ကမ္ဘာ့သတင်း

မာဂျုရိုနှင့် ဇနီးအား ချက်ချင်း ပြန်လွှတ်ပေးရန် တရုတ် တောင်းဆို

မဲခေါင် 4 Jan - 2026
မဲခေါင်၊ ဇန်နဝါရီ ၄ ဗင်နီဇွဲလားမြို့တော် ကာရာကက်စ်မှ အမေရိကန် တပ်ဖွဲ့ဝင်များ၏ ဖမ်းဆီး ခေါ်ဆောင်သွားခြင်း ခံရပြီးနောက် လက်ရှိတွင် အမေရိကန်၌ ထိန်းသိမ်းခံထားရသည့် ဗင်နီဇွဲလားသမ္မတ နီကိုးလပ်စ် မာဒူရိုနှင့် ၎င်း၏ဇနီးဖြစ်သူတို့ကို ချက်ချင်း ပြန်လွှတ်ပေးရန် တရုတ်နိုင်ငံက ယနေ့တွင် တောင်းဆိုလိုက်သည်။ “သမ္မတ မာဂျုရိုနဲ့ ၎င်းရဲ့ဇနီးတို့ရဲ့ ကိုယ်ရေးကိုယ်တာ လုံခြုံမှုကို အာမခံပေးဖို့၊ သူတို့ကို ချက်ချင်း ပြန်လွှတ်ပေးဖို့၊ ဗင်နီဇွဲလားအစိုးရကို ဖြုတ်ချဖို့ ကြိုးပမ်းနေမှုတွေကို ရပ်တန့်ဖို့နဲ့ ဒီပြဿနာကိုတွေ့ဆုံဆွေးနွေး အဖြေရှာတဲ့ နည်းလမ်းနဲ့ ဖြေရှင်းဖို့ အမေရိကန်ကို တရုတ်နိုင်ငံက တောင်းဆိုပါတယ်” ဟု တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ အချုပ်အခြာအာဏာပိုင် နိုင်ငံတစ်နိုင်ငံနှင့် ယင်းနိုင်ငံ၏

မဲခေါင်၊ ဇန်နဝါရီ ၄

ဗင်နီဇွဲလားမြို့တော် ကာရာကက်စ်မှ အမေရိကန် တပ်ဖွဲ့ဝင်များ၏ ဖမ်းဆီး ခေါ်ဆောင်သွားခြင်း ခံရပြီးနောက် လက်ရှိတွင် အမေရိကန်၌ ထိန်းသိမ်းခံထားရသည့် ဗင်နီဇွဲလားသမ္မတ နီကိုးလပ်စ် မာဒူရိုနှင့် ၎င်း၏ဇနီးဖြစ်သူတို့ကို ချက်ချင်း ပြန်လွှတ်ပေးရန် တရုတ်နိုင်ငံက ယနေ့တွင် တောင်းဆိုလိုက်သည်။

“သမ္မတ မာဂျုရိုနဲ့ ၎င်းရဲ့ဇနီးတို့ရဲ့ ကိုယ်ရေးကိုယ်တာ လုံခြုံမှုကို အာမခံပေးဖို့၊ သူတို့ကို ချက်ချင်း ပြန်လွှတ်ပေးဖို့၊ ဗင်နီဇွဲလားအစိုးရကို ဖြုတ်ချဖို့ ကြိုးပမ်းနေမှုတွေကို ရပ်တန့်ဖို့နဲ့ ဒီပြဿနာကိုတွေ့ဆုံဆွေးနွေး အဖြေရှာတဲ့ နည်းလမ်းနဲ့ ဖြေရှင်းဖို့ အမေရိကန်ကို တရုတ်နိုင်ငံက တောင်းဆိုပါတယ်” ဟု တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အချုပ်အခြာအာဏာပိုင် နိုင်ငံတစ်နိုင်ငံနှင့် ယင်းနိုင်ငံ၏ သမ္မတအပေါ် အမေရိကန်ပြည်ထောင်စု၏ ပြောင်ပြောင်တင်းတင်း အင်အားသုံး လုပ်ဆောင်ချက်အပေါ် တရုတ်နိုင်ငံအနေဖြင့် အလွန်အမင်း တုန်လှုပ်မိသလို ပြင်းထန်စွာ ရှုတ်ချကြောင်း ဗင်နီဇွဲလားတွင် လုပ်ဆောင်ခဲ့သော အမေရိကန်၏ စစ်ဆင်ရေးအပြီး ယမန်နေ့တွင် တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သေးသည်။

