နေ့စဥ်သတင်း

အောင်ခမ်းထီသားနှင့် နေဝင်းထွန်း ဦးဆောင်ပြီး ပင်လောင်းတွင် မူးယစ်ဆေး ထုတ်နေ

မဲခေါင် 4 Jan - 2026
မဲခေါင်၊ ဇန်နဝါရီ ၄ စစ်ကောင်စီ လက်အောက်ခံ PNO – ပြည်သူ့စစ်၏ ဒုစစ်ဦးစီးချုပ် နေဝင်းထွန်းနှင့် အောင်ခမ်းထီ၏သား ခွန်အောင်ကျော်တို့ ဦးဆောင်ကာ ပင်လောင်းမြို့နယ်အတွင်း PNO က မူးယစ်ဆေးဝါး ထုတ်လုပ်နေကြောင်း မဲခေါင် သတင်းရင်းမြစ်များထံမှ သိရသည်။ PNO သည် လုံးနဂါးပတ်ကျေးရွာ အနောက်ဘက်ရှိ တောတွင်း တစ်နေရာနှင့် မွေးပြင် ကျေးရွာအုပ်စု ပေါင်းလောင်း တောတွင်း နေရာများတွင် မူးယစ်ဆေးဝါး ထုတ်လုပ်ခြင်း ဖြစ်သည်ဟု သတင်းရင်းမြစ်များက ပြောသည်။ PNO ဗျူဟာမှူး ဒုဗိုလ်မှူးကြီး ခွန်အောင်ကျော် ဦးစီးကာ ဟွမ်ဖီးဟု ခေါ်သည့် မူးယစ်ဆေး နံပါတ် ၃ ကို ထုတ်လုပ်သည်ဟု သတင်းရင်းမြစ်များက

မဲခေါင်၊ ဇန်နဝါရီ ၄

စစ်ကောင်စီ လက်အောက်ခံ PNO – ပြည်သူ့စစ်၏ ဒုစစ်ဦးစီးချုပ် နေဝင်းထွန်းနှင့် အောင်ခမ်းထီ၏သား ခွန်အောင်ကျော်တို့ ဦးဆောင်ကာ ပင်လောင်းမြို့နယ်အတွင်း PNO က မူးယစ်ဆေးဝါး ထုတ်လုပ်နေကြောင်း မဲခေါင် သတင်းရင်းမြစ်များထံမှ သိရသည်။

PNO သည် လုံးနဂါးပတ်ကျေးရွာ အနောက်ဘက်ရှိ တောတွင်း တစ်နေရာနှင့် မွေးပြင် ကျေးရွာအုပ်စု ပေါင်းလောင်း တောတွင်း နေရာများတွင် မူးယစ်ဆေးဝါး ထုတ်လုပ်ခြင်း ဖြစ်သည်ဟု သတင်းရင်းမြစ်များက ပြောသည်။

PNO ဗျူဟာမှူး ဒုဗိုလ်မှူးကြီး ခွန်အောင်ကျော် ဦးစီးကာ ဟွမ်ဖီးဟု ခေါ်သည့် မူးယစ်ဆေး နံပါတ် ၃ ကို ထုတ်လုပ်သည်ဟု သတင်းရင်းမြစ်များက ဆိုသည်။

“အဲဒီ လုံးနဂါးပတ် အနောက်ဘက် နေရာက နေဝင်းထွန်းနဲ့ အောင်ကျော်ရဲ့ ပစ္စည်းတွေ ချက်လုပ်တဲ့နေရာ သူတို့က နာမည်ခံတာပေါ့၊ သူဌေးတွေက အရင်းအနှီး စိုက်ပြီး ပေါင်းလုပ်တာ။ ချက်တဲ့နေရာကို ကြီးကြပ်ပြီး လုပ်တာကတော့ သူတို့ တပည့်ဖြစ်တဲ့ ဗိုလ်ကြီးပဲပြုတ် ခေါ် ခွန်နိုင်ဦးက ဦးဆောင်ပြီး ကြီးကြပ်လုပ်တာ”ဟု မဲခေါင် သတင်းရင်းမြစ်က ပြောသည်။

ယင်းနေရာတွင် PNO က မူးယစ်ဆေး ထုတ်နေသည်မှာ ၄ နှစ်ရှိပြီ ဖြစ်ပြီး နေဝင်းထွန်းနှင့် ခွန်အောင်ကျော်က တာဝန်ခံပေး ခြင်းကြောင့် ရှယ်ယာထည့်သည့် သူဌေးလည်း များပြားနေကြောင်း သတင်းရင်းမြစ်က ပြောသည်။

“PNO မှာ ပါဝါ အကြီးဆုံးလို့ ပြောလို့ရတဲ့ သူတွေက တာဝန်ခံတော့ ရှယ်ယာထည့်ကြတာ များတာပေါ့။ တောင်ကြီးက သူဌေးတွေရော တရုတ်တွေရော ရှယ်ယာတွေ ထည့်ကြတယ်”ဟု ၎င်းက ပြောသည်။

ထို့ပြင် ခွန်အောင်ကျော် အမည်ဖြင့် သယ်ယူဖြန့်ချိသည့် မူးယစ်ဆေးဝါးများကို PNO အချင်းချင်း ဖမ်းမိသော်လည်း ပြန်လွှတ် ပေးရသည်လည်း ရှိကြောင်း သိရသည်။

