ကမ္ဘာ့သတင်း

ထရမ့်နှင့် ဗင်နီဇွဲလား အတိုက်အခံ မာချာဒို အိမ်ဖြူတော်၌ တွေ့မည်

မဲခေါင် 13 Jan - 2026
မဲခေါင်၊ ဇန်နဝါရီ ၁၃ ဗင်နီဇွဲလား အတိုက်အခံ ခေါင်းဆောင် မာရီယာကော်ရီနာ မာချာဒိုနှင့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်တို့ ကြာသာပတေးနေ့တွင် တွေ့ဆုံမည်ဖြစ်ကြောင်း အိမ်ဖြူတော်က အတည်ပြု ပြောကြားသည်။ အမေရိကန်တပ်ဖွဲ့များက စစ်ဆင်ရေးတစ်ရပ်ဖြင့် ဗင်နီဇွဲလားသမ္မတ မာဒူရိုကို ကာရာကတ်စ်တွင် ဖမ်းဆီးခဲ့ပြီး နောက် မာချာဒို၏ ခရီးစဉ် ထွက်ပေါ်လာခြင်း ဖြစ်သည်။ သို့သော် ၂၀၂၄ ခုနှစ်က အပြိုင်အဆိုင် အငြင်းပွားခဲ့ကြသော ရွေးကောက်ပွဲ၌ ၎င်းတို့ အနိုင်ရရှိခဲ့သည်ဟု မာချာဒို၏ ထောက်ခံသူများက ပြောသော်လည်း မာချာဒိုအား ဗင်နီဇွဲလားခေါင်း‌ဆောင်သစ်အဖြစ် ထောက်ခံပေးရန် ထရမ့်က ငြင်းဆန်ခဲ့သည်။ ထိုအစား ဗင်နီဇွဲလား၏ ဒုသမ္မတ မစ္စဒယ်လ်စီ ရိုဒရီဂွက်စ်ကိုသာ အမေရိကန်က ထောက်ခံခဲ့သည်။ မာဒူရိုအား

မဲခေါင်၊ ဇန်နဝါရီ ၁၃

ဗင်နီဇွဲလား အတိုက်အခံ ခေါင်းဆောင် မာရီယာကော်ရီနာ မာချာဒိုနှင့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်တို့ ကြာသာပတေးနေ့တွင် တွေ့ဆုံမည်ဖြစ်ကြောင်း အိမ်ဖြူတော်က အတည်ပြု ပြောကြားသည်။

အမေရိကန်တပ်ဖွဲ့များက စစ်ဆင်ရေးတစ်ရပ်ဖြင့် ဗင်နီဇွဲလားသမ္မတ မာဒူရိုကို ကာရာကတ်စ်တွင် ဖမ်းဆီးခဲ့ပြီး နောက် မာချာဒို၏ ခရီးစဉ် ထွက်ပေါ်လာခြင်း ဖြစ်သည်။

သို့သော် ၂၀၂၄ ခုနှစ်က အပြိုင်အဆိုင် အငြင်းပွားခဲ့ကြသော ရွေးကောက်ပွဲ၌ ၎င်းတို့ အနိုင်ရရှိခဲ့သည်ဟု မာချာဒို၏ ထောက်ခံသူများက ပြောသော်လည်း မာချာဒိုအား ဗင်နီဇွဲလားခေါင်း‌ဆောင်သစ်အဖြစ် ထောက်ခံပေးရန် ထရမ့်က ငြင်းဆန်ခဲ့သည်။

ထိုအစား ဗင်နီဇွဲလား၏ ဒုသမ္မတ မစ္စဒယ်လ်စီ ရိုဒရီဂွက်စ်ကိုသာ အမေရိကန်က ထောက်ခံခဲ့သည်။

