည် စိုက်ပျိုးခဲ့သည့် ပမာဏနှင့် နှိုင်းယှဉ်ပါက အလွန် နည်းပါးနေသည်ကို ၎င်းတို့ ဖော်ပြသည့် အချက်အလက်များတွင် တွေ့ရသည်။ ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ရာဇဝတ်မှုဆိုင်ရာရုံး

မဲခေါင်၊ ဇန်နဝါရီ ၁၄

ရှမ်းပြည်တွင် ဘိန်းစိုက်ပျိုးမှု ဧက တစ်သိန်း တစ်သောင်းခွဲကျော် ရှိသော်လည်း စစ်ကောင်စီက ဧက ၅ ထောင် ခန့်သာ ဟန်ပြ ဖျက်ဆီးခဲ့သည်ကို မူးယစ်ရဲတပ်ဖွဲ့က ထုတ်ပြန်သည့် အချက်အလက်များက သက်သေပြနေသည်။

စစ်ကောင်စီ၊ မူးယစ်ရဲတပ်ဖွဲ့၏ ဇန်နဝါရီ ၁၁ ရက် ထုတ်ပြန်ချက်အရ ရှမ်းပြည်တွင် ၂၀၂၅ ခုနှစ်အတွင်း ဘိန်းစိုက် ခင်း ၅၀၈၄ ဧကကို ဖျက်ဆီးခဲ့သည်ဟု ဖော်ပြထားသည်။

သို့သော် ယင်းဖျက်ဆီးခဲ့သည့် ပမာဏသည် စိုက်ပျိုးခဲ့သည့် ပမာဏနှင့် နှိုင်းယှဉ်ပါက အလွန် နည်းပါးနေသည်ကို ၎င်းတို့ ဖော်ပြသည့် အချက်အလက်များတွင် တွေ့ရသည်။

ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ရာဇဝတ်မှုဆိုင်ရာရုံး – UNODC ၏ ထုတ်ပြန်ချက်အရ ၂၀၂၅ခုနှစ်အတွင်း ရှမ်း ပြည် တွင် ဘိန်းစိုက်ပျိုးမှု ၁၁၅၃၉၈ ဧက (၄၆၇၀၀ ဟတ်တာ) ရှိသည်ကို တွေ့ရသည်။

ထို့ကြောင့် စစ်ကောင်စီ ဖျက်ဆီးခဲ့သည့် ဘိန်းစိုက်ခင်း ပမာဏသည် စိုက်ပျိုးမှု၏ ၄ ရာခိုင်နှုန်းခန့်သာ ရှိသည် ကိုတွေ့ရသည်။

ယင်း ၄ ရာခိုင်နှုန်းခန့်တွင်လည်း အများစုမှာ ဟန်ပြ ဖျက်ဆီးနေခြင်းသာ ဖြစ်ပြီး ထိုဘိန်းစိုက်ပျိုးမှုမှ စစ်ကောင်စီတပ်ဖွဲ့များ၊ ပြည်သူ့စစ်များက ဆက်ကြေး အများအပြား ရရှိကြသည်ဟု ဒေသခံ သတင်းရင်းမြစ်များက ပြောသည်။

“ဟန်ပြဖျက်ဆီးတာ များပါတယ်။ တချို့ နေရာကျတော့လည်း ဌာနဆိုင်ရာတွေ ဖျက်ဆီးဖို့အတွက် စိုက်ခင်းတစ်ခု သပ်သပ် စိုက်ပေးရတာလည်း ရှိတယ်။ သူတို့လည်း ဒီကရတဲ့ ဆက်ကြေးနဲ့ပဲ ဝမ်းတွေဝ ငွေတွေရတော့ အပြတ် မလုပ်ရဲကြပါဘူး။ တချို့ဒေသက တောင်သူတွေ ကျတော့လည်း လမ်းပန်းဆက်သွယ်ရေး စီးပွားရေး အခွင့်အလမ်းတွေ ခက်ခဲကြတော့ ဝမ်းဝဖို့ သယ်ရပြုရ ရောင်းရလွယ်တဲ့ ဒီဘိန်းကိုပဲ မကောင်းမှန်းသိသိနဲ့ စိုက်ကြရတာပါ”ဟု သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

ဘိန်းစိုက်ပျိုးခွင့်ရရေး စစ်ကောင်စီတပ်ဖွဲ့များ၊ ဌာနဆိုင်ရာများ ပြည်သူ့စစ်များနှင့် လက်နက်ကိုင်တပ်ဖွဲ့ အသီးသီးကို ဒေသခံပြည်သူများက အခွန်များစွာ ပေးဆောင်ရသဖြင့် စိုက်ပျိုးသူထက် ဆက်ကြေးတောင်းသူက ပိုပြီး စီးပွားဖြစ်နေသည်ဟုလည်း သတင်းရင်းမြစ်များ၏ ပြောကြားချက်အရ သိရသည်။

“ကိုယ့်ကို ရွှေဥပေးနေတဲ့ ငန်းကို ဘယ်သူက သတ်မှာလည်းဗျာ။ စိုက်ပျိုးသူက ငန်းစာကျွေးတဲ့သူ အဆင့်ပါပဲ၊ ဆက်ကြေးယူတဲ့ အဖွဲ့တွေကမှ ရွှေဥ ပိုင်ရှင်တွေပါ။ သူတို့တွေပဲ အကျိုးအမြတ် ခံစားရတာ စိုက်တဲ့ တောင်သူကတော့ နာမည်ကြီးထမင်းငတ် အကြွေးပါတင်တဲ့နှစ်လည်းရှိတယ်”ဟု ပင်လောင်းဒေသခံ ခွန်လတီးက ဆိုသည်။

ရှမ်းပြည်တွင် တောင်ပိုင်း၏ ဘိန်းစိုက်ပျိုးမှု ၅၇၃၂၈ ဧက ဖြင့် အများဆုံးဖြစ်ကာ မြို့နယ်အနေဖြင့် စစ်ကောင်စီနှင့် ပြည်သူ့စစ်များ ထိန်းချုပ်ထားသည့် လွိုင်လင်၊ ဟိုပုံး၊ ဆီဆိုင်၊ ညောင်ရွှေ၊ ပင်လောင်း၊ နမ့်စန်၊ ဖယ်ခုံတို့တွင် စိုက်ပျိုးမှု အများဆုံးဖြစ်သည်။

UNODC ၏ ၂၀၂၅ ထုတ်ပြန်ချက် မြေပုံအရ ရှမ်းပြည်အတွင်းရှိ ဘိန်းစိုက်ပျိုးမှုများ၏ ၈၀ ရာခိုင်နှုန်း ထက်မနည်းမှာ စစ်ကောင်စီနှင့် ပြည်သူ့စစ်၏ ထိန်းချုပ်မှုဒေသတွင် တည်ရှိသည်ကို တွေ့ရသည်။

#MeKongNews
#ရှမ်းပြည်
#ဘိန်းခင်း
#ဖျက်ဆီးမှု
#စစ်ကောင်စီ

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now