မဲခေါင်၊ ဇန်နဝါရီ ၃
ဇန်နဝါရီ ၂ ရက်ညပိုင်းက ဗင်နီဇွဲလားမြို့တော် ကာရာကက်စ်အား အမေရိကန်ဘက်မှ လေကြောင်းတိုက်ခိုက်မှုမများပြုလုပ်အပြီး ဇန်နဝါရီ ၃ ရက်တွင် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဗင်နီဇွဲအားအာဏာရှင် သမ္မတ မာဂျူရိုနှင့်ဇနီကို ဖမ်းဆီးနိုင်ခဲ့ပြီဟု ထုတ်ပြန်သွားခဲ့သည်။
ဇန်နဝါရီ ၃ ရက် ညနေပိုင်း၌ ဒေါ်နယ်ထရမ့်က Truth Social လူမှုကွန်ရက်ပေါ်တွင် မာဂျူရိုနှင့် ဇနီးကို ဖမ်းဆီးနိုင်ခဲ့ပြီးဖြစ်ကာ နိုင်ငံအတွင်းမှ ခေါ်ထုတ်သွားခဲ့ပြီးဖြစ်သည်ဟု ရေးသား အသိပေးသွားခဲ့ခြင်း ဖြစ်သည်။
အစောပိုင်းက သတင်းထုတ်ပြန်ခြင်းမရှိခဲ့သော အမေရိကန် စစ်ဌာနချုပ်က သမ္မတ ဒေါ်နယ်ထရမ့်သည် ကာရာကက်စ်မြို့အား လေကြောင်းတိုက်ခိုက်မှုလုပ်သွားရန် အစောပိုင်းကတည်းက အမိန့်ပေးထားခဲ့ ပြီးဖြစ်ကြောင်း၊ ခရစ္စမတ်နေ့တွင် တိုက်ခိုက်ရန် စီစဉ်ခဲ့သေးသော်လည်း နိုင်ဂျီးရီးယားရှိ ISIS များကို သွားတိုက်ခိုက်ခဲ့ရသောကြောင့် ရက်ရွှေ့ခဲ့ကြောင်း၊ ခရစ္စမတ်အပြီး ရက်အနည်းငယ်အကြာတွင် တစ်ကြိမ်တိုက်ခိုက်ရန် စီစဉ်ခဲ့သေးသော်လည်း ရာသီဥတုအခြေအနေကြောင့် ထပ်ရွှေ့ဆိုင်းကာ ယခုမှ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ထုတ်ပြန်သွားခဲ့သည်။
ခရစ္စမတ်ရက်က ဒေါ်နယ်ထရမ့်သည် မာဂျူရိုအား နိုင်ငံအတွင်းမှ ထွက်ပြေးမသွားလျှင် မိမိစစ်တပ် တိုက်ခိုက်မှုနှင့် ရင်ဆိုင်ရမည်ဟု သတိပေးခဲ့သလို မာကျောနိုင်လျှင်လည်း နောက်ဆုံးအကြိမ် မာကျော နိုင်ခြင်းမျိုးသာ ဖြစ်မည်ဟု ထပ်မံ ကြိမ်းဝါးသတိပေးခဲ့သည်။
အမေရိကန်သည် ကမ္ဘာ့အကြီးဆုံး လေယာဉ်တင်သင်္ဘောကြီး USS Gerald R Ford ကိုပါ ဗင်နီဇွဲလားကမ်းလွန်သို့ လအတော်ကြာ ကတည်းက စေလွှတ်ပေးထားပြီး မာဂျူရိုအစိုးရ ပြုတ်ကျစေရန် စနစ်တကျ စီစဉ်ကာ ယခု ပထမဆုံး အကြိမ် ကာရာကက်စ်မြို့အား အကြီးစားတိုက်ခိုက်မှု တစ်ညတာပြုလုပ်ပြီးသည်နှင့် မာဂျူရိုနှင့်ဇနီး အား ဖမ်းဆီးရမိပြီဟု ကြေညာသွားခဲ့ခြင်းဖြစ်သည်။
ကိုကလင်း
Ref: theweek
#MeKongNews
#ဗင်နီဇွဲလား
#မာဂျူရို
#ဒေါ်နယ်ထရမ့်
#ဖမ်းဆီး








