ကမ္ဘာ့သတင်း

မာဂျူရိုကို အမေရိကန် ဖမ်းဆီးမှုတွင် ကျူးဘား စစ်သား ၃၂ ဦးအပါ ၈၀ ကျော် သေဆုံး

မဲခေါင် 5 Jan - 2026
မဲခေါင်၊ ဇန်နဝါရီ ၅ ဗင်နီဇွဲလားသမ္မတ မာဂျူရိုနှင့် ဇနီးကို ကာရာကက်စ်မြို့တွင် အမေရိကန်တပ်များက ဝင်ရောက် ဖောက်ခွဲ တိုက်ခိုက်ပြီးနောက် ဖမ်းဆီးခဲ့မှု၌ ကျူးဘားစစ်သား ၃၂ ဦးအပါအဝင် စုစုပေါင်း ၈၀ ဦး သေဆုံးခဲ့ကြောင်း နောက်ဆုံးရ သတင်းများအရ သိရသည်။ ဇန်နဝါရီ ၃ ရက်တွင် ကာရာကက်စ်မြို့သို့ အမေရိကန် စစ်လေယာဉ် အစီး ၁၅၀ ကျော် ပျံသန်းဝင်ရောက် တိုက်ခိုက်ပြီး မာဂျူရိုနှင့် ဇနီးကို ဖမ်းဆီး ခေါ်ဆောင်ခဲ့ရာတွင် အနည်းဆုံး သေဆုံးသူ ၈၀ ရှိပြီ ဖြစ်ကြောင်း ဗင်နီဇွဲလား တာဝန်ရှိသူတစ်ဦးက နယူးယောက်တိုင်းမ်သို့ ဒီဇင်ဘာ ၄ ရက်တွင် ပြောကြားခဲ့သည်။ ယင်းတိုက်ခိုက်မှု၌

မဲခေါင်၊ ဇန်နဝါရီ ၅

ဗင်နီဇွဲလားသမ္မတ မာဂျူရိုနှင့် ဇနီးကို ကာရာကက်စ်မြို့တွင် အမေရိကန်တပ်များက ဝင်ရောက် ဖောက်ခွဲ တိုက်ခိုက်ပြီးနောက် ဖမ်းဆီးခဲ့မှု၌ ကျူးဘားစစ်သား ၃၂ ဦးအပါအဝင် စုစုပေါင်း ၈၀ ဦး သေဆုံးခဲ့ကြောင်း နောက်ဆုံးရ သတင်းများအရ သိရသည်။

ဇန်နဝါရီ ၃ ရက်တွင် ကာရာကက်စ်မြို့သို့ အမေရိကန် စစ်လေယာဉ် အစီး ၁၅၀ ကျော် ပျံသန်းဝင်ရောက် တိုက်ခိုက်ပြီး မာဂျူရိုနှင့် ဇနီးကို ဖမ်းဆီး ခေါ်ဆောင်ခဲ့ရာတွင် အနည်းဆုံး သေဆုံးသူ ၈၀ ရှိပြီ ဖြစ်ကြောင်း ဗင်နီဇွဲလား တာဝန်ရှိသူတစ်ဦးက နယူးယောက်တိုင်းမ်သို့ ဒီဇင်ဘာ ၄ ရက်တွင် ပြောကြားခဲ့သည်။

ယင်းတိုက်ခိုက်မှု၌ ဗင်နီဇွဲလားနှင့် ၂ နိုင်ငံကာကွယ်ရေး သဘောတူ စာချုပ်ကြောင့် မာဂျူရိုအား လာရောက် ကာကွယ်ပေးနေသည့် ကျူးဘား စစ်သားများလည်း သေဆုံးခဲ့သည်ဟု အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြောဆိုခဲ့ကာ တကယ်တမ်းလည်း ကျူးဘားစစ်သား ၃၂ ယောက် သေဆုံးကြောင်း သမ္မတ မီဂွဲဒီယက်ဇ် ကန်နယ်က ဒီဇင်ဘာ ၄ ရက်တွင် အတည်ပြု ထုတ်ပြန်ခဲ့သည်။

ထို့နောက် တရားဝင် စစ်ရေးတာဝန်အဖြစ် ရဲရင့်စွာ ထမ်းဆောင်ရင်း ကျဆုံးခဲ့ရသည့် စစ်သည်များအတွက် ဇန်နဝါရီ ၅ ရက်နှင့် ၆ ရက်များကို အမျိုးသား ဝမ်းနည်းဖွယ်နေ့များ အဖြစ် သတ်မှတ်ကြောင်းပါ မိန့်ခွန်းတွင် ထည့်သွင်းပြောဆိုခဲ့သည်။

မာဂျူရိုကို မူးယစ်အကြမ်းဖက် ခေါင်းဆောင်အဖြစ် သတ်မှတ်ကာ ယခုလိုဝင်ရောက် ဖမ်းဆီးခဲ့မှုအပြီး ကိုလံဘီယာ သမ္မတ ဂူစတာဗိုပီထရိုနှင့် အစိုးရသည်လည်း မာဂျူရိုအစိုးရနှင့် မခြား ကိုကင်းများကို ထုတ်လုပ်ကာ အမေရိကန်နိုင်ငံအတွင်း ပေးပို့ ရောင်းချနေသည့်အတွက် ထပ်မံ လုပ်ဆောင်နေဦးမည် ဆိုလျှင် ဗင်နီဇွဲလားကဲ့သို့ စစ်ရေးအရ ဝင်ရောက် တိုက်ခိုက်ခြင်းမျိုးမှာ မိမိအတွက် နားဝင်ချိုသည့် အသံဖြစ်သည် ဟုဆိုကာ ထရမ့်က ထပ်မံ သတိပေး ခြိမ်းခြောက်သွားခဲ့သည်။

ကိုကလင်း
Ref: New York Times
#MeKongNews
#မာဂျူရို
#အမေရိကန်
#ကျူးဘား
#စစ်သား
#သေဆုံး

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now