ကမ္ဘာ့သတင်း

ထရမ့် အားရအောင် လုပ်နေသည့် အဖျက်သမားများဟု အီရန် ဆန္ဒပြပြည်သူများကို ခါမီနီ ပုတ်ခတ်

မဲခေါင် 10 Jan - 2026
မဲခေါင်၊ ဇန်နဝါရီ ၁၀ အစိုးရဆန့်ကျင် ဆန္ဒပြနေသူများသည် အမေရိကန်သမ္မတ အားရကျေနပ်အောင် ကြိုးစားနေသည့် ပြဿနာကောင်များ ဖြစ်သည်ဟု အီရန် ထိပ်သီးခေါင်းဆောင် အယာတိုလာအလီခါမီနီက ပြောဆိုလိုက်သည်။ ဆန္ဒပြပွဲများအား အကြမ်းဖက် အာဏာဖီဆန်သော လုပ်ရပ်များနှင့် ဖျက်လိုဖျက်ဆီး လုပ်ရပ်များဟု အာဏာပိုင်များက စွပ်စွဲသော အကြမ်းဖက်မှုများ အဖြစ်သို့ ပြောင်းလဲသွားခြင်းအတွက် အမေရိကန်ကို အပြစ်တင်ထားသော စာတစ်စောင်ကိုလည်း အီရန်က ကုလသမဂ္ဂ လုံခြုံရေးကောင်စီထံသို့ ပေးပို့ခဲ့သည်။ ယမန်နေ့ကပင် ပြောကြားသည့် ရုပ်သံမိန့်ခွန်းတွင် အလျှော့ပေးမည် မဟုတ်ကြောင်း အီရန် ထိပ်သီး ခေါင်းဆောင်က အတိအလင်း ပြောထားသည်။ “အစ္စလာမ္မစ်နိုင်ငံတော်ဟာ ထောင်သောင်းချီတဲ့ ဂုဏ်သရေရှိလူတွေရဲ့ သွေးတွေနဲ့ရင်းပြီး အာဏာ ရလာခဲ့တာဖြစ်တယ် ဆိုတာနဲ့ ဒါကို

မဲခေါင်၊ ဇန်နဝါရီ ၁၀

အစိုးရဆန့်ကျင် ဆန္ဒပြနေသူများသည် အမေရိကန်သမ္မတ အားရကျေနပ်အောင် ကြိုးစားနေသည့် ပြဿနာကောင်များ ဖြစ်သည်ဟု အီရန် ထိပ်သီးခေါင်းဆောင် အယာတိုလာအလီခါမီနီက ပြောဆိုလိုက်သည်။

ဆန္ဒပြပွဲများအား အကြမ်းဖက် အာဏာဖီဆန်သော လုပ်ရပ်များနှင့် ဖျက်လိုဖျက်ဆီး လုပ်ရပ်များဟု အာဏာပိုင်များက စွပ်စွဲသော အကြမ်းဖက်မှုများ အဖြစ်သို့ ပြောင်းလဲသွားခြင်းအတွက် အမေရိကန်ကို အပြစ်တင်ထားသော စာတစ်စောင်ကိုလည်း အီရန်က ကုလသမဂ္ဂ လုံခြုံရေးကောင်စီထံသို့ ပေးပို့ခဲ့သည်။

ယမန်နေ့ကပင် ပြောကြားသည့် ရုပ်သံမိန့်ခွန်းတွင် အလျှော့ပေးမည် မဟုတ်ကြောင်း အီရန် ထိပ်သီး ခေါင်းဆောင်က အတိအလင်း ပြောထားသည်။

“အစ္စလာမ္မစ်နိုင်ငံတော်ဟာ ထောင်သောင်းချီတဲ့ ဂုဏ်သရေရှိလူတွေရဲ့ သွေးတွေနဲ့ရင်းပြီး အာဏာ ရလာခဲ့တာဖြစ်တယ် ဆိုတာနဲ့ ဒါကို လက်မခံတဲ့သူတွေနဲ့ ရင်ဆိုင်ရချိန်မှာလည်း နောက်ဆုတ်သွားမှာ မဟုတ်ဘူး ဆိုတာကို လူတိုင်းကို အသိပေးလိုက်ပါ”ဟု အသက် ၈၆ နှစ် အရွယ် ခါမီနီက ပြောသည်။

