ကမ္ဘာ့သတင်း

‌နေတိုးနှင့် နယ်စပ်အနီး ယူကရိန်းပစ်မှတ်ကို အသံထက်မြန် ဒုံးကျည်ဖြင့် ရုရှား ပစ်ခတ်

မဲခေါင် 10 Jan - 2026
မဲခေါင်၊ ဇန်နဝါရီ ၁၀ နေတိုးအဖွဲဝင် ပိုလန်နှင့် နယ်စပ်အနီးမှ ယူကရိန်း ပစ်မှတ်တစ်ခုအား အင်အား အလွန်ကောင်းသော အသံထက်မြန် ဒုံးကျည်ဖြင့် ရုရှားက ယမန်နေ့ညတွင် ပစ်ခတ်ခဲ့သည်။ ပြီးခဲ့သည့် လအတွင်း သမ္မတ ဗလာဒီမာပူတင်‌၏ နေအိမ်တစ်လုံးကို ယူကရိန်းက ဒရုန်းများဖြင့် တိုက်ခိုက်ရန် ကြိုးစားခဲ့ခြင်းအား တုံ့ပြန်၍ အသံထက်မြန်သော အိုရက်ရှ်နစ် ဒုံးကျည်ဖြင့် ပစ်ခတ်ခြင်းဖြစ်သည်ဟု မော်စကိုက ပြောသည်။ ယူကရိန်းကို နျူကလီးယားထိပ်ဖူး တပ်ဆင်နိုင်သည်ဆိုသော အိုရက်ရှ်နစ် ဒုံးကျည်ဖြင့် ရုရှားက တိုက်ခိုက်မှုမှာ ဒုတိယအကြိမ်မြောက် ဖြစ်သည်။ ယမန်နေ့ကညက လေကြောင်း တိုက်ခိုက်မှုများကြောင့် ကိဗ်မြို့တွင် လူ ၄ ဦးသေဆုံးခဲ့ကာ လျှပ်စစ်မီးများလည်း ပြတ်တောက်ခဲ့သည့် အပြင်

မဲခေါင်၊ ဇန်နဝါရီ ၁၀

နေတိုးအဖွဲဝင် ပိုလန်နှင့် နယ်စပ်အနီးမှ ယူကရိန်း ပစ်မှတ်တစ်ခုအား အင်အား အလွန်ကောင်းသော အသံထက်မြန် ဒုံးကျည်ဖြင့် ရုရှားက ယမန်နေ့ညတွင် ပစ်ခတ်ခဲ့သည်။

ပြီးခဲ့သည့် လအတွင်း သမ္မတ ဗလာဒီမာပူတင်‌၏ နေအိမ်တစ်လုံးကို ယူကရိန်းက ဒရုန်းများဖြင့် တိုက်ခိုက်ရန် ကြိုးစားခဲ့ခြင်းအား တုံ့ပြန်၍ အသံထက်မြန်သော အိုရက်ရှ်နစ် ဒုံးကျည်ဖြင့် ပစ်ခတ်ခြင်းဖြစ်သည်ဟု မော်စကိုက ပြောသည်။

ယူကရိန်းကို နျူကလီးယားထိပ်ဖူး တပ်ဆင်နိုင်သည်ဆိုသော အိုရက်ရှ်နစ် ဒုံးကျည်ဖြင့် ရုရှားက တိုက်ခိုက်မှုမှာ ဒုတိယအကြိမ်မြောက် ဖြစ်သည်။

ယမန်နေ့ကညက လေကြောင်း တိုက်ခိုက်မှုများကြောင့် ကိဗ်မြို့တွင် လူ ၄ ဦးသေဆုံးခဲ့ကာ လျှပ်စစ်မီးများလည်း ပြတ်တောက်ခဲ့သည့် အပြင် ကာတာသံရုံးလည်း ပျက်စီးသွားခဲ့သည်ဟု ယူကရိန်း အာဏာပိုင်များက ပြောကြ သည်။

ပိုလန်နိုင်ငံနယ်စပ်မှ ကီလိုမီတာ ၆၀ ခန့်အကွာ ယူကရိန်း အနောက်ပိုင်း လီဗျူးဒေသမှ ပစ်မှတ်ကို အိုရက်ရှ်နစ် ဒုံးကျည် ထိမှန်ခဲ့ပြီး ၎င်းနေရာသည် ဒရုန်းများ ထုတ်လုပ်သည့် စက်ရုံနှင့် စွမ်းအင်အခြေခံ အ‌ဆောက်အဦတစ်ခု ဖြစ်ကြောင်း ရုရှားက ဆိုသည်။

“အီးယူ၊ နေတိုး နယ်စပ်နဲ့ ဒီလောက် နီးကပ်တဲ့ နေရာကို တိုက်ခိုက်တာဟာ ဥရောပတိုက် လုံခြုံရေးအပေါ် ကြီးမားတဲ့ ခြိမ်းခြောက်မှုဖြစ်သလို နေတိုးအသိုင်းအဝိုင်းကို အကဲစမ်းမှုလည်း ဖြစ်ပါတယ်” ဟု ယူကရိန်း နိုင်ငံခြားရေးဝန်ကြီး အန်ဒရီဆိုင်ဘီဟာက X လူမှုမီဒီယာပေါ်တွင် ပြောကြားသည်။

နေတိုးနယ်စပ်အနီးမှ ပစ်မှတ်ကို ထိုမျှ အားကောင်းသော ဒုံးကျည်မျိုးဖြင့် ပစ်ခတ်ခြင်းမှာ ကမ္ဘာလုံးဆိုင်ရာ ခြိမ်းခြောက်မှု ဖြစ်ကာ ကမ္ဘာလုံးဆိုင်ရာ တုံ့ပြန်မှု လိုအပ်သည်ဟု ၎င်းက ဆက်ပြောသည်။

အိုရက်ရှ်နစ်ဒုံးကျည်အား ရုရှားက အသုံးပြုခဲ့ခြင်းမှာ ယူကရိန်းအပေါ် ရှင်းလင်းသော စစ်ရှိန်မြှင့်မှု ဖြစ်ကာ ဥရောပနှင့် အမေရိကန်ကို သတိပေးခြင်း ဖြစ်ကြောင်း ဥ‌ရောပသမဂ္ဂ နိုင်ငံရေးမူဝါဒ အကြီးအကဲ ကာဂျာကဲလက်စ်က လည်း X လူမှုမီဒီယာပေါ်၌ ပြောကြားသည်။

ယမန်နေ့ညမှာပင် ရုရှားက စုစုပေါင်း ဒုံးကျည် ၃၆ စင်း နှင့် ဒရုန်း ၂၄၂ စင်း ပစ်လွှတ်ခဲ့ပြီး မြို့တော်ကိဗ်နှင့် အနောက်ပိုင်း လီဗျူးမြို့အနီးမှ အခြေခံ အ‌‌ဆောက်အဦများကို ပစ်မှတ်ထားခဲ့သည်ဟု ယူကရိန်းက ပြောသည်။

အေးကျော်
Ref: Reuters
#MeKongNews
#နေတိုး
#ယူကရိန်း
#ဒုံးကျည်
#ရုရှား

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now