ဆောင်းပါး

လက်နက်ထောက်ပံ့ရေးကွင်းဆက်များ : တရုတ်၏ စီးပွားရေးဗဟိုချက်အဖြစ်မှသည် ပထဝီဝင်နိုင်ငံရေး ဩဇာလွှမ်းမိုးမှုအဖြစ် ပြောင်းလဲလာပုံ

မဲခေါင် 29 Dec - 2025
~ လင်းမောင် ~ ပြီးခဲ့သည့်နှစ်အနည်းငယ်အတွင်း တရုတ်၏ ထောက်ပံ့ရေးကွင်းဆက်များ မဟာဗျူဟာအတွေးအခေါ်မှ သည် ကမ္ဘာတွင် လက်တွေဆန်သော ပထဝီဝင်နိုင်ငံရေးဆိုင်ရာ လက်နက်များ (Geopolitical Ammunition) စနစ်အတွင်း ပြောင်းလဲနိုင်စွမ်း မြင့်တက်လာသည်။ Geopolitical Ammunition ဆိုသည် မှာ စစ်ပွဲဖြစ်ရာနိုင်ငံများ သို့မဟုတ် စစ်အင်အားဖြည့်တင်းသည့်နိုင်ငံများသို့ သာမန် နိုင်ငံထုတ်ကုန်များ ထဲမှ စစ်ဘက်ဆိုင်ရာ ထုတ်ကုန်များကို ရောင်းစားအမြတ်ရှာခြင်းမျိုးမဟုတ်တော့ဘဲ နိုင်ငံ၏ ဩဇာ အာဏာလွှမ်းမိုးနိုင်မှုအား အရင်တည်ဆောက်ပြီး အခြားနိုင်ငံများမှ မရှိမဖြစ် လိုအပ်သည့် လက်နက် များ၊ လက်နက်ထုတ်လုပ်ရန် မရှိမဖြစ်လိုအပ်သော ကုန်ကြမ်းနှင့်ထောက်ပံ့ရေးကွင်းဆက်များကို လက်ဝါးကြီးအုပ် ခြယ်လှယ်ကာ စိတ်ကြိုက် စီမံနိုင်စေရန် စီမံခြင်းမျိုးကို ဆိုလိုသည်။ ယခင်က လက်နက်များကို

~ လင်းမောင် ~

ပြီးခဲ့သည့်နှစ်အနည်းငယ်အတွင်း တရုတ်၏ ထောက်ပံ့ရေးကွင်းဆက်များ မဟာဗျူဟာအတွေးအခေါ်မှ သည် ကမ္ဘာတွင် လက်တွေဆန်သော ပထဝီဝင်နိုင်ငံရေးဆိုင်ရာ လက်နက်များ (Geopolitical Ammunition) စနစ်အတွင်း ပြောင်းလဲနိုင်စွမ်း မြင့်တက်လာသည်။ Geopolitical Ammunition ဆိုသည် မှာ စစ်ပွဲဖြစ်ရာနိုင်ငံများ သို့မဟုတ် စစ်အင်အားဖြည့်တင်းသည့်နိုင်ငံများသို့ သာမန် နိုင်ငံထုတ်ကုန်များ ထဲမှ စစ်ဘက်ဆိုင်ရာ ထုတ်ကုန်များကို ရောင်းစားအမြတ်ရှာခြင်းမျိုးမဟုတ်တော့ဘဲ နိုင်ငံ၏ ဩဇာ အာဏာလွှမ်းမိုးနိုင်မှုအား အရင်တည်ဆောက်ပြီး အခြားနိုင်ငံများမှ မရှိမဖြစ် လိုအပ်သည့် လက်နက် များ၊ လက်နက်ထုတ်လုပ်ရန် မရှိမဖြစ်လိုအပ်သော ကုန်ကြမ်းနှင့်ထောက်ပံ့ရေးကွင်းဆက်များကို လက်ဝါးကြီးအုပ် ခြယ်လှယ်ကာ စိတ်ကြိုက် စီမံနိုင်စေရန် စီမံခြင်းမျိုးကို ဆိုလိုသည်။ ယခင်က လက်နက်များကို အစုအပုံလိုက်ထုတ်လုပ်ပြီး စီးပွားဖြစ်သဘောသက်သက်ဖြင့်သာ ရောင်းချခြင်းမျိုး ဖြစ်သည်။ သို့သော်တရုတ်၏ ယနေ့အခင်းအကျင်းမှာ ထုတ်လုပ်ရေးဆိုင်ရာ ကွန်ရက်များအတွက် အဓိကကျသော တွင်းထွက်များအား တစ်ဦးတည်း လက်ဝါးကြီးအုပ် ပိုင်စိုးခြင်းဖြင့် စစ်အင်အား တစ်စက်မှ သုံးစရာမလိုဘဲ ကမ္ဘာချီ စစ်ရေး၊ စီးပွားရေး၊ ထုတ်လုပ်ရေးလောကကို ထိန်းချုပ်နိုင်ရေး အစွမ်းကို အရှိန်မြှင့်လုပ်ဆောင်နေနိုင်ပြီဖြစ်သည်။ ယနေ့ခေတ် ထုတ်ကုန်များတွင် စစ်ဘက်ဆိုင်ရာ ဖြစ်စေ၊ နည်းပညာဆိုင်ရာဖြစ်စေ၊ စက်မှုပိုင်းဆိုင်ရာတွင်ဖြစ်စေ မရှိမဖြစ်လိုအပ်သည့်အရာများကို လက်ဝါးကြီးအုပ်ထားနိုင်ခြင်းက အရာအားလုံးအား ဩဇာလွှမ်းမိုးနိုင်ခြင်းပင်။

