နေ့စဥ်သတင်း

ရှမ်းမြောက် မြို့နယ် ၄ ခုတွင် ကလေး ၁၀၀ လျှင် ၂၃ ဦးခန့်သာ ပညာ သင်ကြားခွင့်ရ

မဲခေါင် 31 Dec - 2025
မဲခေါင်၊ ဒီဇင်ဘာ ၃၁ ရှမ်းပြည်မြောက်ပိုင်းရှိ၊ မြို့နယ် ၄ ခု၌ ကလေးငယ် ၁၀၀ တွင် ၂၃ ဦးခန့်သာ ကျောင်းပညာ သင်ယူနိုင်သည်ဟု “ဝ” လူငယ်အသံက ပြုလုပ်သည့် စစ်တမ်းတစ်ခုတွင် ဖော်ပြသည်။ စစ်တမ်းတွင် ဖော်ပြချက်အရ ကွမ်းလုံ၊ ဟိုပန်၊ ပန်လုံ၊ တန့်ယန်းမြို့နယ် ၄ ခုအတွင်းတွင် ကလေး ငယ်၂၃ ဒသမ ၁၆ ရာခိုင်နှုန်းသာ အစိုးရ သို့မဟုတ် ပုဂ္ဂလိက တရားဝင် ကျောင်းတက် ရောက်နေကြပြီး ၂ ဒသမ ၁၂ ရာခိုင်နှုန်းသော ကလေးငယ်များသည် ကျေးရွာရပ်ကွက် အခြေပြု သင်ကြားရေး စင်တာများတွင် တက်ရောက်နေကြသည်။ ထို့ပြင် အဆိုပါ

မဲခေါင်၊ ဒီဇင်ဘာ ၃၁

ရှမ်းပြည်မြောက်ပိုင်းရှိ၊ မြို့နယ် ၄ ခု၌ ကလေးငယ် ၁၀၀ တွင် ၂၃ ဦးခန့်သာ ကျောင်းပညာ သင်ယူနိုင်သည်ဟု “ဝ” လူငယ်အသံက ပြုလုပ်သည့် စစ်တမ်းတစ်ခုတွင် ဖော်ပြသည်။

စစ်တမ်းတွင် ဖော်ပြချက်အရ ကွမ်းလုံ၊ ဟိုပန်၊ ပန်လုံ၊ တန့်ယန်းမြို့နယ် ၄ ခုအတွင်းတွင် ကလေး ငယ်၂၃ ဒသမ ၁၆ ရာခိုင်နှုန်းသာ အစိုးရ သို့မဟုတ် ပုဂ္ဂလိက တရားဝင် ကျောင်းတက် ရောက်နေကြပြီး ၂ ဒသမ ၁၂ ရာခိုင်နှုန်းသော ကလေးငယ်များသည် ကျေးရွာရပ်ကွက် အခြေပြု သင်ကြားရေး စင်တာများတွင် တက်ရောက်နေကြသည်။

ထို့ပြင် အဆိုပါ မြို့နယ်လေးခုတွင် ကလေးအများစုသည် မြန်မာအစိုးရ ကျောင်းထက် တရုတ်ကျောင်းကို တက်ရောက်သူ ပိုများပြားလာသည်ကိုလည်း သိသိသာသာ တွေ့ရှိရသည်ဟု “ဝ” လူငယ်အသံက ပြောသည်၊

“မိဘတွေ အများစုက တရုတ်ဘာသာ စကားကျွမ်းကျင်မှုဟာ အနာဂတ်မှာ အလုပ်အကိုင် အခွင့်အလမ်းကောင်း ပိုမိုရရှိစေနိုင်တယ်လို့ ယုံကြည်ကြပြီး အထူးသဖြင့် တရုတ်နိုင်ငံနဲ့ နယ်စပ်ချင်း ထိစပ်နေတဲ့ ဒေသတွေမှာ ပိုမိုတွေ့ ရှိလာရပါတယ်။”ဟု “ဝ” လူငယ်အသံမှ တာဝန်ရှိသူတဦးကပြောသည်။

လက်နက်ကိုင် ပဋိပက္ခဒဏ်သင့် ဒေသများတွင် မြန်မာအစိုးရ ပညာရေးကို ရေးတတ်၊ ဖတ်တတ်ရုံသာ တက်ရောက်ကြကာ အုပ်ချုပ်သူ အပြောင်းအလဲ ကာလကြား ပညာရေး ကမောက်ကမ ဖြစ်လာမှုကြောင့် ရေရှည်ဘဝအတွက် အလုပ်အကိုင် အာမခံချက်ရှိသည့် တရုတ်ကျောင်းကိုသာ ကလေးများက သင်ယူလာကြခြင်း ဖြစ်သည်ဟု စစ်တမ်း အစီရင်ခံစာတွင် ဖော်ပြသည်။

“ဒီအခြေအနေတွေကို တိုင်းရင်းသား လက်နက်ကိုင် ထိန်းချုပ် နယ်မြေတွေမှာ အများဆုံး တွေ့လာရပါတယ်”ဟု “ဝ” လူငယ်အသံ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ထို့ပြင် ပြီးခဲ့သည့် ၁၂ လအတွင်း လက်နက်ကိုင် အဖွဲ့များက ကလေးများအား စစ်သား စုဆောင်းခြင်း သို့မဟုတ် စု ဆောင်းရန် ကြိုးပမ်းခြင်းများ ရှိခဲ့ကြောင်း စစ်တမ်းတွင်ပါဝင်သူ ၁၅ ရာခိုင်နှုန်းကျော်က ဖြေဆိုခဲ့ကြသည်။

“ပဋိပက္ခတွေကြောင့် ပညာရေးစနစ်တွေ ပြိုလဲတဲ့အခါ ကလေးတွေဟာ ခေါင်းပုံဖြတ်ခံရခြင်းနဲ့ အကြမ်းဖက်ခံရခြင်း အန္တရာယ်ပို မြင့်တက်လာနေပါတယ်။ ပညာရေးကို ကာကွယ် စောင့်ရှောက်ခြင်းဟာ ကလေးတွေကို ကာကွယ် စောင့်ရှောက်ခြင်းပါပဲ။ ပညာရေးဟာ ရွေးချယ်စရာ တစ်ခု မဟုတ်ပါဘူး။ ဒါဟာ ပဋိပက္ခတွေ ကြားထဲမှာ တောင် ရသင့်ရထိုက်တဲ့ အခြေခံ အခွင့်အရေးတစ်ရပ်ပဲ ဖြစ်တယ်”ဟု “ဝ” လူငယ်အသံမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

ယခုစစ်တမ်းကို “ဝ” လူငယ်အသံက နိုဝင်ဘာလတွင် ပြုလုပ်ခဲ့ခြင်း ဖြစ်ပြီး မြို့နယ် ၄ ခုအတွင်းရှိ မိဘ၊ ကျောင်းသား ကျောင်းသူ၊ ဆရာ၊ ဆရာမနှင့် ဒေသခံ ရပ်မိရပ်ဖ ၁၀၀ ခန့်ကို မေးမြန်းကာ စစ်တမ်း ကောက်ယူခဲ့ခြင်း ဖြစ် သည်။

#MeKongNews
#ရှမ်းမြောက်
#ပညာ
#သင်ကြား
#ရှမ်းပြည်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now