နေ့စဥ်သတင်း

သီပေါနှင့် မိုင်းရယ်မှ သိမ်းဆည်း မူးယစ်ဆေးချက် ပစ္စည်းများ ခန့်မှန်း ကျပ် ၁၆၂၀ ဘီလျံခန့် တန်ဖိုးရှိ စိတ်ကြွဆေးပြား သန်း ၈၀၀ ကျော် ထုတ်လုပ်နိုင်မည်ဟု စစ်ကောင်စီ ထုတ်ပြန်

မဲခေါင် 13 Jan - 2026
မဲခေါင်၊ ဇန်နဝါရီ ၁၃ ရှမ်းပြည်မြောက်ပိုင်း၊ မိုင်းရယ်မြို့အနီးမှ သိမ်းဆည်းမိသည့် မူးယစ်ဆေးချက် ဓာတုပစ္စည်းများသည် ခန့်မှန်း ကျပ် ၁၆၂၀ ဘီလျံ တန်ဖိုးရှိ စိတ်ကြွဆေးပြား သန်း ၈၁၀ ခန့် ထုတ်လုပ်နိုင်ကြောင်း စစ်ကောင်စီ ထုတ်ပြန်ချက်က ဆိုသည်။ ပြီးခဲ့သည့်ဇန်နဝါရီ ၉ ရက်မှ ၁၁ ရက်အတွင်း သီပေါနှင့် မိုင်းရယ်မြို့နယ်များအတွင်း ကျားဖြန့်လုပ်ငန်းသုံး ပစ္စည်းများနှင့် မူးယစ်ဆေးဝါး ချက်လုပ်ရာတွင် အသုံးပြုသည့် ပစ္စည်းကိရိယာများကို သိမ်းဆည်းမိမှုနှင့် ပတ်သက်၍ စစ်ကောင်စီ၏ ဇန်နဝါရီ ၁၁ ရက် ထုတ်ပြန်ချက်တွင် ထိုသို့ ဖော်ပြထားခြင်း ဖြစ်သည်။ ယင်းတွင် မိုင်းရယ်မြို့ အနောက်တောင်ဘက် ၂၀ ကီလိုမီတာခန့် အကွာရှိ

မဲခေါင်၊ ဇန်နဝါရီ ၁၃

ရှမ်းပြည်မြောက်ပိုင်း၊ မိုင်းရယ်မြို့အနီးမှ သိမ်းဆည်းမိသည့် မူးယစ်ဆေးချက် ဓာတုပစ္စည်းများသည် ခန့်မှန်း ကျပ် ၁၆၂၀ ဘီလျံ တန်ဖိုးရှိ စိတ်ကြွဆေးပြား သန်း ၈၁၀ ခန့် ထုတ်လုပ်နိုင်ကြောင်း စစ်ကောင်စီ ထုတ်ပြန်ချက်က ဆိုသည်။

ပြီးခဲ့သည့်ဇန်နဝါရီ ၉ ရက်မှ ၁၁ ရက်အတွင်း သီပေါနှင့် မိုင်းရယ်မြို့နယ်များအတွင်း ကျားဖြန့်လုပ်ငန်းသုံး ပစ္စည်းများနှင့် မူးယစ်ဆေးဝါး ချက်လုပ်ရာတွင် အသုံးပြုသည့် ပစ္စည်းကိရိယာများကို သိမ်းဆည်းမိမှုနှင့် ပတ်သက်၍ စစ်ကောင်စီ၏ ဇန်နဝါရီ ၁၁ ရက် ထုတ်ပြန်ချက်တွင် ထိုသို့ ဖော်ပြထားခြင်း ဖြစ်သည်။

ယင်းတွင် မိုင်းရယ်မြို့ အနောက်တောင်ဘက် ၂၀ ကီလိုမီတာခန့် အကွာရှိ ဒုတိယနေရာမှ သိမ်းဆည်းမိသော ဓာတုပစ္စည်းများ အပေါ် ခန့်မှန်း တွက်ချက်မှုအရ ကျပ် ၅၄၀ ဘီလျံ တန်ဖိုးရှိ အိုက်စ် ၂၇ တန်ခန့် ထုတ်လုပ်နိုင်ပြီး စိတ်ကြွဆေးပြားအဖြစ် ပြောင်းလဲ ထုတ်လုပ်ပါက အပြား သန်း ၈၁၀ ခန့် ထုတ်လုပ်နိုင်မည်ဟု ဆို သည်။

