နေ့စဥ်သတင်း

၂၀၂၆ ခုနှစ် – ဇန်နဝါရီ ၃ ရက် မှ ဇန်နဝါရီ ၉ ရက်အထိ ရှမ်းပြည် မိုးလေဝသ အခြေအနေ

မဲခေါင် 6 Jan - 2026
ဦးဝင်းနိုင် (မိုးလေဝသပညာရှင်) · ယခု တစ်ပတ်အတွင်း ရှမ်းပြည်တွင်မိုးရွာသွန်းနိုင်မည့် အခြေအနေ – ရှမ်းပြည်မြောက်ပိုင်းနှင့် တောင်ပိုင်းဒေသအချို့တွင် ယခုတစ်ပတ်အတွင်း မိုးအနည်းငယ် (၂၄ နာရီအတွင်း မိုးရေ ချိန် ၀ ဒသမ ၅ မီလီမီတာ မှ ၁ ဒသမ ၅ မီလီမီတာခန့်) ရွာနိုင်၊ မိုးအလွန်နည်းနိုင်ပြီး ရှမ်းပြည်အရှေ့ပိုင်းတွင် မိုးရွာနိုင်သည့် အခြေအနေမရှိပါ။ – ကျိုင်းတုံမြို့နယ်တွင် ဇန်နဝါရီ ၃ ရက်နှင့် ၄ ရက်များတွင် မိုးအနည်းငယ်( ၂၄ နာရီအတွင်း ၁ ဒသမ ၅ မီလီမီတာ ခန့် ) ရွာနိုင်သည်။ · အပူချိန် –

ဦးဝင်းနိုင် (မိုးလေဝသပညာရှင်)

· ယခု တစ်ပတ်အတွင်း ရှမ်းပြည်တွင်မိုးရွာသွန်းနိုင်မည့် အခြေအနေ

– ရှမ်းပြည်မြောက်ပိုင်းနှင့် တောင်ပိုင်းဒေသအချို့တွင် ယခုတစ်ပတ်အတွင်း မိုးအနည်းငယ် (၂၄ နာရီအတွင်း မိုးရေ ချိန် ၀ ဒသမ ၅ မီလီမီတာ မှ ၁ ဒသမ ၅ မီလီမီတာခန့်) ရွာနိုင်၊ မိုးအလွန်နည်းနိုင်ပြီး ရှမ်းပြည်အရှေ့ပိုင်းတွင် မိုးရွာနိုင်သည့် အခြေအနေမရှိပါ။
– ကျိုင်းတုံမြို့နယ်တွင် ဇန်နဝါရီ ၃ ရက်နှင့် ၄ ရက်များတွင် မိုးအနည်းငယ်( ၂၄ နာရီအတွင်း ၁ ဒသမ ၅ မီလီမီတာ ခန့် ) ရွာနိုင်သည်။

