နိုင်ငံတကာသတင်း

ကမ္ဘောဒီးယားသို့ သွားရောက်မည့် မြန်မာရွှေ့ပြောင်း ၁၆ ဦး ထိုင်းတပ်ဖွဲ့ ဖမ်းဆီး

မဲခေါင် 12 Jan - 2026
မဲခေါင်၊ ဇန်ဝါရီ ၁၂ ကမ္ဘောဒီးယားနိုင်ငံထဲသို့ နယ်စပ်ဖြတ်‌၍ တရားမဝင် ဝင်ရောက်ရန် ကြိုးစားခဲ့သော မြန်မာနိုင်ငံသား ၁၆ ဦးကို ထိုင်းလုံခြုံရေး တပ်ဖွဲ့များက ဖမ်းဆီးလိုက်သည်ဟု ထိုင်းရဲတပ်ဖွဲ့က ယနေ့ ပြောကြားသည်။ စစ်တပ် ကင်းလှည့်တပ်ဖွဲ့ဖြစ်သည့် ဘာရူပါအဖွဲ့နှင့် ခလောင်နမ်ဆိုင် ရဲတပ်ဖွဲ့က ဆာ‌ကေပြည်နယ်၊ အရန်ယာပရာသက်ခရိုင်တွင် ပူးတွဲ ကင်းလှည့်နေကြစဉ် ၎င်းတို့အား ဖမ်းမိခြင်းဖြစ်သည်။ ‌ နောင်ဖလူကျေးရွာအနီး တောလမ်းတစ်ခုတွင် ခြေလျင်သွားနေသူ လူတစ်စုအား တွေ့ရှိခဲ့ပြီးနောက် လုံခြုံရေးတပ်ဖွဲ့များက စစ်ဆေးခဲ့ခြင်း ဖြစ်သည်။ ယင်း ၁၆ ဦး စလုံးသည် မြန်မာနိုင်ငံ မန္တလေးဒေသမှ ဖြစ်ကြောင်း တွေ့ရှိခဲ့ပြီး ၎င်းတို့က ပတ်စပို့နှင့် အခြားခရီးသွား စာရွက်စာတမ်းများလည်း မပြနိုင်ခဲ့ကြောင်း

မဲခေါင်၊ ဇန်ဝါရီ ၁၂

ကမ္ဘောဒီးယားနိုင်ငံထဲသို့ နယ်စပ်ဖြတ်‌၍ တရားမဝင် ဝင်ရောက်ရန် ကြိုးစားခဲ့သော မြန်မာနိုင်ငံသား ၁၆ ဦးကို ထိုင်းလုံခြုံရေး တပ်ဖွဲ့များက ဖမ်းဆီးလိုက်သည်ဟု ထိုင်းရဲတပ်ဖွဲ့က ယနေ့ ပြောကြားသည်။

စစ်တပ် ကင်းလှည့်တပ်ဖွဲ့ဖြစ်သည့် ဘာရူပါအဖွဲ့နှင့် ခလောင်နမ်ဆိုင် ရဲတပ်ဖွဲ့က ဆာ‌ကေပြည်နယ်၊ အရန်ယာပရာသက်ခရိုင်တွင် ပူးတွဲ ကင်းလှည့်နေကြစဉ် ၎င်းတို့အား ဖမ်းမိခြင်းဖြစ်သည်။
‌
နောင်ဖလူကျေးရွာအနီး တောလမ်းတစ်ခုတွင် ခြေလျင်သွားနေသူ လူတစ်စုအား တွေ့ရှိခဲ့ပြီးနောက် လုံခြုံရေးတပ်ဖွဲ့များက စစ်ဆေးခဲ့ခြင်း ဖြစ်သည်။

ယင်း ၁၆ ဦး စလုံးသည် မြန်မာနိုင်ငံ မန္တလေးဒေသမှ ဖြစ်ကြောင်း တွေ့ရှိခဲ့ပြီး ၎င်းတို့က ပတ်စပို့နှင့် အခြားခရီးသွား စာရွက်စာတမ်းများလည်း မပြနိုင်ခဲ့ကြောင်း အာဏာပိုင်များက ပြောသည်။

ဖေ့စ်ဘွတ်ခ်ပေါ်တွင် ကြော်ငြာနေသော တစ်လလျှင် အမေရိကန်ဒေါ်လာ ၅၀၀ ဖြင့် သန့်ရှင်းရေး အလုပ် ကို လျှောက်ထားကြရန် သူငယ်ချင်း မိတ်ဆွေများက ၎င်းတို့ကို စည်းရုံး သိမ်းသွင်းခဲ့သည်ဟု ရွှေ့ပြောင်းသူများက တာဝန်ရှိသူများကို ပြောကြားကြသည်။

၎င်းတို့က ပေ့ချ်တာဝန်ရှိသူ တစ်ဦးကို ဆက်သွယ်ခဲ့ကြကြောင်း ထို့နောက်တွင် ထိုင်းအမျိုးသားတစ်ဦးနှင့် မြန်မာအမျိုးသားတစ်ဦးတို့က အနက်ရောက် ပစ်ကပ်ကားဖြင့် ပို့ဆောင်ခဲ့ကြပြီး ကမ္ဘောဒီးယားသို့ ဆက်လက် သွားရောက်ရန် စီစဉ်ပေးခဲ့ကြသည်ဟု မြန်မာရွှေ့ပြောင်းများက ထွက်ဆိုခဲ့ကြသည်။

ထိုခရီးစဉ်အတွက် ရွှေ့ပြောင်းတစ်ဦးလျှင် ဘတ် ၁၂၀၀၀ ပေးခဲ့ရကြောင်း ရဲတပ်ဖွဲ့က ပြောသည်။

၎င်းတို့အား ဖမ်းဆီးမိချိန်၌ စောင့်ရှောက် ခေါ်ဆောင်လာသူ သို့မဟုတ် လူကုန်ကူးသူများကို မတွေ့ခဲ့ရဟု ဆိုသည်။

ယင်းအပေါ် ဆက်လက် အရေးယူရန် ၎င်းတို့အား ခလောင်နမ်ဆိုင် ရဲတပ်ဖွဲ့သို့ လွှဲပြောင်းပေးခဲ့ကြောင်း သိရသည်။

အေးကျော်
Ref: Khaosod
#MeKongNews
#ကမ္ဘောဒီးယား
#မြန်မာရွှေ့ပြောင်း
#ထိုင်းတပ်ဖွဲ့
#ဖမ်းဆီး

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now