နိုင်ငံတကာသတင်း

ဖူးခက် ဆိပ်ခံတံတားတွင် မီးလောင်မှု စပိဘုတ် ၂၀ ကျော် ပျက်စီး

မဲခေါင် 7 Jan - 2026
မဲခေါင်၊ ဇန်နဝါရီ ၇ ဖူးခက် အပန်းဖြေစခန်း ချာလောင် ဆိပ်ခံတံတားတွင် ယနေ့နံနက် အရုဏ်မတိုင်မီ လောင်ကျွမ်းခဲ့သော မီးကြောင့် စပိဘုတ် အစီး ၂၀ ကျော် ပျက်စီးသွားခဲ့ကြောင်း ထိုင်းသတင်းများအရ သိရသည်။ မီးလောင်ရခြင်း အကြောင်းရင်းကို စုံစမ်းစစ်ဆေးရန်နှင့် လောင်စာဆီများ ပင်လယ်ထဲသို့ မပျံ့နှံ့သွားရေး အရေးပေါ် အစီအစဉ်များ လုပ်ဆောင်ကြရန် ပြည်နယ် အုပ်ချုပ်‌ရေးမှူးက ညွှန်ကြားထားသည်။ မူအန်းခရိုင်၊ ချာလောင်ခရိုင်ခွဲတွင် မီးလောင်မှုဖြစ်ကြောင်း ယနေ့ ဇန်နဝါရီ ၇ ရက် နံနက် ၄ နာရီခန့်တွင် ချာလောင်း ရဲစခန်းနှင့် ကယ်ဆယ်ရေးအဖွဲ့များထံ သတင်း ရောက်ရှိခဲ့သည်။ ‌ ပေါက်ကွဲမှုတစ်ခု ဖြစ်ပြီးနောက် ပထမဆုံးလှေတွင် မီးစတင်

မဲခေါင်၊ ဇန်နဝါရီ ၇

ဖူးခက် အပန်းဖြေစခန်း ချာလောင် ဆိပ်ခံတံတားတွင် ယနေ့နံနက် အရုဏ်မတိုင်မီ လောင်ကျွမ်းခဲ့သော မီးကြောင့် စပိဘုတ် အစီး ၂၀ ကျော် ပျက်စီးသွားခဲ့ကြောင်း ထိုင်းသတင်းများအရ သိရသည်။

မီးလောင်ရခြင်း အကြောင်းရင်းကို စုံစမ်းစစ်ဆေးရန်နှင့် လောင်စာဆီများ ပင်လယ်ထဲသို့ မပျံ့နှံ့သွားရေး အရေးပေါ် အစီအစဉ်များ လုပ်ဆောင်ကြရန် ပြည်နယ် အုပ်ချုပ်‌ရေးမှူးက ညွှန်ကြားထားသည်။

မူအန်းခရိုင်၊ ချာလောင်ခရိုင်ခွဲတွင် မီးလောင်မှုဖြစ်ကြောင်း ယနေ့ ဇန်နဝါရီ ၇ ရက် နံနက် ၄ နာရီခန့်တွင် ချာလောင်း ရဲစခန်းနှင့် ကယ်ဆယ်ရေးအဖွဲ့များထံ သတင်း ရောက်ရှိခဲ့သည်။
‌
ပေါက်ကွဲမှုတစ်ခု ဖြစ်ပြီးနောက် ပထမဆုံးလှေတွင် မီးစတင် လောင်ကျွမ်းခဲ့ပြီး မီးလောင်နေသော အပိုင်းအစများကို ပင်လယ်လေများက အခြားကမ်းကပ်ထားသော စပိဘုတ်ဆီ သယ်ဆောင်သွားခဲ့ရာမှ အခြား လှေများကိုလည်း မီးကူးစက် လောင်ကျွမ်းမှု လျင်မြန်သွားခဲ့ကြောင်း မျက်မြင် သက်သေများနှင့် တာဝန်ရှိသူများက ပြောကြားကြသည်။

ကနဦး အကဲဖြတ်ချက်များအရ စပိဘုတ် အစီး ၂၀ ကျော် ပျက်စီးသွားခဲ့သည်။

မြူနီစပယ်ဒေသသုံးခုမှ မီးသတ်တပ်ဖွဲ့များ နှင့် အခြားအေဂျင်စီများက မီးကိုငြှိမ်းသတ်ရန် ကြိုးစားခဲ့ကြရာ ရေဖြန်းပက်နေရင်းမှာပင် မီးထပ်မံ ကူးစက်ခြင်းကို ကာကွယ်ရန် အခြားလှေများ၏ ကြိုးများကို ဖြတ်ကာ လှေများကို အဝေးသို့ မျှောပစ်ရန် လုပ်ဆောင်ခဲ့ကြသည်။

သို့သော် ပင်လယ်ရေ ကျဆင်းနေချိန်ဖြစ်၍ အခြားလှေများသို့ သွားရောက်ရန် အခက်အခဲများ ဖြစ်ပေါ်ခဲ့ခြင်း ကြောင့် မီးကို ချက်ချင်း မထိန်းချုပ်နိုင် ဖြစ်ခဲ့ရသည်။

မီးကို ကူညီထိန်းချုပ်ရန် မီးသတ် ဓာတုဆေးများ ယူသွားရန် နှင့် လောင်စာဆီများ ပင်လယ်ထဲသို့ မရောက်သွားစေ ရေး လုပ်ဆောင်ရန် ပြည်နယ် အုပ်ချုပ်ရေးမှူး နီရတ်ပွန်ဆစ်သာဗွန်က ဖူးခက်ရေကြောင်းဌာနရုံးအား ညွှန်ကြား ခဲ့သည်။

ဆိပ်ခံတွင် တပ်ဆင်ထားသော CCTV ရုပ်သံနှင့် အနီးဝန်းကျင်မှ ‌စောင့်ကြည့် ကင်မရာများကိုပါ ကြည့်ရှု၍ စေ့စေ့စပ်စပ် စုံစမ်း စစ်ဆေးကြရန်လည်း အုပ်ချုပ်‌ရေးမှူးက ရဲတပ်ဖွဲ့နှင့်အခြားတာဝန်ရှိသူများအား ပြောကြားသည်။

ခရီးသွားများကို အနီးအနားသို့ ပို့ဆောင်ရန် အသင့်ပြင်ထားသဖြင့် လှေအများစုမှာ ဆီအပြည့် ဖြည့်ထားကြကြောင်း အရာရှိများက မှတ်ချက်ပြုသည်။

မီးလောင်မှုကြောင့် ၎င်း၏ စပိဘုတ် ၃ စီး ပျက်စီးသွားခဲ့ကြောင်းနှင့် တစ်စီးလျှင် ဘတ် ၅ သန်း တန်ကြောင်း ပိုင် ရှင်တစ်ဦးက ပြောကြားသည်။

အေးကျော်
Ref:The Nation
#MeKongNews
#ဖူးခက်
#ဆိပ်ခံတံတား
#မီးလောင်
#စပိဘုတ်
#ပျက်စီး

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now