တရုတ်၏ အဆိုပါ မူဝါဒတွင် ဗဟိုချက်အဖြစ် အရေးအပါဆုံးအရာက REEs ခေါ် မြေရှားသတ္တုဖြစ် သည်။ ၎င်းနှင့်အတူ အခြားသော မရှိမဖြစ် သဘာ၀တွင်းထွက်များကို ထိန်းချုပ်ထားခြင်းဖြင့် ကမ္ဘာ့ စီးပွားရေးလောကကြီးက မဆက်ဆံမဖြစ်သော နိုင်ငံအဖြစ် တရုတ်ကို ဆက်ဆံကြရစေမည်ဖြစ်သည်။ တရုတ်ချုပ်ကိုင်ထားသည့် ရှားပါး သတ္တု ၁၇ မျိုးနှင့် ၎င်းတို့နှင့် ပေါင်းစပ်ဒြပ်စင်ဖန်တီးမှုတွင်မရှိမဖြစ် လိုအပ်သည့် သတ္တုများက ယနေ့နည်းပညာခေတ်၌ ကဏ္ဍစုံတွင် အလွန်အရေးပါသည်။ လျှပ်စစ်ယာဉ် မော်တာများ၊ လေအားလျှပ်စစ်တာဘိုင်များမှသည် မိုက်ခရိုချစ်ပ်များ၊ ပဲ့ထိန်းလမ်းညွှန်စနစ်ပါ ကျည် များအားလုံး၌ မရှိမဖြစ် လိုအပ်သည့် သတ္တုများဖြစ်သည်။ တရုတ်သည် နည်းပညာကဏ္ဍ၏ အသက် ဖြစ်သော မြေရှားသတ္တုကို ထုတ်ယူခြင်းတစ်မျိုးတွင်သာ အုပ်စိုးထားသည်မဟုတ်။ ပြုပြင်ခြင်းနှင့် သန့်စင်ခြင်းလုပ်ငန်းစဉ်များတွင်ပါ ကမ္ဘာတစ်ခုလုံးအတွက် စိုးမိုးထားနိုင်သည်။ ကမ္ဘာ့ မြေရှားပြုပြင် သန့်စင်ခြင်း၏ ၉၀ ရာခိုင်နှုန်းက တရုတ်လက်ထဲတွင်သာရှိသည်။ ထိုသည်ကပင် ကမ္ဘာလုံးဆိုင်ရာ စက်မှုကွန်ရက်များအပေါ် ပေကျင်းက လည်မျိုညှစ်ထားနိုင်ပြီး မညီမျှသည့် တစ်ဖက်စောင်းနင်း ဩဇာလွှမ်းမိုးခြင်းကို ဖြစ်စေသည်။

