နိုင်ငံတကာသတင်း

နယ်စပ်စည်း ပြောင်းပစ်သည်ဟု ကမ္ဘောဒီးယား စွပ်စွဲမှုကို ထိုင်း ငြင်းဆို

မဲခေါင် 3 Jan - 2026
မဲခေါင်၊ ဇန်နဝါရီ ၃ ထိုင်းစစ်တပ် လှုပ်ရှားမှုများက နယ်စပ်စည်းအား ပြောင်းလဲပစ်နေခြင်း ဖြစ်ကြောင်း ကမ္ဘောဒီးယား၏ ပြောဆိုမှုများကို ထိုင်းက ငြင်းဆိုလိုက်ကာ မူလကတပ်များ ချထားမှုကို ဆက်လက် ထိန်းသိမ်းထားပြီး အပစ်အခတ် ရပ်စဲမှု သဘောတူညီချက်ကို အပြည့်အဝ လိုက်နာနေသည်ဟု အလေးအနက် ပြောသည်။ ဒီဇင်ဘာ ၂၇ ရက် တွင် နှစ်နိုင်ငံ ထုတ်ပြန်ခဲ့ကြသည့် ပူးတွဲ ကြေညာချက်ပါ အချက်များကို ထိုင်းနိုင်ငံက တင်းတင်းကျပ်ကျပ် လိုက်နာကြောင်းထို င်း – ကမ္ဘောဒီးယား နယ်စပ်အခြေအနေ ပူးတွဲ သတင်းစင်တာက ပြောကြားသည်။ “ တပ်ဖွဲ့တွေ ထပ်ပြီး အားဖြည့်တာမျိုး မရှိပါဘူး။ နယ်စပ်ကို ကျူးကျော် ထိပါးတာလည်း

မဲခေါင်၊ ဇန်နဝါရီ ၃

ထိုင်းစစ်တပ် လှုပ်ရှားမှုများက နယ်စပ်စည်းအား ပြောင်းလဲပစ်နေခြင်း ဖြစ်ကြောင်း ကမ္ဘောဒီးယား၏ ပြောဆိုမှုများကို ထိုင်းက ငြင်းဆိုလိုက်ကာ မူလကတပ်များ ချထားမှုကို ဆက်လက် ထိန်းသိမ်းထားပြီး အပစ်အခတ် ရပ်စဲမှု သဘောတူညီချက်ကို အပြည့်အဝ လိုက်နာနေသည်ဟု အလေးအနက် ပြောသည်။

ဒီဇင်ဘာ ၂၇ ရက် တွင် နှစ်နိုင်ငံ ထုတ်ပြန်ခဲ့ကြသည့် ပူးတွဲ ကြေညာချက်ပါ အချက်များကို ထိုင်းနိုင်ငံက တင်းတင်းကျပ်ကျပ် လိုက်နာကြောင်းထို င်း – ကမ္ဘောဒီးယား နယ်စပ်အခြေအနေ ပူးတွဲ သတင်းစင်တာက ပြောကြားသည်။

“ တပ်ဖွဲ့တွေ ထပ်ပြီး အားဖြည့်တာမျိုး မရှိပါဘူး။ နယ်စပ်ကို ကျူးကျော် ထိပါးတာလည်း မရှိပါဘူး။ တခြားတစ်ဖက်ရဲ့ စခန်းတွေဆီ ကင်းလှည့်တာ မရှိပါဘူး” ဟု သတင်းစင်တာက ဆိုသည်။

အင်အားအသုံးပြု၍ နယ်စပ်စည်း ပြောင်းလဲခြင်းကို ကမ္ဘောဒီးယားက လက်ခံမည် မဟုတ်ကြောင်း ကမ္ဘောဒီးယား အစိုးရ ပြောရေးဆိုခွင့်ရှိသူ ပန်ဘိုနာက အစောပိုင်းတွင် ပြောကြားခဲ့ပြီးနောက် ထိုင်းသတင်းစင်တာ၏ ရှင်းလင်း ပြောကြားချက် ထွက်ပေါ်လာခြင်း ဖြစ်သည်။