· အပူချိန်

– ယခုတစ်ပတ်အတွင်း ရှမ်းပြည်မြောက်ပိုင်း၊ လားရှိုးမြို့တွင် အမြင့်ဆုံးနေ့အပူချိန် ၂၃°C ရှိနိုင်ပြီး အနိမ့်ဆုံးညအပူ ချိန် ၉°C အထိ ကျဆင်းနိုင်သည်။ မူဆယ်မြို့တွင် အမြင့်ဆုံးနေ့အပူချိန် ၂၁°C နှင့် အနိမ့်ဆုံးအပူချိန် ၈°C ရှိပြီး နံနက်ပိုင်းအချိန်များတွင် တိမ်အနိမ့်များ ဖြစ်ထွန်း၍ နံနက်အစောပိုင်း ၁ နာရီမှ နံနက် ၉ နာရီအတွင်း မြူဆိုင်းနိုင်သည်။
– ရှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့တွင် အမြင့်ဆုံးနေ့အပူချိန် ၂၁°C နှင့် အနိမ့်ဆုံးညအပူချိန် ၇°C အထိ ရှိနိုင် သည်။
– ရှမ်းပြည်တောင်ပိုင်းသည် ရှမ်းပြည်နယ်အတွင်း အအေးဆုံးဒေသ ဖြစ်နိုင်ပြီး တိမ်အနည်းငယ် ဖြစ်ထွန်းနိုင်သည်။ အင်းလေးဒေသ ခေါင်တိုင်၊ မိုင်းသောက်၊ အင်းပေါခုံ၊ ရွာမ စသည့် ဒေသများတွင် နံနက်အစောပိုင်း ၁ နာရီမှ နံနက် ၉ နာရီအတွင်း မြူဆိုင်းပြီး တိမ်အနိမ့်များ ဖြစ်ထွန်းနိုင်သည်။
– ရှမ်းပြည်အရှေ့ပိုင်း၊ တာချီလိတ်မြို့နယ်တွင် အမြင့်ဆုံးနေ့အပူချိန် ၂၆°C ရှိနိုင်ပြီး အနိမ့်ဆုံးညအပူချိန် ၁၃°C ခန့် ရှိနိုင်သည်။ ဇန်နဝါရီ ၈ ရက် နံနက်အစောပိုင်းတွင် မြူဆိုင်းနိုင်သည်။
– ကျိုင်းတုံမြို့နယ်တွင် အမြင့်ဆုံးနေ့အပူချိန် ၂၃°C ရှိနိုင်ပြီး အနိမ့်ဆုံးညအပူချိန် ၁၁°C ရှိနိုင်သည်။ ယခုတစ်ပတ်အတွင်း ဇန်နဝါရီ ၃ ရက် မှ ၈ ရက်အထိ နံနက် ၆ နာရီ မှ ၉ နာရီအတွင်း တိမ်အနိမ့်များ အသင့်အတင့် ဖြစ်ထွန်းပြီး မြူဆိုင်းနိုင်သည်။

· လေတိုက်နှုန်း

– ရှမ်းပြည်တခွင်တွင် ယခု တစ်ပတ်အတွင်း အနောက် – အနောက်မြောက်ဘက် အရပ်များမှ လေတိုက်နှုန်း အမြင့် ဆုံး တစ်နာရီ ၅ မိုင်မှ GUST ၁၅ မိုင်ခန့် တိုက်နိုင်သည်။

· လေထုစိုထိုင်းဆ

– ရှမ်းပြည်တစ်ခုလုံးတွင် နေ့လယ်ပိုင်းလေထုစိုထိုင်းဆ ၃၀ ရာခိုင်နှုန်းမှ ၄၀ ရာခိုင်နှုန်းဝန်းကျင် ရှိနိုင်ပြီး၊ ညနေပိုင်း၊ ညပိုင်းနှင့် နံနက်အစောပိုင်း အချိန်များတွင် ၇၀ ရာခိုင်နှုန်းမှ ၈၀ ရာခိုင်နှုန်းအထိ ရှိနိုင်သည်။
– နေ့လည်ပိုင်း လေထုစိုထိုင်းဆ မြင့်မားသည့် ဒေသများတွင် ခံစားရသည့်အပူချိန် အမြင့်ဆုံး (Feels Like Tem perature) မှာ ၂၄°C ခန့် ရှိနေနိုင်သည်။