၂၀၂၅ ဧပြီတွင် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ သွင်းကုန်အခွန်များ တိုးမြှင့်လာမှုအတွက် တုံ့ပြန် သည့်အနေဖြင့် တရုတ်သည် ကမ္ဘာစျေးကွက်တစ်ခုလုံးနီးပါးအား စိုးမိုးထားနိုင်သည့် အလည်အလတ် နှင့် အကြီးစားမြေရှားသတ္တု ပြည်ပတင်ပို့မှုများကို အလုံးစုံ ထိန်းချုပ် ပိတ်ပင်နိုင်သော လိုင်စင်စနစ် ကျင့်သုံးပြီဟု မိတ်ဆက်ခဲ့သည်။ အလွန်ထိရှလွယ်သော ကာကွယ်ရေးနှင့်နည်းပညာကဏ္ဍများအတွက် အခက်ခဲဆုံးဖြစ်သွားစေမည့် ထိန်းချုပ်ကန့်သတ်လိုက်ခြင်းမျိုးပင်။ ထိန်းချုပ်ပိတ်ပင်လိုက်သည်က ကုန်ကြမ်းဒြပ်စင်ကို ပိတ်ခြင်းသာမဟုတ်ဘဲ သံလိုက်များနှင့်တိကျသောထုတ်လုပ်မှုတွင် အသုံးပြုသည့် ပစ္စည်းများ အပါအဝင် ထောက်ပံ့ရေးကွင်းဆက်အောက်ရှိ ပစ္စည်းများနှင့် နည်းပညာများအထိပါ အကြုံဝင်သည်ဟု ဆိုခဲ့သည်။ ပို့ကုန်လိုင်စင်များကို မဖြစ်မနေလိုက်နာရမည့် လိုင်စင်များအဖြစ် ပြောင်းလဲခဲ့ပြီး တရုတ်အာဏာပိုင်များအနေဖြင့် မည်သူဝင်ရောက်ခွင့်ရှိသည်နှင့် မည်သည့်အခြေ အနေများအောက်တွင်ရှိသည်ကို ဆုံးဖြတ်ပိုင်ခွင့်ရှိသည်ဟု ပြဌာန်းလိုက်သည်။

ထိုသို့သော မူဝါဒပြောင်းလဲမှုများသည် ပိုမိုကျယ်ပြန့်သည့် ပုံစံများကို ဖြစ်ပေါ်စေသည်။ တရုတ်နိုင်ငံ၏ စီးပွားရေးမဟာဗျူဟာသည် ပထဝီနိုင်ငံရေးဆိုင်ရာ ထည့်သွင်းစဉ်းစားကျင့်ကြံမှုများကို မျက်ကွယ်ပြု ခြင်းမျိုး လုံး၀မရှိတော့ပေ။ ပထဝီနိုင်ငံရေးအခင်းအကျင်းဆိုသည်က အသုံးချခံနိုင်ငံများအပေါ် အတင်း အကျပ် ခေါင်းပုံဖြတ်နိုင်စေရန် နည်းမျိုးစုံ ခင်းကျင်းဖျံကျခြင်းများကို တွင်ကျယ်စွာ သုံးလာသည်။ ပို့ကုန်စည်းမျဉ်းများကို စီးပွားဖြစ် စည်းမျဉ်းများအဖြစ်သာမက ပြင်ပနိုင်ငံများအပေါ် လွှမ်းမိုးနိုင်စေရန် အတွက်ပါ အသုံးချသည့် လက်နက်များအဖြစ် သတ်မှတ်လာသည်။ မကြာသေးမီက အမေရိကန်အစိုး ရကိုယ်တိုင် သုတေသနပြုပြီး ထုတ်ပြန်သည့် စစ်တမ်းတွင် ပေဂျင်းသည် အဓိကထောက်ပံ့ရေး ကွင်းဆက်များကို ထိန်းချုပ်ရန် ဦးစားပေးခြင်းဖြင့် ကုန်သွယ်ရေးဆွေးနွေးမှုများ၌ ၎င်းတို့အလိုကျမူဝါဒ လိုက်လျောမှုများရယူခြင်းအပါအဝင် အရေးကြီးသော သတ္တုများအပေါ် ပို့ကုန်ထိန်းချုပ်မှုများဖြင့် အတင်းအကျပ်လိုရာခြယ်လှယ်နိုင်သူအဖြစ် အကောင်းဆုံးဗျူဟာကို ချမှတ်ကိုင်စွဲထားနိုင်သည်ဟု ဆိုခဲ့သည်။