ယခင်က သဘောတူညီချက်များတွင် မပါဝင်သော လုပ်ရပ်များသည် တရားဝင်မည် မဟုတ်ဘဲ အပစ်အခတ် ရပ်စဲမှု ကို ချိုး‌ဖောက်မှု ဖြစ်မည်ဟုလည်း ကမ္ဘောဒီးယား ပြောခွင့်ရသူက သတိပေး ပြောကြားသည်။

အပစ်အခတ် ရပ်စဲမှုမတိုင်မီ ထိုင်းနိုင်ငံ၏ ထိန်းချုပ်မှုအောက်တွင် ရှိသော ဧရိယာများမှ လှုပ်ရှားမှုများမှာ နယ်စပ် စည်း ပြောင်းလဲမှုဟု မဆိုနိုင်ကြောင်း ထိုင်းဘက်က ပြောသည်။
“အပစ်အခတ် ရပ်စဲမှုမတိုင်ခင် မြေပြင် အခြေအနေပေါ် မူတည်ပြီး ထိုင်းနိုင်ငံက ယခင် ထိန်းချုပ်ထားတဲ့ ဧရိယာတွေမှာ ထိန်းချုပ်မှုနဲ့ လုံခြုံရေးရယူဖို့ ရည်ရွယ်ပြီး ထိုင်းတပ်ဖွဲ့တွေ ချထားတာဟာ နယ်စပ်ကို ပြောင်းလဲတာလို့ မသက်ရောက်ပါဘူး” ဟု ပူးတွဲသတင်းစင်တာက ထုတ်ပြန်သည်။

ထိုင်းနိုင်ငံက နိုင်ငံတကာဥပဒေ နှင့်အညီ ပြုမူ ဆောင်ရွက်နေပြီး မည်သည့်နိုင်ငံ၏ အချုပ်အခြာ အာဏာကိုမျှ မချိုးဖောက်ဘဲ ငြိမ်းချမ်းရေး၊ ပြည်သူ့လုံခြုံရေးနှင့် တည်ငြိမ်အေးချမ်းမှု ရှိရေးကိုသာ ရည်ရွယ်၍ လုပ်ဆောင်နေသည် ဟုလည်း ထုတ်ပြန်ချက်က ထပ်မံ အတည်ပြုသည်။

ထိုအတောအတွင်းမှာပင် ပြည်သူလူထု အနေဖြင့် ထိုင်းတော်ဝင်စစ်တပ်အား ယုံကြည်မှု အပြည့်အဝထားရှိရန် ထိုင်းနယ်စပ်၊ ဆူရင်ပြည်နယ်မှ တပ်ဖွဲ့များထံ သွားရောက်၍ အားပေးစကား ပြောကြားခဲ့သည့် ထိုင်းအိမ်စောင့် ဝန်ကြီးချုပ် အနုတင်ချန်ဗီရာကူးလ်က ပြောကြားသည်။

ထိုင်းနှင့် ကမ္ဘောဒီးယား နှစ်ဖက်စလုံးက အပစ်အခတ် ရပ်စဲမှုကို ဆက်လက် လိုက်နာနေကြသဖြင့် တတိယအကြိမ် တိုက်ပွဲများ ဖြစ်လာနိုင်သည် ဟူသော ကောလာဟလ မစိုးရိမ်ကြရန် ဆူရင်ပြည်နယ်၊ ကက်ပ်ချောင်ခရိုင်၊ ပရာဆက်ခါနာ ဒေသမှ တပ်ဖွဲ့များဆီ သွားရောပြီးနောက် အနုတင်က ပြောကြားသည်။

အေး‌ကျော်
Ref: Thai PBS World/The Nation
#MeKongNews
#နယ်စပ်စည်း
#ကမ္ဘောဒီးယား
#ထိုင်း
#ငြင်းဆို

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now