မာဒူရိုအား အရေးယူခဲ့ခြင်းအတွက် ၎င်းအနေဖြင့် ထရမ့်အား ကိုယ်တိုင်ကိုင်ကျ ကျေးဇူးတင်စကားပြောကြားလိုပြီး ထရမ့်ကိုလည်း ၎င်းရရှိခဲ့သော ငြိမ်းချမ်းရေးနိုဘယ်ဆုကို လွှဲပေးလိုကြောင်း မာချာဒိုက ပြီးခဲ့သည့် သီတင်းပတ် အတွင်း ပြောကြားခဲ့သည်။

ယင်းမှာ ကြီးကျယ်သော ဂုဏ်ပြုမှုဖြစ်မည်ဟု ထရမ့်က ပြောကြားခဲ့သော်လည်း နိုဘယ်ဆုမှာ လွှဲပြောင်းပေး၍ မရကြောင်း နိုဘယ်ဆုကော်မတီက ရှင်းလင်း ပြောကြားသည်။

ငြိမ်းချမ်းရေး နိုဘယ်ဆုကို လက်ခံရန် မာချာဒို၏ ဆုံးဖြတ်ချက်ကို သဘောမကျကြောင်း ထရမ့်က အစောပိုင်းတွင် ပြောကြားခဲ့ပြီး ထိုဆုကို ၎င်း အလွန် မက်မောသည်ဟု ဆိုသည်။

ယင်းဆုကို လက်ခံရရှိခဲ့ပါက ဗင်နီဇွဲလားမှ မာချာဒို၏ အခန်းကဏ္ဍအပေါ် အမြင်ပြောင်းလဲသွားနိုင်သလားဟု သောကြာနေ့က မေးမြန်းရာတွင်လည်း “ သူ့အနေနဲ့ တချို့အစိတ်အပိုင်းကနေ ပါဝင်လာနိုင်ပါတယ်” ဟု ထရမ့်က ဖြေကြားသည်။

လက်ရှိအချိန်အထိ မာဒူရို၏လက်ထောက် ဒယ်လ်စီရိုဒရီဂွက်စ်အား ဗင်နီဇွဲလား ကြားဖြတ် သမ္မတ အဖြစ် အမေရိကန်က ထောက်ခံထားသည်။

ရိုဒရိုဂွက်စ်အား မဟာမိတ်တစ်ဦးအဖြစ် ထရမ့်က ပြောကြားပြီး အမေရိကန် အရာရှိများကလည်း ၎င်းကို မည့်သည့်ပြစ်မှုနှင့်မှ စွဲချက်မတင်ထားပေ။

“ဒယ်လ်စီရိုဒရိုဂွက်စ် နဲ့ သူ့အဖွဲ့က အမေရိကန်နဲ့ ပူးပေါင်း ဆောင်ရွက်နေပါတယ်” ဟု အိမ်ဖြူတော် ပြန် ကြား‌ရေးမှူး ကယ်ရိုလင်းလီဗစ်က ယမန်နေ့တွင် ပြောသည်။

မာချာဒိုကမူ ၎င်းတို့မဟာမိတ်အဖွဲ့က ဗင်နီဇွဲလားတွင် ထိန်းချုပ်မှု ရယူထားသူ လုံးဝ ဖြစ်သင့်သည်ဟု ခံယူထားဆဲ ဖြစ်သည်။

ဗင်နီဇွဲလားနိုင်ငံတွင် ရိုဒရီဂွက်စ်အား မည်သူကမျှ ယုံကြည်မှု မရှိကြကြောင်း၊ ၎င်းသည် အပြစ်မဲ့ ပြည်သူများကို ဖိနှိပ်ခဲ့သည့် အဓိက လက်သည်တစ်ဦး ဖြစ်ကြောင်း မာချာဒိုက ဆက်ပြောသည်။

အေး‌ကျော်
Ref: BBC
#MeKongNews
#ထရမ့်
#ဗင်နီဇွဲလား
#မာချာဒို
#အတိုက်အခံ

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now