သက်ရောက်မှုက သီအိုရီဆိုသည်ထက် ပိုသည်။ တရုတ်၏ ထိန်းချုပ်လိုက်မှုက အမေရိကန်၊ ဥရောပနှင့် မဟာမိတ်နိုင်ငံများအတွင်းရှိ စက်မှုဆိုင်ရာ ကိစ္စရပ်များတွင် သိသာထင်ရှားသော အနှောင့် အယှက်များကို ဖြစ်ပေါ်စေခဲ့သည်။ မြေရှားနှင့်ဆက်စပ်ပစ္စည်းများ ရယူသုံးစွဲနိုင်မှုဆိုင်ရာ ထုတ်လုပ်မှု ကန့်သတ်ချက်များနှင့် မရေမရာမှုများကြောင့် ကုမ္ပဏီများသည် ကမ္ဘာလုံးဆိုင်ရာ ထုတ်လုပ်မှုဗျူဟာ များကို ပြန်လည်အကဲဖြတ်ရန် ဖိအားပေးခံခဲ့ရပြီး အစိုးရများသည်လည်း အခြားရွေးချယ်စရာများကို ရှာဖွေခဲ့ကြရသည်။ ဥရောပသမဂ္ဂ ကုန်သည်ကြီးများအသင်း၏ အစီရင်ခံစာတွင် တရုတ်၌ အခြေစိုက် သော အီးယူမှ လုပ်ငန်းပေါင်း ၇၀ ရာခိုင်နှုန်းက ၎င်းတို့လိုအပ်သည့် ထောက်ပံ့ရေးကွင်းဆက်များကို ပြန်လည်အကဲဖြတ်မှုများ လုပ်လာကြသည်ဟု ဆိုသည်။ မကြာခဏဆိုသလိုလည်း အဆိုပါ လုပ်ငန်း များက တရုတ်တွင် ခန့်မှန်းမရနိုင်သော ပို့ကုန်မူဝါဒများပြောင်းလဲခြင်း၊ စျေးကွက်အခြေအနေ မရေရာ ခြင်းများကြောင့် ၎င်းတို့၏ ထောက်ပံ့ရေးကွင်းဆက်များကို တရုတ်နှင့်ဝေးရာ ရွှေ့ပြောင်းပြီး နည်းလမ်း သစ်များ ရှာဖွေကြကုန်သည်။

အမေရိကန်လိုနိုင်ငံမှာပင် ကားထုတ်လုပ်ရေးနှင့် ကာကွယ်ရေးကဲ့သို့သော စက်မှုလုပ်ငန်းများ၌ တရုတ် ကြောင့် ဖိအားများကြီးစွာခံခဲ့ရသည်။ တရုတ်၏ ပို့ကုန်ထိန်းချုပ်လိုက်သည့် ဂယက်တွင် ယထရီယမ် ပြတ်လပ်မှုကြောင့် အမေရိကန်ရှိ သက်ဆိုင်ရာ ထုတ်လုပ်မှုပစ္စည်းများ စျေးနှုန်း ကြောက်လန့်စရာ ထိုး တက်သွားခဲ့သည်။ ယှဉ်ပြိုင်ထုတ်လုပ်မှုပိုင်းတွင် ထိပ်တန်းအဆင့်ရှိ GE Vernova ကဲ့သို့သော စွမ်းအင် ဆိုင်ရာ ထုတ်ကုန်ရေးနှင့်ဝန်ဆောင်မှု ကုမ္ပဏီကြီးပင်လျှင် အမှာများပြည့်မီစွာ ထုတ်နိုင်ရေး အမေရိကန်အစိုးရနှင့် ပူးပေါင်းဆောင်ရွက်မှသာဖြစ်မည့်အနေအထားသို့ ရောက်ခဲ့ရသည်။ တရုတ်၏ မူဝါဒဆိုင်ရာ ရှုပ်ထွေးမှုများကို ကာလရှည်ကြာ ကမ္ဘာက သတိထားစောင့်ကြည့်နေခဲ့ကြသော်လည်း ယခု ကမ္ဘာလုံးဆိုင်ရာ အဓိကကျသည့် သတ္တုများ တင်ပို့မှု ထိန်းချုပ်လိုက်သည့်တစ်ကွက်မှာပင် မည်မျှ ထိခိုက်လွယ်သည်ဆိုခြင်းကို သိရှိခဲ့ရခြင်းပင်။

