ကမ္ဘာ့သတင်း

သမ္မတရုံး အကြီးအကဲအဖြစ် ထောက်လှမ်းရေးအဖွဲ့ ခေါင်းဆောင်ကို ဇီလန်စကီး ခန့်အပ်

မဲခေါင် 3 Jan - 2026
မဲခေါင်၊ ဇန်နဝါရီ ၃ ယူကရိန်း ထောက်လှမ်းရေးတပ်ဖွဲ့ အကြီးအကဲ ကီရီလိုဘူဒါနော့ဗ်အား သမ္မတရုံး အကြီးအကဲအဖြစ် သမ္မတ ဇီလန်စကီးက ခန့်အပ်လိုက်သည်။ အကျင့်ပျက်ခြစားမှု ပြဿနာကြောင့် ယခင်က ၎င်း၏ ထိပ်တန်းလက်ထောက် နုတ်ထွက်ပြီးနောက် တစ်လအကျော်မှာပင် လူသစ်ခန့်အပ်ခြင်း ဖြစ်သည်။ “ဒီအချိန်မှာ ယူကရိန်းက လုံခြုံရေး ကိစ္စတွေကို ပိုပြီး အာရုံစိုက်ဖို့ လိုပါတယ်” ဟု ဘူဒါ‌နော့ဗ်နှင့် ၎င်းတို့ ကိဗ်မြို့၌ တွေ့ဆုံနေသော ဓာတ်ပုံနှင့်အတူ ဇီလန်စကီးက လူမှုမီဒီယာပေါ်တွင် ရေးသားခဲ့သည်။ အသက် ၃၉ နှစ်အရွယ် ဘူဒါနော့ဗ်သည် ယခုချိန်ထိ ယူကရိန်း စစ်ဘက်ထောက်လှမ်း‌ရေးကို ဦးဆောင်နေပြီး အလွန် ထိရောက်သော ရုရှားအပေါ် တိုက်ခိုက်မှုများကို ၎င်းအဖွဲ့က

မဲခေါင်၊ ဇန်နဝါရီ ၃

ယူကရိန်း ထောက်လှမ်းရေးတပ်ဖွဲ့ အကြီးအကဲ ကီရီလိုဘူဒါနော့ဗ်အား သမ္မတရုံး အကြီးအကဲအဖြစ် သမ္မတ ဇီလန်စကီးက ခန့်အပ်လိုက်သည်။

အကျင့်ပျက်ခြစားမှု ပြဿနာကြောင့် ယခင်က ၎င်း၏ ထိပ်တန်းလက်ထောက် နုတ်ထွက်ပြီးနောက် တစ်လအကျော်မှာပင် လူသစ်ခန့်အပ်ခြင်း ဖြစ်သည်။

“ဒီအချိန်မှာ ယူကရိန်းက လုံခြုံရေး ကိစ္စတွေကို ပိုပြီး အာရုံစိုက်ဖို့ လိုပါတယ်” ဟု ဘူဒါ‌နော့ဗ်နှင့် ၎င်းတို့ ကိဗ်မြို့၌ တွေ့ဆုံနေသော ဓာတ်ပုံနှင့်အတူ ဇီလန်စကီးက လူမှုမီဒီယာပေါ်တွင် ရေးသားခဲ့သည်။

အသက် ၃၉ နှစ်အရွယ် ဘူဒါနော့ဗ်သည် ယခုချိန်ထိ ယူကရိန်း စစ်ဘက်ထောက်လှမ်း‌ရေးကို ဦးဆောင်နေပြီး အလွန် ထိရောက်သော ရုရှားအပေါ် တိုက်ခိုက်မှုများကို ၎င်းအဖွဲ့က အဓိက ဦးဆောင်ခဲ့သည်။

ကာကွယ်ရေးဝန်ကြီး ဒင်းနစ်ရှမီဟယ်၏ နေရာကိုလည်း ဒစ်ဂျစ်တယ် အသွင်ကူးပြောင်းရေးဝန်ကြီး မိုင်ခေလိုဖီဒိုရော့ဗ်ဖြင့် ဇီလန်စကီးက အစားထိုးလိုက်သည်။

ယခင် သမ္မတရုံးအကြီးအကဲ အန်ဒ‌ရေးယာမက်သည် ဇီလန်စကီး၏ ကာလရှည် မိတ်ဆွေဖြစ်သလို ရုရှား ကျူးကျော်မှုကာလ တစ်လျှောက်လုံးတွင် ဩဇာ ကြီးမားခဲ့သူ ဖြစ်ကာ စစ်ပွဲအဆုံးသတ်ရေး ရည်ရွယ်သော အမေရိကန်နှင့် ဆွေးနွေးမှုများကို ဦးဆောင်ခဲ့သူလည်း ဖြစ်သည်။

ယခုအချိန်တွင် ယူကရိန်းအနေဖြင့် လုံခြုံ‌ရေးကိစ္စများ၊ ယူကရိန်း၏ ကာကွယ်ရေးနှင့် လုံခြုံရေးတပ်ဖွဲ့များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆွေးနွေး ညှိနှိုင်းမှုများတွင် သံတမန်ရေး လမ်းကြောင်းအပေါ် ပိုအာရုံစိုက်ရန် လိုအပ်ပြီး ကီရီလိုသည် ထိုနယ်ပယ်များတွင် အထူးအတွေ့အကြုံ ရှိကာ ရလဒ်များ ထွက်အောင်လည်း လုပ်ဆောင်နိုင်စွမ်း ရှိသည်ဟု ဇီလန်စကီးက သောကြာနေ့ လူမှုမီဒီယာပို့စ်တွင် ရေးသားဖော်ပြသည်။

ယူကရိန်းသမ္မတရုံး အကြီးအကဲနေရာသည် အစဉ်အလာအားဖြင့် အလွန်ပင် ဩဇာအာဏာရှိသော နေရာ ဖြစ်ကာ တစ်ချိန်ကဆိုလျှင် သမ္မတရုံး အကြီးအကဲသည် သမ္မတကဲ့သို့ပင် အာဏာရှိခဲ့ကြောင်း သိရသည်။

အေးကျော်
Ref: BBC
#MeKongNews
#သမ္မတရုံး
#အကြီးအကဲ
#ထောက်လှမ်းရေး
#ဇီလန်စကီး

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now