နေ့စဥ်သတင်း

သီပေါတွင် ကုန်ကား ၇၇ စီးနှင့် ယာဥ်မောင်းများကို စစ်ကောင်စီ ဖမ်းထား

မဲခေါင် 12 Jan - 2026
မဲခေါင်၊ ဇန်နဝါရီ ၁၂ ရှမ်းပြည်မြောက်ပိုင်း၊ သီပေါမြို့နယ်တွင် ကုန်ကား ၇၇ စီးကို ယာဥ်မောင်း ၆၈ ဦး နှင့်အတူ တာလုံ ကူးတို့ဆိပ် အခြေပြု ရမခ၊ ဗျူဟာ – ၁ က ဖမ်းဆီးထားကြောင်း သတင်းရင်းမြစ်များထံမှ သိရသည်။ စစ်ကောင်စီသည် တရုတ်ဘက်မှ ဝင်လာသည့် ကုန်စည်များကို တရားမဝင် ပို့ကုန် သွင်းကုန် ဥပဒေဖြင့် ဆက်တိုက် ဖမ်းဆီးနေခြင်းဖြစ်ပြီး လက်နက်ခဲယမ်းနှင့် မူးယစ်ဆေးဝါးများ သယ်ယူပို့ဆောင်မှု မရှိစေရေး ခေါင်းစဉ်ဖြင့် ပိတ်ဆို့ ဖမ်းဆီးနေခြင်း ဖြစ်ကြောင်း သိရသည်။ ယင်းဖမ်းဆီးမှုများကို အရှေ့မြောက်တိုင်း စစ်ဌာနချုပ်၏ ဗျူဟာ – ၁ က ဦးဆောင်နေကြောင်း

မဲခေါင်၊ ဇန်နဝါရီ ၁၂

ရှမ်းပြည်မြောက်ပိုင်း၊ သီပေါမြို့နယ်တွင် ကုန်ကား ၇၇ စီးကို ယာဥ်မောင်း ၆၈ ဦး နှင့်အတူ တာလုံ ကူးတို့ဆိပ် အခြေပြု ရမခ၊ ဗျူဟာ – ၁ က ဖမ်းဆီးထားကြောင်း သတင်းရင်းမြစ်များထံမှ သိရသည်။

စစ်ကောင်စီသည် တရုတ်ဘက်မှ ဝင်လာသည့် ကုန်စည်များကို တရားမဝင် ပို့ကုန် သွင်းကုန် ဥပဒေဖြင့် ဆက်တိုက် ဖမ်းဆီးနေခြင်းဖြစ်ပြီး လက်နက်ခဲယမ်းနှင့် မူးယစ်ဆေးဝါးများ သယ်ယူပို့ဆောင်မှု မရှိစေရေး ခေါင်းစဉ်ဖြင့် ပိတ်ဆို့ ဖမ်းဆီးနေခြင်း ဖြစ်ကြောင်း သိရသည်။

ယင်းဖမ်းဆီးမှုများကို အရှေ့မြောက်တိုင်း စစ်ဌာနချုပ်၏ ဗျူဟာ – ၁ က ဦးဆောင်နေကြောင်း သိရသည်။

ယင်းအဖွဲ့အား ယာယီ ဗျူဟာမှူး ဒုဗိုလ်မှူးကြီး သက်ထွဋ်ဝင်း၊ နမ့်လန်တပ်နယ်မှ ဗိုလ်မှူးမျိုးလွင်၊ Drone Team Hexa (L-270) မှ ဗိုလ်ကြီးကောင်းထက်၊ စရဖ ဒုအရခဗ စိုင်းကျော်လိတ်တို့ ပါဝင်သည့် စုပေါင်းအင်အား ၈၆ ယောက်ဖြင့် ဖွဲ့စည်းထားကြောင်း သိရသည်။

ယင်းအဖွဲ့သည် သီပေါမြို့နယ်၊ တာလုံ ကူးတို့ဆိပ်တွင် အခြေပြုထားပြီး ဒရုန်းဖြင့် ကင်းထောက်ကာ မန်ဟုံရွာ အနီးတစ်ဝိုက် ၃ နေရာ မှ စုစုပေါင်း မော်တော်ယာဉ် ၇၇ စီး နှင့် ယာဉ်မောင်း ၆၈ ယောက်တို့ကို ပိတ်ဆို့ဖမ်းဆီးပြီး အသေးစိတ် ဖွင့်ဖောက် စစ်ဆေးမှုများ ပြုလုပ်နေကြောင်း သိရသည်။

“မော်တော်ယာဉ် ၇၇ စီးနဲ့ ယာဉ်မောင်း ၆၈ ယောက် ဆိုတော့ မောင်းသူမဲ့ မော်တော်ယာဉ် ၉ စီးပါဝင်နေပါတယ်။ ပိုင်ရှင်မဲ့ ဘယ်နှစီး ထပ်ဖြစ်မလဲ ဆိုတာကိုပဲ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်”ဟုသတင်းရင်းမြစ်တစ်ဦးက ပြောသည်။

ယင်းဖမ်းဆီးမှုကို ပြီးခဲ့သည့် ဇန်နဝါရီ ၃ ရက်နှင့် ၄ ရက်များတွင် ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ဆက်လက်၍လည်း ဖမ်းဆီးနေကြောင်း သိရသည်။

တရုတ် နယ်စပ်ဘက်မှ သယ်ဆောင်လာသည့် ကုန်ပစ္စည်းများကို ရှမ်းမြောက်၌ ရမခနယ်မြေ၊ သီပေါမြို့နယ်၊ တာလုံကူးတို့ဆိပ်၊ ရှမ်းတောင်၌ ရပခနယ်မြေ နောင်ဝိုးနှင့် မိုင်းပွန်၊ ဟိုပုံးတို့တွင် စစ်ကောင်စီက ဖမ်းဆီးနေခြင်း ဖြစ်သည်။

ဖမ်းမိကုန်များ၏ ပိုင်ရှင်များကို ပို့ကုန်သွင်းကုန် ပုဒ်မ – ၈ အပြင် ငွေကြေးခဝါချမှုဖြင့်ပါ အရေးယူနေသဖြင့် ပိုင်ဆိုင်မှု အားလုံးပါ သိမ်းဆည်းခံရနိုင်ကြောင်း သိရသည်။

#MeKongNews
#သီပေါ
#ကုန်ကား
#စစ်ကောင်စီ
#ဖမ်းထား

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now