တရုတ်နိုင်ငံ၏ ထောက်ပံ့ရေးကွင်းဆက် သြဇာလွှမ်းမိုးမှုသည် မြေရှားသတ္တုများတစ်ခုတည်းအတွက် သာ မဟုတ်ပေ။ ဆေးဝါးထုတ်လုပ်မှုပိုင်းတွင်လည်း ပိုမိုဩဇာလွှမ်းမိုးချုပ်ကိုင်လာနိုင်စွမ်း ရှိနေသေး ပြန်သည်။ ၂၀၂၅ ခုနှစ်အတွင်း အမေရိကန်အပါ အခြားနိုင်ငံကြီးများ၏ ဆေးဝါးထုတ်လုပ်မှုအတွက် ပါဝင်ပစ္စည်းများကို အများစုအားဖြင့် တရုတ်က ထောက်ပံ့ရေးကွင်းဆက် ပေးထားနိုင်သည်။ ပေကျင်း အစိုးရသည် ထိုထောက်ပံ့ရေးကွင်းဆက် ဩဇာလွှမ်းမိုးမှုအား ကုန်သွယ်ရေးလက်နက်အဖြစ် အသုံးချ လာမည်ကို အထူးသတိထားရန် သတိပေးနေကြသည်။ ပြည်ပနိုင်ငံများ၏ မရှိမဖြစ် ထုတ်ကုန်များမှာ တရုတ်ကိုသာ မှီခိုအားထားနေရခြင်းက ၎င်းတို့ဖိအားပေး လိုချင်တာတောင်းဆိုခွင့်ပြုရခြင်းမျိုးကိုသာ ဖြစ်လာစေမည်ဖြစ်သည်။

တရုတ်၏ ပို့ကုန်ထိန်းချုပ်မှုများကို မဟာဗျူဟာမြောက် အသုံးပြုနေမှုကို ပညာရှင်များက “ မှီခိုခံ လက်နက်” ဟု ခေါ်ဆိုကြသည်။ အဆိုပါအနေအထားတွင် စီးပွားရေးကွန်ရက်များကို တရုတ်တို့ မဟာ ဗျူဟာအားသာချက် သို့မဟုတ် အတင်းအကျပ်ဖိအားပေးနိုင်စွမ်းရှိစေမှု၊ အသုံးချနိုင်စွမ်းရှိမှုတို့ကို တရုတ်တို့ ရရှိစေမည်ဖြစ်သည်။ စုစည်းထားသော ထောက်ပံ့ရေးကွင်းဆက်များကို အချိုးမညီစွာ အများဆုံးပိုင်ဆိုင်ထားသည်က မညီမျှသော အာဏာကို ပေးစွမ်းရခြင်းဖြစ်လာပြီး အရေးကြီးသော နိုင်ငံများအပေါ် လွှမ်းမိုးစီမံနိုင်ရေးတွင် အစဉ်အလာစစ်ပွဲမျိုး တစ်စက်မှ တိုက်စရာမလိုဘဲ အောင်နိုင် ခြင်းကို ဖြစ်စေသည်။ မြေရှားဖြင့် ထို ယုတ္တိဗေဒနည်းကို လက်တွေ့ကျကျပုံဖော်နေခြင်းဖြစ်သည်။