ထို့ပြင် ဖျက်လိုဖျက်ဆီး လုပ်ဆောင်သူများအား ကိုင်တွယ်ရာတွင် အီရန်က တွန့် ့ဆုတ်နေမည် မဟုတ်ကြောင်းလည်း နောက်ပိုင်းတွင် ထောက်ခံသူများအား ပြောကြားသည့် မိန့်ခွန်းတွင် ၎င်းက ထည့်သွင်း ပြောကြားခဲ့သည်။

ခြိမ်းခြောက်မှုများ၊ သွေးထိုးလှုံ့ဆော်မှုများ၊ မတည်ငြိမ်မှုနှင့် အကြမ်းဖက်မှုများကို ရည်ရွယ်ချက်ရှိရှိ အားပေးအားမြှောက် လုပ်ခြင်းဖြင့် အမေရိကန်က အီရန်၏ ပြည်တွင်းရေး၌ ပါဝင်စွက်ဖက် နေသည်ဟု ကုလ လုံခြုံရေးကောင်စီသို့ ရေးသားပေးပို့ခဲ့သည့် စာတွင် အီရန်က စွပ်စွဲထားသည်။

ထိုအတောအတွင်းမှာပင် အီရန်က အကြီးအကျယ် ဒုက္ခရောက်နေပြီဟု အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဆိုသည်။

စီးပွား‌ရေး ကျပ်တည်းမှုကို အကြောင်းပြု ဖြစ်ပေါ်လာခဲ့သော အီရန်ဆန္ဒပြပွဲများသည် ၁၃ ရက် မြောက် လာခဲ့ပြီ ဖြစ်ကာ နှစ်ပေါင်းများစွာအတွင်း အကြီးမားဆုံး ဖြစ်လာခဲ့သည်။

အချို့ကလည်း အစ္စလာမ္မစ်နိုင်ငံတော်အား အဆုံးသတ်၍ ဘုရင်စနစ် ပြန်လည် ကျင့်သုံးရေးကို တောင်းဆိုကြသည်ဟု ဘီဘီစီသတင်းက ဆိုသည်။

ဒီဇင်ဘာ ၂၈ ရက်တွင် ဆန္ဒပြပွဲများ စတင်ခဲ့ပြီး နောက်ပိုင်း ဆန္ဒပြသူ ၄၈ ဦးသေဆုံးခဲ့ကာ ၂၂၇၇ ဦးလည်း ဖမ်းဆီး ထိန်းသိမ်းခံခဲ့ရသည်ဟု အမေရိကန် အခြေစိုက် လူ့အခွင့်အရေး တက်ကြွလှုပ်ရှား သတင်းဌာန – HRANA က ဆိုသည်။

ထို့ပြင် အီရန် တစ်နိုင်ငံလုံးတွင်လည်း အင်တာနက် အမှောင်ချထားသည်။

“ကျနော်တို့က အနာဆုံးနေရာကို ထိုးနှက်သွားပါမယ်ဟု ထရမ့်က အိမ်ဖြူတော်၌ သောကြာနေ့တွင် ပြောသည်။

၎င်းတို့အစိုးရက အီရန်အခြေအနေကို စောင့်ကြည့်နေကြောင်းနှင့် အမေရိကန်၏ ပါဝင်ပတ်သက်မှု ဆိုသည်မှာ မြေပြင်သို့ စစ်သားများ စေလွှတ်ခြင်းဟု မဆိုလိုကြောင်း ၎င်းက ဆက်ပြောသည်။

အေး‌ကျော်
Ref: BBC
#MeKongNews
#ထရမ့်
#အဖျက်သမား
#ဆန္ဒပြ
#ခါမီနီ
#ပုတ်ခတ်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now