ကမ္ဘာ့သတင်း

မာဒူရိုကို ဖမ်းဆီးခြင်းမှာ ရေနံကြောင့်မဟုတ်ဟု ရူဘီယို ငြင်းဆို

မဲခေါင် 5 Jan - 2026
မဲခေါင်၊ ဇန်နဝါရီ ၅ ဗင်နီဇွဲလား ခေါင်းဆောင် နီကိုးလပ်စ်မာဒူရိုကို ဖမ်းဆီးရန် သမ္မတ ဒေါ်နယ်ထရမ့်၏ ဆုံးဖြတ်ချက်သည် မာဒူရို မရှိတော့သည့် နောက်ပိုင်း အမေရိကန် ရေနံကုမ္ပဏီများအတွက် လုပ်ငန်းသဘောတူညီချက်များ ပိုမိုလွယ်ကူစေရန် ရည်ရွယ်ခြင်းဖြစ်သည်ဟူသော ပြောဆိုချက်များကို အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယိုက ယနေ့တွင် ပယ်ချလိုက်သည်။ CBS ၏ “Face the Nation” အစီအစဉ်တွင် ရေနံကုမ္ပဏီများကို မျက်နှာသာပေးရန် ယခုကဲ့သို့ လုပ်ဆောင်ခဲ့ခြင်း ဟုတ်၊ မဟုတ်မေးမြန်းရာ “အခု ဖြစ်ပျက်ခဲ့တာကတော့ ကျနော်တို့ဟာ မူးယစ်ဆေး မှောင်ခိုသမားတစ်ဦးကို ဖမ်းဆီးခဲ့တာဖြစ်ပြီး၊ သူဟာ ကျနော်တို့ ပြည်သူတွေအပေါ် ၁၅ နှစ်ကြာ ကျူးလွန်ခဲ့တဲ့ ရာဇ၀တ်မှုတွေ အတွက်

မဲခေါင်၊ ဇန်နဝါရီ ၅

ဗင်နီဇွဲလား ခေါင်းဆောင် နီကိုးလပ်စ်မာဒူရိုကို ဖမ်းဆီးရန် သမ္မတ ဒေါ်နယ်ထရမ့်၏ ဆုံးဖြတ်ချက်သည် မာဒူရို မရှိတော့သည့် နောက်ပိုင်း အမေရိကန် ရေနံကုမ္ပဏီများအတွက် လုပ်ငန်းသဘောတူညီချက်များ ပိုမိုလွယ်ကူစေရန် ရည်ရွယ်ခြင်းဖြစ်သည်ဟူသော ပြောဆိုချက်များကို အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယိုက ယနေ့တွင် ပယ်ချလိုက်သည်။

CBS ၏ “Face the Nation” အစီအစဉ်တွင် ရေနံကုမ္ပဏီများကို မျက်နှာသာပေးရန် ယခုကဲ့သို့ လုပ်ဆောင်ခဲ့ခြင်း ဟုတ်၊ မဟုတ်မေးမြန်းရာ “အခု ဖြစ်ပျက်ခဲ့တာကတော့ ကျနော်တို့ဟာ မူးယစ်ဆေး မှောင်ခိုသမားတစ်ဦးကို ဖမ်းဆီးခဲ့တာဖြစ်ပြီး၊ သူဟာ ကျနော်တို့ ပြည်သူတွေအပေါ် ၁၅ နှစ်ကြာ ကျူးလွန်ခဲ့တဲ့ ရာဇ၀တ်မှုတွေ အတွက် အမေရိကန်မှာ တရားရင်ဆိုင်ရတော့မှာ ဖြစ်ပါတယ်” ဟု ရူဘီယိုက ဖြေကြားခဲ့သည်။

“ရေနံနဲ့ပတ်သက်ပြီး ပြောရရင်တော့ ဗင်နီဇွဲလားရဲ့ ရေနံလုပ်ငန်းဟာ လုံးဝကို ပျက်စီးနေပါပြီ။ သူတို့နိုင်ငံနဲ့ ပြည်သူတွေအတွက် ကြွယ်ဝချမ်းသာမှုတွေ အများကြီး ဖန်တီးပေးခဲ့တဲ့ ရေနံတွင်းတွေ အားလုံးဟာ ပျက်စီးကုန်ပါပြီ။ အဲဒါတွေက ဟောင်းနွမ်း ဆွေးမြည့်နေပြီး ဘဏ္ဍာရေးအရလည်း ဒေဝါလီခံနေရပါပြီ” ဟု ၎င်းက ဆိုသည်။

“အဲဒီလုပ်ငန်းတွေမှာ ပြန်လည် ရင်းနှီးမြှုပ်နှံဖို့ လိုအပ်နေတာကတော့ သိသာထင်ရှားပါတယ်။ သူတို့မှာ အဲဒီလုပ်ငန်းကို ပြန်လည် ထူထောင်နိုင်တဲ့ လုပ်ဆောင်နိုင်စွမ်း မရှိတော့ဘူး။ အာမခံချက်နဲ့ လုပ်ငန်းအခြေအနေ အချို့ အောက်မှာသာ ရင်းနှီးမြှုပ်နှံမယ့် ပုဂ္ဂလိက ကုမ္ပဏီတွေဆီက ရင်းနှီးမြှုပ်နှံမှုတွေ သူတို့ လိုအပ်နေပါတယ်” ဟု ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

ABC ၏ “This Week” အစီအစဉ်တွင်မူ ၎င်းအနေဖြင့် ရေနံကုမ္ပဏီများနှင့် တိုက်ရိုက် ဆက်သွယ်ပြောဆိုခြင်း မရှိသေးသော်လည်း၊ ထိုကုမ္ပဏီများနှင့် ဆက်သွယ် ဆောင်ရွက်မည့် ပြည်ထဲရေးဝန်ကြီးဌာနနှင့် စွမ်းအင်ဝန်ကြီးဌာန ဝန်ကြီးများနှင့် စကားပြောဆိုထားကြောင်း ရူဘီယိုက ပြောကြားခဲ့သည်။

ထို့ပြင် အနောက်နိုင်ငံကုမ္ပဏီများနှင့် ရုရှားနှင့်တရုတ်မဟုတ်သော ကုမ္ပဏီများထံမှ အကြီးအကျယ် စိတ်ဝင်စားမှုများ ရှိလာလိမ့်မည်ဟု ၎င်းက ခန့်မှန်းထားသည်။

“အမေရိကန် ပင်လယ်ကွေ့ ကမ်းရိုးတန်းက ကျနော်တို့ရဲ့ ရေနံချက်စက်ရုံတွေဟာ ဒီလို ရေနံစိမ်း တွေကို ချက်လုပ်တဲ့နေရာမှာ အကောင်းဆုံးတွေပါ။ ပြီးတော့ လက်ရှိ ကမ္ဘာတစ်ဝှမ်းမှာ ရေနံစိမ်း ပြတ်လပ်မှုတွေ ရှိနေတဲ့ အတွက်ကြောင့် အခွင့်အရေးနဲ့ နေရာပေးမယ်ဆိုရင် ပုဂ္ဂလိကလုပ်ငန်းတွေ ဘက်ကနေ အလွန်အမင်း ဝယ်လိုအားနဲ့ စိတ်ဝင်စားမှုတွေ ရှိလာလိမ့်မယ်လို့ ကျနော် ထင်ပါတယ်” ဟု ရူဘီယိုက ဆိုသည်။

Ref: CNN
#MeKongNews
#မာဒူရို
#ဖမ်းဆီး
#ရေနံ
#ရူဘီယို

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now