ထိုဩဇာလွှမ်းမိုးနိုင်ခြင်းက သံတမန်ရေးရာနှင့်ကုန်သွယ်ရေးရာဆွေးနွေးမှုတွင် မည်မျှ တာသွားသည် ကို သက်သေပြခဲ့ပြီးဖြစ်သည်။ ကမ္ဘာလုံးဆိုင်ရာ စျေးကွက်များ လပေါင်းများစွာ ကမောက်ကမများ ဖြစ်စေခဲ့သည့် တရုတ်၏ ပို့ကုန်ထိန်းချုပ်မှုသည် ၂၀၂၅ ခုနှစ်နှာင်းပိုင်း၌ ပြန်လည်ဖြေလျှော့ ပေးလာ သည်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နှင့် တရုတ်သမ္မတ ရှီကျင့်ဖျင်တို့ တွေ့ဆုံဆွေးနွေးမှုလုပ်ပြီး မှသာ တရုတ်ဘက်က ပိတ်ပင်ထားသော မြေရှားနှင့် ရှားပါးသတ္တု တင်ပို့မှု ကန့်သတ်ချက်များကို ဖြေလျှော့ပေးရန် သဘောတူခဲ့ခြင်းဖြစ်သည်။ တရုတ်အတွက် အရေးအကြီးဆုံးလိုအပ်သည်က အမေရိကန်နှင့်အနောက်နိုင်ငံနည်းပညာလောကမှ ထုတ်လုပ်သော အဆင့်မြင့် စျေးနှုန်းမြင့် ချစ်ပ်ပြား များဖြစ်သည်။ ထိုသည်ကို ပထဝီဝင်နိုင်ငံရေးစေ့စပ်မှုပုံစံ၌ အမေရိကန်နှင့် ကမ္ဘာက အလိုရှိသော မြေရှားထောက်ပံ့ကွင်းဆက် ပေးမည်ဆိုခြင်းဖြင့် လိုသလိုစျေးဆစ်ကာ ပြန်လည် ဝယ်ယူသွားနိုင်ခဲ့ သည်။

အဆိုပါ မဟာဗျူဟာမြောက် ညှိနှိုင်းဖြေရှင်းမှုသည် တရုတ်အတွက် ရေတိုဖြေရှင်းမှုအောင်မြင်သူ ဆိုသည့်တိုင် ပိုမိုကျယ်ပြန့်သော နောက်ဆက်တွဲ ဂယက်များလည်း ရှိနေသည်။ ထောက်ပံ့ရေးမှီခိုမှု ကြောင့် အမေရိကန်တွင် တရုတ်အားမမှီခိုဘဲ ရှင်သန်ရပ်တည်နိုင်မည့် စည်းရုံးလှုပ်ရှားမှုများ ကျယ်ပြန့် လာပြီဖြစ်သည်။ အမေရိကန်နှင့်မဟာမိတ်နိုင်ငံများက ပေကျင်းအားမှီခိုနေရသည့် ထောက်ပံရေးကွန်ရက်များမှ ထွက်ကုန်ကြသည်။ မဟာမိတ်နိုင်ငံအဖွဲ့အစည်းများ ဖွဲ့လာကြသည်။ ထိုထဲတွင် စင်ကာပူ၊ ဩစတြေးလျ၊ ဂျပန်၊ တောင်ကိုရီးယားနှင့် အစ္စရေးတို့လည်း တရုတ်ကို မမှီခိုဘဲ ရပ်တည်နိုင်ရေး မဟာမိတ်များဖွဲ့ကာ တန်ပြန်မဟာဗျူဟာများ ချမှတ်ရန် ဆွေးနွေးတိုင်ပင်နေကြပြီဖြစ် သည်။ တရုတ်ထောက်ပံ့ရေးကွင်းဆက်မှ လွှတ်မြောက်မှုသည် ပထဝီနိုင်ငံရေးလွှမ်းမိုးခံရမှုမှ လွတ်မြောက်မှုဟု ရှုမြင်ပြီး အားလုံးပေါင်းက အဆင့်မြင့်နည်းပညာများ၌ အခြားသော ရွေးချယ်စရာ လမ်းများကို စုပေါင်း ရှာဖွေနေကြပြီဖြစ်သည်။