· မြေဆီလွှာစိုထိုင်းဆ

– ရှမ်းပြည်တောင်ပိုင်းနှင့် မြောက်ပိုင်းတို့၏ ပျမ်းမျှမြေဆီလွှာ စိုထိုင်းဆသည် မြေအောက်အနက် ၄၀ စင်တီမီတာ (၁၆ လက်မခန့်)တွင် ၇ ရာခိုင်နှုန်းနှင့် မြေအောက်အနက် ၁၀၀ စင်တီမီတာ (လက်မ ၄၀ ခန့်)တွင် ၂၂ ရာခိုင်နှုန်းခန့် ရှိနိုင်သည်။ ရှမ်းပြည်အရှေ့ပိုင်း ဒေသများတွင် မြေအောက်အနက် ၄၀ စင်တီမီတာ (၁၆ လက်မခန့်) တွင် ၂၀ ရာခိုင်နှုန်းနှင့် မြေအောက်အနက် ၁၀၀ စင်တီမီတာ (လက်မ ၄၀ ခန့်) တွင် ၃၃ ရာခိုင်နှုန်းခန့် ရှိနိုင်သည်။
– ရှမ်းပြည်မြောက်ပိုင်းနှင့် တောင်ပိုင်းတို့၏ မြေဆီလွှာအတွင်း ရေဓာတ်ပါဝင်နှုန်းသည် ယခုတစ်ပတ်အတွင်း နှစ်စဉ် ဖြစ်မြဲအောက် ၁၅ မီလီမီတာမှ ၁၇ မီလီမီတာခန့် လျော့နည်းနေနိုင်ပြီး ရှမ်းပြည် အရှေ့ပိုင်းဒေသများတွင် မြေဆီလွှာအတွင်း ရေဓာတ်ပါဝင်နှုန်းသည် နှစ်စဉ် ဖြစ်မြဲအောက် ၆ ဒသမ ၄ မီလီမီတာခန့် လျော့နည်းနိုင်သည်။
မြေဆီလွှာအစိုဓာတ် ကိန်းအောင်းမှုနှင့် မြေဆီလွှာစိုထိုင်းဆ လျော့နည်းလာချိန်တွင်
– မြေဆီလွှာအစိုဓာတ်ကို ထိန်းသိမ်းနိုင်ရန် ရေသွင်းခြင်း
– ဟင်းသီးဟင်းရွက်နှင့် ပန်းစိုက်ခန်းများတွင် နေကာစများမိုးပေးခြင်း
– စိုက်ပျိုးပင်များ၏ ပင်စည်၊ အရွက်ခြောက်သွေ့ ညှိုးနွမ်းလာမှုအား သတိထား စောင့်ကြည့်ခြင်းများကို စိုက်ပျိုးရေး ပညာရှင်များနှင့် တိုင်ပင်ပြီး ဆောင်ရွက်ရန် လိုအပ်ပါသည်။

· လေထုညစ်ညမ်းမှု အခြေအနေ

– ရှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့၏ လေထုညစ်ညမ်းမှု အခြေအနေ (AQI Value) သည် ၇၂ ရှိနိုင်ပြီး၊ ရှမ်းပြည် မြောက်ပိုင်း၊ လားရှိုးတွင် ၆၂ နှင့် ရှမ်းပြည်အရှေ့ပိုင်း၊ တာချီလိတ်တွင် ၆၅ ရှိနိုင်ပါသည်။ ရှမ်းပြည်တစ်ခုလုံးတွင် အန္တရာယ်ရှိနိုင်သည့် လေထု ညစ်ညမ်းမှုအဆင့် မရှိပါ။

· ပင်လယ်ပြင်မှ ထူးခြားသည့်မိုးလေဝသ အခြေအနေ

– အိန္ဒိယသမုဒ္ဒရာ မြောက်ပိုင်း၊ အာရေဗျပင်လယ်၊ ဘင်္ဂလားပင်လယ်အော်၊ ကပ္ပလီပင်လယ်နှင့် တောင်တရုတ် ပင် လယ်ပြင်များတွင် ထူးခြားသည့် အခြေအနေ (လေဖိအားနည်းရပ်ဝန်း/မုန်တိုင်း) ဖြစ်ပေါ်မှု/ ဖြစ်ပေါ်ရန် မရှိပါ။
– ကမ္ဘာ့တောင်ဘက်ခြမ်း၊ အိန္ဒိယသမုဒ္ဒရာ တောင်ဘက်ခြမ်းတွင် ဆိုင်ကလုန်းမုန်တိုင်း GRANT နှင့် IGGY ဖြစ်ပေါ် လျှက်ရှိကာ အနောက်ဘက်သို့ ဆက်လက် ရွေ့လျားနိုင်သည်။
– အိန္ဒိယသမုဒ္ဒရာ မြောက်ပိုင်း ပင်လယ်များတွင် အနောက်၊ အနောက်မြောက် လေစီးကြောင်း အားကောင်းလာပြီး အိန္ဒိယမြောက်ပိုင်းမှ လေအေးများ သယ်ဆောင်လာသောကြောင့် အအေးဓာတ် ပိုလာနိုင်သည်မှအပ သဘာဝဘေး ဖြစ်စေနိုင်သည့် သက်ရောက်မှုမျိုး မရှိပါ။

#MeKongNews
#မိုးလေဝသခန့်မှန်းချက်
#ရှမ်းပြည်
#ဦးဝင်းနိုင်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now