နေ့စဥ်သတင်း

တောင်ကြီးတွင် ပျောက်ဆုံး ၉ တန်းကျောင်းသား အလောင်းသာ ပြန်တွေ့

မဲခေါင် 31 Dec - 2025
မဲခေါင်၊ ဒီဇင်ဘာ ၃၁ ရှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့တွင် အပြင်သွားရာမှ ပျောက်ဆုံးသွားသည့် အထက – ၄ မှ ကိုး တန်း ကျောင်းသားအား ၆ ရက်အကြာ၌ သေဆုံးလျက်သား ပြန်လည် တွေ့ရှိကြောင်း ဒေသခံများထံမှ သိရသည်။ ဘုရားဖြူ ရပ်ကွက်တွင် နေထိုင်သည့် အသက် ၁၆ နှစ်အရွယ် မောင်အနဂ္ဂရဲထက်သည် ဒီဇင်ဘာ ၂၄ ရက်တွင် အပြင်သို့ ဆိုင်ကယ်ဖြင့် ထွက်သွားရာမှ နေအိမ်သို့ ပြန်မရောက်လာဘဲ ပျောက်ဆုံးသွားခဲ့ပြီး ယမန်နေ့ ဒီဇင်ဘာ ၃၀ ရက်တွင်မှ အလောင်း ပြန်တွေ့ရခြင်း ဖြစ်သည်။ “မနေ့ကမှ မင်္ဂလာဦး သဲကျင်းရေကန်ထဲမှာ ပြန်တွေ့တာ။ ပြုတ်ကျတာလား အသတ်ခံရတာလား

မဲခေါင်၊ ဒီဇင်ဘာ ၃၁

ရှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့တွင် အပြင်သွားရာမှ ပျောက်ဆုံးသွားသည့် အထက – ၄ မှ ကိုး တန်း ကျောင်းသားအား ၆ ရက်အကြာ၌ သေဆုံးလျက်သား ပြန်လည် တွေ့ရှိကြောင်း ဒေသခံများထံမှ သိရသည်။

ဘုရားဖြူ ရပ်ကွက်တွင် နေထိုင်သည့် အသက် ၁၆ နှစ်အရွယ် မောင်အနဂ္ဂရဲထက်သည် ဒီဇင်ဘာ ၂၄ ရက်တွင် အပြင်သို့ ဆိုင်ကယ်ဖြင့် ထွက်သွားရာမှ နေအိမ်သို့ ပြန်မရောက်လာဘဲ ပျောက်ဆုံးသွားခဲ့ပြီး ယမန်နေ့ ဒီဇင်ဘာ ၃၀ ရက်တွင်မှ အလောင်း ပြန်တွေ့ရခြင်း ဖြစ်သည်။

“မနေ့ကမှ မင်္ဂလာဦး သဲကျင်းရေကန်ထဲမှာ ပြန်တွေ့တာ။ ပြုတ်ကျတာလား အသတ်ခံရတာလား သေချာ မသိရသေးဘူး။ ဆိုင်ကယ်လည်း ပြန်မတွေ့ရသေးဘူး။ အဲ့ကြောင့် အသတ်ခံရတာလားလို့ သံသယလည်း ရှိကြတာပေါ့နော်”ဟု တောင်ကြီး ဒေသခံတစ်ဦးက ပြောသည်။

သေဆုံးသူ မောင်အနဂ္ဂရဲထက်၏ နာရေးကို ယနေ့တွင် ပြုလုပ်ခဲ့သည်။

“ကလေးက ငယ်ငယ်လေး ကျောင်းသားပဲလေနော်၊ ဆိုင်ကယ် ယူရင်တောင်မှ လူကို မလုပ်သင့်ဘူးလေဗျာ။ မိသားစုနဲ့ ထပ်တူ အမှုမှန် ပေါ်စေချင်တယ်”ဟု ဘုရားဖြူရပ်ကွက် ဒေသခံတစ်ဦးက ပြောသည်။

“တူလေး ပြန်တွေ့ပါပြီ အသက်ပါ မလာတော့ပါဘူး။ ဆုတောင်းလည်း မပြည့်ခဲ့ပါဘူး။ ဘုရားဖြူ အပေါ်ဘက် ချောက်ထဲမှာ ပြန်တွေ့ပါတယ်” ဟု သေဆုံးသူ၏ မိသားစုဝင်တစ်ဦးက လူမှုကွန်ရက်တွင် ရေးသားထားသည်။

အလောင်းပြန်တွေ့စဥ်တွင် ဆိုင်ကယ် ရှိတော့သဖြင့် ချောက်ထဲကျ၍ သေဆုံးရခြင်းမဟုတ်ဘဲ ဆိုင်ကယ်ယူပြီး လူသတ်ခံရသည့် အနေအထားဟု ဒေသခံများက ပြောသည်။

တောင်ကြီးမြို့သည် စစ်တပ်က အာဏာသိမ်းပြီး နောက်ပိုင်း တရားဥပဒေစိုးမှု ကင်းမဲ့နေပြီး လုယက်ခြင်း ဆိုင် ကယ်၊ ကားများပျောက်ဆုံးခြင်း မကြာခဏ ဖြစ်ပွားနေသည်။

ပြီးခဲ့သည့် ဒီဇင်ဘာ ၂၆ ရက်တွင်လည်း တောင် ကြီးမြို့၊ ဂနိုင်ရွေးတွင် သင်္ကန်းဝတ် အယောင်ဆောင်တစ်ဦးက အမျိုးသမီးတစ်ဦး၏ ကားကို ၂ တောင်ကျော် ရှည်သည့် ဓားရှည်ကိုင်ပြီး တားသဖြင့် ပြည်သူများ ဝိုင်းဝန်း ဖမ်းဆီးခဲ့ရသေးသည်။

#MeKongNews
#တောင်ကြီး
#ပျောက်ဆုံး
#ကျောင်းသား
#ပြန်တွေ့

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now