ထိုဖြစ်စဉ်များအပေါ် သုံးသပ်သူများက အစဉ်အလာအရ ဖွံ့ဖြိုးတိုးတက်မှုများတွင် ကမ္ဘာ့စီးပွားရေး သည် ဗဟိုချုပ်ကိုင်မှုစနစ်ဖြင့် သွားနေရာမှ ထိုစနစ်ကိုလျှော့ချနိုင်စေရန် ဖြစ်တည်လာသော အကြောင်း တရားဟုလည်း သုံးသပ်ကြသည်။ အမှန်တကယ်တွင်လည်း မဟာဗျူဟာမြောက်သော အန္တရာယ်ကြီး ကို ပြန်လည်ချိန်ညှိမှုများ မဖြစ်မနေ ဖြစ်တည်လာခြင်းဖြစ်သည်။ တစ်ချိန်က ထိရောက်မှုနှင့် အတိုင်းအတာကို ပေးစွမ်းနိုင်သည့် အာရုံစူးစိုက်မှုသည် ယခုအခါ စနစ်တကျ ထိခိုက်လွယ်မှုကို ကိုယ်စားပြုပါသည်။ တရုတ်ထောက်ပံ့ရေးကွန်ရက်များနှင့် ချိတ်ဆက်ထားသော နိုင်ငံများသည် ၎င်းတို့၏ မူဝါဒရွေးချယ်မှုများတွင် ပေကျင်း၏ စက်မှုမူဝါဒ၏ မမြင်ရသောလက်မဲကြီးနောက်ကွယ်၌ ကန့်သတ်ခံထားရသည်ကို တွေ့ရှိကြသည်။ ပိုကုန်ထိန်းချုပ်မှုများကို အင်အားသုံးပိတ်ပင်မှုမရှိချိန်များ တွင်ပင် ကော်ပိုရိတ်စီမံကိန်းရေးဆွဲခြင်း၊ အစိုးရမဟာဗျူဟာနှင့် ကာကွယ်ရေးဝယ်ယူမှုပုံစံတို့၌ ခြိမ်းခြောက်မှုများအပြည့်နှင့် ရင်ဆိုင်ကြရမည်သာဖြစ်သည်။

တရုတ်နိုင်ငံသည် ကမ္ဘာတွင်စီးပွားရေးဗဟိုချက်အဖြစ် အာသားချက်များရှိသည်ဟု အောင်ပွဲခံ ဟောပြောနေကြသည်။ သို့သော် မကြာသေးမီက ဖြစ်ရပ်များက ပြသခဲ့သည့်အတိုင်း အမျိုးသားလုံခြုံရေးနှင့် ခေတ်မီနည်းပညာအတွက် မရှိမဖြစ်လိုအပ် ဒြပ်သတ္တုများကို တစ်ဦးတစ် ယောက်တည်းက အလွန်အမင်း ထိန်းချုပ်ထားသောအခါ ဈေးကွက်များသည် အာဏာ၏ လက်သုံး ကိရိယာတန်ဆာပလာများဖြစ်လာပြီး မှီခိုမှုဆိုသည် စီးပွားရေးအချက်အလက်တစ်ခုဆိုသည်မှ ပထဝီနိုင်ငံရေးလက်နက်အသွင်သို့ ပြောင်းလဲသွားခဲ့သည်ကို ရှင်းလင်းစွာ မြင်တွေ့ချင့်ချိန်နိုင်ခဲ့ကြပြီ ဖြစ်ပေမည်။

#MeKongNews

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

ဆောင်းပါး

BRI, Bricks and Bases: How China Is Turning Southeast Asia Into Its New Strategic Frontier

~ Linn Maung ~ China’s ambitions in Southeast Asia are no longer
ဆောင်းပါး

Starlink က အဆုံးအဖြတ်ပေးနေတဲ့ ယူကရိန်းစစ်မြေပြင်

~ ဒင်းဒင်း ~ အီလွန်မက်စ်ရဲ့ SpaceX က လုပ်ကိုင်နေတဲ့ Starlink ဂြိုဟ်တုတွေက မြန်နှုန်းမြင့် အင်တာနက်ကို ပေးစွမ်းပြီး