ယင်းစိတ်ကြွဆေးပြားများသည် ဈေးကွက်အတွင်း၌ ကျပ် ၁၆၂၀ ဘီလျံခန့် တန်ဖိုးရှိသွားနိုင်ပြီး မူးယစ်ဆေးဝါး ချက်လုပ်ရာတွင် အသုံးပြုသည့် ပစ္စည်းကိရိယာများကို သုံးသပ်ချက်အရ အိုက်စ် ၂၇ တန် သို့မဟုတ် စိတ်ကြွ ဆေးပြား သန်း ၈၁၀ ခန့်ထက် ပိုသည့် မူးယစ်ဆေးဝါးများကို ပုံမှန် ထုတ်လုပ်နေခြင်းဖြစ်ကြောင်း စိစစ်တွေ့ရှိရသည်ဟု စစ်ကောင်စီက ဆိုထားသည်။

ထို့ပြင် ဒုတိယနေရာနှင့် အနောက်တောင်ဘက် ၁၉ ကီလိုမီတာခန့်အကွာ တတိယနေရာတို့တွင် GUAN YIN WANG စာတန်းပါ ထုပ်ပိုးခွံများနှင့် တရုတ်စာတန်းပါ ထုပ်ပိုးခွံ အမြောက်အမြားကိုလည်း သိမ်းဆည်းမိခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် ၂၀၂၅ ခုနှစ်အတွင်း မြန်မာ တစ်နိုင်ငံလုံးတွင် ဖမ်းဆီးရမိခဲ့သည့် အိုက်စ် ၃၇ ဒသမ ၈၁၅ တန် အနက် GUAN YIN WANG စာတန်းပါ ထုပ်ပိုးခွံဖြင့် ထုပ်ပိုးထားသည့် အိုက်စ် ၁၁ ဒသမ ၆၈၆ တန်နှင့် တရုတ်စာတန်းပါ ထုပ်ပိုးခွံဖြင့် ထုပ်ပိုးထားသည့် အိုက်စ် ၀ ဒသမ ၉၆ တန်၊ စုစုပေါင်း ၁၂ ဒသမ ၆၄၆ တန် (စုစုပေါင်းကာလတန်ဖိုး ကျပ် ၂၅ ဒသမ၂၉၂ ဘီလျံ) ဖမ်းဆီးရမိခဲ့ကြောင်း စိစစ်တွေ့ရှိရသဖြင့် ယင်းနေရာ ၂ ခုမှ ထုတ်လုပ် ဖြန့်ဖြူးခဲ့သည့် ပမာဏမှာ ၂၀၂၅ ခုနှစ် အတွင်း တစ်နိုင်ငံလုံး၌ ဖမ်းဆီးရမိခဲ့သည့် အိုက်စ်ပမာဏ၏ ၃၃ ဒသမ ၄၄ ရာခိုင်နှုန်းခန့် ရှိကြောင်း သိရသည်။

ယခု ဇန်နဝါရီ ၁၀ နှင့် ၁၁ရက်များတွင် ဖော်ထုတ် ဖမ်းဆီးမိခဲ့သည့် မူးယစ်ဆေးဝါး ချက်လုပ်သည့်နေရာ ၃ ခုသည် မြန်မာနိုင်ငံအတွင်း မူးယစ်ဆေးဝါး ထုတ်လုပ်သည့် ပင်ရင်းနေရာများ ဖြစ်ကြောင်း စစ်ကောင်စီ ထုတ်ပြန်ချက်က ဆိုသည်။

“ဒါဟာ နည်းနည်းနောနော မဟုတ်ဘူးဗျ။ တော်တော်ကြီးတဲ့ လုပ်ငန်းပဲ၊ ပါဝင်ပတ်သက် တာတွေလည်း ထိပ်တန်း အဆင့်ဖြစ်မယ်”ဟု နိုင်ငံရေး အကဲခတ်တစ်ဦးက သုံးသပ်သည်။

ဖမ်းဆီးမိ နေရာများသည် SSPP လှုပ်ရှားသည့် နေရာများ ဖြစ်သော်လည်း ယင်းပစ္စည်းများနှင့် လုံးဝပတ် သက်မှုမရှိကြောင်း SSPP က စာထုတ်ငြင်းဆိုထားပြီး ပါဝင် ပတ်သက်သူများကို စိစစ် အရေးယူသွားမည်ဟု ဆိုထားသည်။

#MeKongNews
#သီပေါ
#မိုင်းရယ်
#မူးယစ်ဆေးချက်
#စိတ်ကြွဆေးပြား

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now