အင်လေးတောင်ပိုင်း၊ ညောင်ရွှေမြို့နှင့် ပင်လောင်းကို ဆက်သွယ်ထားသည့် မှော်ဘီတံတားတွင်လည်း ခွန်အောင်ကျော်၏ မူးယစ်ဆေးများကို မကြာခဏ ဖမ်းမိသော်လည်း ပြန်လွှတ် ပေးခဲ့ရကြောင်း PNO မှ ဗိုလ်မှူးဖေက ပြောသည်။

ဗိုလ်မှူးဖေသည် ပြီးခဲ့သည့် နိုဝင်ဘာလ တိုက်ပွဲအတွင်း သေဆုံးခဲ့ပြီဖြစ်ပြီး ခွန်အောင်ကျော်ပိုင် မူးယစ်ဆေးဝါးများ ဖမ်းမိမှုကို မသေဆုံးခင်က မဲခေါင်နှင့် တွေ့ဆုံစဉ် ပြောကြားခဲ့ကာ ယင်းအကြောင်းအရာများကို ၎င်းအသက်ရှင် နေသမျှ ထုတ်ဖော် ရေးသားခြင်းမပြုရန် တောင်းဆိုခဲ့သဖြင့် ယင်းဖြစ်ရပ်များကို မဲခေါင် သတင်းဌာနက ယခင်တွင် မဖော်ပြခဲ့ခြင်း ဖြစ်သည်။

“၂၀၂၁ မှာ ငါတို့ တစ်ခါ ဖမ်းမိတာဆို ကား ၂ စီး အပြည့်လေ၊ ကားလည်းရ ပစ္စည်းရဆိုတော့ အပိုင်ပဲဆိုပြီး လုပ်နေတာ။ ပြီးတော့ အောင်ကျော်က ဖုန်းဆက်လာပြီး အဲဒါ သူ့ပစ္စည်း ထိရဲထိကြည့် ရဲတွေတောင် မထိရဲတာ မင်းတို့က ဘာကောင်လဲလို့ ပြောလာတော့ ပြန်လွှတ် ပေးရတာပေါ့ကွာ။ သူက အဘအောင်ခမ်းထီရဲ့ သားလေ မလုပ်ရဲဘူး”ဟု ၎င်းက ပြောခဲ့ခြင်း ဖြစ်သည်။

ယင်းသို့ မူးယစ်ဆေး ပြဿနာများကြောင့် ဗိုလ်မှူးဖေကို နောက်ပိုင်းတွင် PNO က ရာထူး ချခဲ့သော်လည်း ကရင်နီနယ်စပ်၌ တိုက်ပွဲဖြစ်ချိန်တွင် ၎င်းအား ရာထူး ပြန်ပေးခဲ့သည်။

ထို့ပြင် ပင်လောင်း အနောက်ဘက်ခြမ်း မွေးပြင် ကျေးရွာအုပ်စုရှိ ပေါင်းလောင်းဒေသ တောတွင်းတွင်လည်း သတ္တုတူးသည်ဟု အကြောင်းပြကာ နေဝင်းထွန်း တပ်ဖွဲ့များက မူးယစ်ဆေး ထုတ်နေကြောင်းလည်း သတင်းရင်းမြစ်များက ပြောသည်။

“မွေးပြင်ဒေသက သွားလာရခက်ခဲပြီး တောနက်တွေနဲ့ ပြည့်တဲ့ဒေသတွေ အရင်တုန်းက သဘာဝ သစ်မွေးပင်တွေ ဆိုလည်း နေဝင်းထွန်းတို့ အလကား ယူခဲ့ကြတာ။ နောက်တော့ သတ္တုတူးတယ် အကြောင်းပြပြီး မူးယစ်ဆေးဝါး ထုတ်လုပ်ကြတယ်။‌ သူတို့ ဘိန်းချက်တဲ့ နေရာကို ဒေသခံတွေ သွားလို့မရဘူး။ ဒီဘက် တောင်ပေါ် ဒေသတွေကလည်း ယာမဆေးပြားတွေ ရောက်လာတာက နေဝင်းထွန်းလူတွေပဲ ယူလာတာ”ဟု သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

ထို့ပြင် ယင်းဒေသထွက် ဘိန်းမဲများကို PNO က ပြန်လည်ဝယ်ယူရာတွင်လည်း ငွေအပြည့် မပေးဘဲ တစ်ချို့ တဝက်ကို ယာမဆေးပြားဖြင့် ပေးချေကြသည်ဟု မွေးပြင်အုပ်စုရှိ ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

ပင်လောင်းမြို့နယ် တောင်ဘက်နှင့် အနောက်ဘက် ကျေးရွာအများစုသည် စစ်အာဏာ သိမ်းပြီးနောက် ဘိန်းကိုအဓိက စိုက်ပျိုးကြပြီး မိုးရာသီနှင့် ဆောင်းရာသီတွင် ရေသွင်းကာ တစ်နှစ် ၂ ကြိမ် စိုက်ပျိုးကြကြောင်း ဒေသခံများထံမှ သိရသည်။

#MeKongNews
#ဦးနေဝင်းထွန်း
#ဦးအောင်ခမ်းထီ
#မူးယစ်ဆေး
#PNO

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now