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

အမြစ်မပြတ်သေးသည့် တရုတ်၏ အဂတိလိုက်စားမှု ပြဿနာ

~ လင်းမောင် ~ ဝူဟန်မြို့တော်ဝန်ဟောင်း ကျိုးရှန်းဝမ်အား ပြစ်ဒဏ်ချမှတ်လိုက်ခြင်းသည် တရုတ်နိုင်ငံ၏ အဂတိလိုက်စားမှု တိုက်ဖျက်ရေး လှုပ်ရှားမှုအနေဖြင့် အမြစ်ပြတ်ချေမှုန်းရန် ရည်ရွယ်ထားသည့် အလေ့အထများကို မဖယ်ရှားနိုင်သေးကြောင်း သတိပေးချက်တစ်ခု ဖြစ်စေသည်။ ၂၀၂၆ ခုနှစ် အောက်တိုဘာ ၁၀

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

China’s Corruption Problem Runs Deeper Than Xi’s Tigers and Flies

~ Linn Maung ~ The sentencing of Zhou Xianwang, Wuhan’s former mayor, offers a reminder that China’s anti-corruption campaign has

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

ဒေါ်နယ်ထရမ့်၊ ဇီလန်းစကီး နဲ့ မပြီးဆုံးသေးတဲ့ ယူကရိန်းစစ်ပွဲ

~ CWM ~ စစ်ကတော့ ဖြစ်နေတုန်းပါပဲ။ ရုရှားရော ယူကရိန်းပါ ဘတပြန် ကျားတပြန်။ ၂၀၂၂ ကတည်းက စတဲ့ ယူကရိန်းစစ်ပွဲက လေးနှစ်အတွင်း နှစ်ဖက်ထိခိုက်သေဆုံးရသူ အရေအတွက်က ၅၀၀၀၀၀ နဲ့ ၈၀၀၀၀၀ ကြားမှာ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

စိုးရိမ်ဖွယ် တရုတ်၏ အထည်အလိပ်လုပ်ငန်း ပြိုလဲမှုနှင့် လုပ်ငန်းများ မက္ကဆီကိုသို့ အစုလိုက်အပြုံလိုက် ပြောင်းရွှေ့ခြင်း

~ လင်းမောင် ~ ကမ္ဘာ့ကုန်ထုတ်လုပ်မှု ထောက်ပံ့ရေးကွင်းဆက်၏ ကျောရိုးအဖြစ် ကာလရှည်ကြာ သတ်မှတ်ခံခဲ့ရသော တရုတ်နိုင်ငံ၏ အထည်အလိပ်လုပ်ငန်းသည် ငြင်းပယ်၍မရနိုင်သော ဖိစီးမှုဆိုင်ရာ အရိပ်အယောင်များကို ပြသနေသည်။ တစ်ချိန်က အဆုံးမရှိသော ပို့ကုန်အမှာစာများ၊ ပေါများလှသော လုပ်သားအင်အားနှင့် ကျယ်ပြန့်သော

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

လျူရှောက်ချီ ရဲ့ နောက်ဆုံးနေ့များ

~ CWM ~ (၁) ၁၉၆၉ခုနှစ်၊ နိုဝင်ဘာလ(၁၂)ရက်၊ ဟေနန်ပြည်နယ်၊ ကိုင်ဖန်းမြို့။ ခိုက်ခိုက်တုန်အောင် အေးစိမ့်ပြီး အပူလွှတ်ပေးမထားတဲ့ ဘဏ်အဆောက်အဦးဟောင်းတခုရဲ့ အခန်းကျဉ်းလေးထဲမှာ သေငယ်ဇောနဲ့ မျောနေတဲ့ အကျဉ်းသားတဦးဟာ သစ်သားခေါက်ကုတင်လေးတလုံးပေါ်မှာ ခွေခွေလေး လဲလျောင်းနေတယ်။ နေရာက

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

China’s Textile Collapse: Factory Shutdowns, Layoffs and the Great Migration to Mexico Raise Alarming Questions

~ Linn Maung ~ China’s textile industry, long regarded as the backbone of the world’s manufacturing supply chain, is showing

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now