မဲခေါင်၊ ဇန်နဝါရီ ၂
စစ်ကောင်စီ၏ ဒရုန်းတပ်ဖွဲ့အား ဒရုန်းဖြင့် ဗုံးကြဲ တိုက်ခိုက်သည့် ရုပ်သံကို ရှမ်းတောင် PDF အမှတ် – ၁၀၀၅ တပ် ရင်းက ဇန်နဝါရီ ၁ ရက်တွင် ထုတ်ပြန်သည်။
စစ်ကောင်စီ ဒရုန်းတပ်ဖွဲ့သည် ကျေးရွာတခုအတွင်း စခန်းချကာ ဒရုန်းစမ်းသပ် ပျံသန်းနေစဉ် ရှမ်းတောင် PDF က ဒရုန်းဖြင့် ပြန်လည် ဗုံးကြဲ တိုက်ခိုက်လိုက်ခြင်း ဖြစ်သည်။
ယင်းဗီဒီယိုတွင် စစ်ကောင်စီ တပ်ဖွဲ့ဝင်များရှိသည့် နေရာကို ရှမ်းတောင် PDF က ဒရုန်းဖြင့် ဗုံးနှစ်ကြိမ် ကြဲချ တိုက်ခိုက်ခဲ့သည်ကို တွေ့ရသည်။
“ရန်သူလို ပစ္စည်း အပြည့်အစုံဖြင့်သာ တိုက်ရပါက ရန်သူခြေချလို့ မရဲအောင် စွမ်းနိုင်ပါသည်။ နည်းပညာမြင့် ဒရုန်းများသည် ငွေကြေးပမာဏ ကြီးမားလွန်းသည့် အခက်အခဲပင် ဖြစ်ပါသည်။”ဟု ရှမ်းတောင် PDF တပ်ရေးအရာရှိက ပြောသည်။
ရှမ်းတောင် PDF အမှတ် – ၁၀၀၅ တပ်ရင်းသည် အမျိုးသား ညီညွတ်ရေးအစိုးရ – NUG ၏ တပ်ရင်းတစ်ခုဖြစ်ပြီး မဟာမိတ်များ နှင့်အတူ စစ်ကောင်စီကို တော်လှန် တိုက်ခိုက်နေသည့် တပ်ဖွဲ့ဖြစ်သည်။
#MeKongNews
#စစ်ကောင်စီ
#ဒရုန်းတပ်ဖွဲ့
#ရှမ်းတောင်
#PDF