အမေရိကန်၏ ယခုကဲ့သို့ ဗိုလ်ကျစိုးမိုးသည့် လုပ်ရပ်များမှာ နိုင်ငံတကာဥပဒေနှင့် ဗင်နီဇွဲလားနိုင်ငံ၏ အချုပ်အခြာ အာဏာကို ပြင်းထန်စွာ ချိုးဖောက်နေပြီး လက်တင်အမေရိကနှင့် ကာရစ်ဘီယံဒေသ၏ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးကို ခြိမ်းခြောက်နေသဖြင့် တရုတ်နိုင်ငံအနေဖြင့် ယင်းလုပ်ရပ်ကို ပြတ်ပြတ်သားသား ဆန့်ကျင်ကြောင်းလည်း ထုတ်ပြန်ချက်က ဆိုသည်။

အမေရိကန်အနေဖြင့် နိုင်ငံတကာဥပဒေများ၊ ကုလသမဂ္ဂ ပဋိညာဉ်စာတမ်းပါ ရည်ရွယ်ချက်နှင့် အခြေခံမူများကို လိုက်နာရန်နှင့် အခြားနိုင်ငံများ၏ အချုပ်အခြာအာဏာနှင့် လုံခြုံရေးကို ချိုးဖောက်နေမှုများအား ရပ်တန့်ရန် တောင်းဆိုကြောင်း တရုတ်က ဆိုသည်။

ထို့အတူ အမေရိကန်၏ လုပ်ရပ်ကို နိုင်ငံတကာ ဓားပြတိုက်မှု ဟု ဗင်နီဇွဲလား၏ မိတ်ဖက် ရုရှားအစိုးရက ကင်ပွန်းတပ်ခဲ့ပြီး အချုပ်အခြာအာဏာပိုင် နိုင်ငံတစ်ခု၏ ခေါင်းဆောင်ကို အဓမ္မ ဖမ်းဆီးခြင်းသည် နိုင်ငံတကာ ဥပဒေအားလုံးကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်ခြင်း ဖြစ်ကြောင်း ပြောကြားခဲ့သည်။

အမေရိကန်၏ လုပ်ရပ်သည် အန္တရာယ်ရှိသော လုပ်ရပ်ဖြစ်ပြီး ယင်းဖြစ်ရပ်ကြောင့် ဖြစ်ပေါ်လာမည့် နောက် ဆက်တွဲ အကျိုးဆက်များအတွက် အမေရိကန်တွင် လုံးဝ တာဝန်ရှိသည်ဟု ရုရှားနိုင်ငံခြားရေး ဝန်ကြီးဌာနက သတိပေးထားသည်။

ထို့ပြင် ယင်းကိစ္စနှင့် ပတ်သက်၍ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ တွင် အရေးပေါ် အစည်းအဝေး ခေါ်ယူရန် ရုရှားက ချက်ချင်း တောင်းဆိုထားပြီး အမေရိကန်၏ တရားမဝင် ကျူးကျော်မှုကို ကမ္ဘာက သိအောင် လုပ်ဆောင်မည်ဟု ရုရှားသံအမတ်က ပြောကြားခဲ့သည်။

Ref: CNN
#MeKongNews
#မာဂျုရို
#ပြန်လွှတ်
#တရုတ်
#တောင်းဆို

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now