မဲခေါင်၊ ဒီဇင်ဘာ ၂၉
ယူကရိန်းအရေးတွင် တိုးတက်မှု ရခဲ့သော်လည်း ခက်ခဲသော ပြဿနာ တစ်ခု ၂ ခုကို ဖြေရှင်းရန် ကျန်နေသေးပြီး နယ်မြေ ပြဿနာမှာ အခက်ဆုံးဖြစ်ကြောင်း ယူကရိန်းသမ္မတ ဇီလန်စကီးနှင့် တွေ့ဆုံပြီးနောက် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြောကြားသည်။
အချက် ၂၀ ပါ ငြိမ်းချမ်းရေး အစီအစဥ်ကို ၉၀ ရာခိုင်နှုန်း သဘောတူညီထားပြီဟု ဇီလန်စကီးက ပြောကြားပြီး ယူကရိန်းအတွက် လုံခြုံရေးအာမခံချက်မှာ ၉၅ ရာခိုင်နှုန်း နီးပါး ပြီးစီးသွားပြီဟု ဆိုသည်။
သို့ရာတွင် ဒွန်ဘတ်စ် ဒေသ၌ လွတ်လပ်သော ကုန်သွယ်ရေးဇုန် ဖွင့်လှစ်သွားရေးကိုလည်း မဖြေရှင်းရသေးကြောင်း ထရမ့်က ပြောသည်။
နယ်မြေကိစ္စအတွက် လူထုဆန္ဒခံယူပွဲ ကျင်းပရေးကို ခွင့်ပြုချက်ပေးရန် ရုရှားသမ္မတပူတင်က သဘောမတူဟု ၎င်းက ပြောသည်။
ယင်းမှာ နယ်မြေကိစ္စ ဖြေရှင်းရန် မရှိမဖြစ်အရေးပါသည်ဟု ယူကရိန်းက ပြောသည်။
တိုက်ပွဲများ၏ ရှေ့တန်း မျက်နှာစာဖြစ်သော ယူကရိန်းအရှေ့ပိုင်း ဒွန်ဘတ်စ်ဒေသကိုမူ ဖြေရှင်းရန် ကျန်နေသေးသည့် ကိစ္စအဖြစ် ထရမ့်က ဖော်ပြခဲ့သော်လည်း သဘောတူညီချက်ရရှိရန် အများကြီး ပိုမိုနီးစပ်လာပြီဟု ဆိုသည်။
ဇီလန်းစကီးကမူ ဒွန်ဘတ်စ်ကိစ္စတွင် ယူကရိန်း၏ သဘောထားမှာ အလွန်ရှင်းလင်းပြီး ရုရှား၏ သဘောထားနှင့် ကွဲပြားကြောင်း ပြောကြားခဲ့သည်။
ယူကရိန်းကို ပြန်လည် ထူထောင်ရာတွင် ရုရှားက ကူညီပေးသွားမည် ဖြစ်ကြောင်း ထရမ့်က ပြောကြားခဲ့သည်။
ထို့ပြင် ငြိမ်းချမ်းရေး သဘောတူညီချက် ရရှိပြီးနောက် ယူကရိန်းသို့ သွားရောက်လည်ပတ်ရန် အသင့်ရှိကြောင်းလည်း ၎င်းက ဖြည့်စွက် ပြောဆိုခဲ့သည်။
သင့်တော်သည့်အချိန်တွင် ရုရှား၊ ယူကရိန်းနှင့် အမေရိကန်တို့ သုံးပွင့်ဆိုင် တွေ့ဆုံနိုင်မည်ဟု ယုံကြည်ကြောင်းလည်း ၎င်းက ပြောကြားခဲ့ပြီး ပူတင်ကလည်း ထိုသို့ဖြစ်လာရန် ဆန္ဒရှိနေပုံရသည်ဟု အရိပ်အမြွက် ဖွင့်ဟခဲ့သည်။
ဖလော်ရီဒါပြည်နယ်တွင် ပြုလုပ်ခဲ့သော နှစ်ဦးကြား တွေ့ဆုံမှုက အလွန်ကောင်းမွန်ကြောင်း သမ္မတ နှစ်ဦးစလုံးက ပြောကြားကြသည်။
အေးကျော်
Ref: BBC
#MeKongNews
#ယူကရိန်း
#တိုးတက်မှု
#ပြဿနာ
#ဒေါ်နယ်ထရမ့်








