နေ့စဥ်သတင်း

စကားများရာမှ လူသတ်မှု ကျူးလွန်သူကို UWSA သေဒဏ်ပေး

မဲခေါင် 27 Dec - 2025
မဲခေါင်၊ ဒီဇင်ဘာ ၂၇ UWSA ထိန်းချုပ်ရာ “ဝ”ဒေသ၊ ဟိုပန်မြို့တွင် လူသတ်မှု ကျူးလွန်သူ အမျိုးသားတစ်ဦးကို UWSA တရားစီရင်ရေးဌာနက သေဒဏ် ချမှတ်ခဲ့ကြောင်း ဒေသတွင်းမီဒီယာ Wa News Land က ယနေ့ ဖော်ပြသည်။ ယနေ့ ဒီဇင်ဘာ ၂၇ ရက် နံနက် ၈ နာရီ ကျော်တွင် ယင်းပြစ်ဒဏ်ချမှုကို ဟိုပန်မြို့ယဥ်ကျေးမှုကွင်းတွင် ဒေသခံများ ရှေ့မှောက်၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။ ဟိုပန်မြို့တွင် အလုပ်လာလုပ်သူ မိုင်းမော၊ ပန်ကွဲကျေးရွာမှ မောင်ကျော်လွင် ခေါ် ကိုလှ ၃၅ နှစ်နှင့် ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်၊ ကံကြီးအုပ်စု လက်ပံကုန်းရွာမှ တစ်ခန်းတည်းအတူနေ စိုင်းအောင်လင်းဦး

မဲခေါင်၊ ဒီဇင်ဘာ ၂၇

UWSA ထိန်းချုပ်ရာ “ဝ”ဒေသ၊ ဟိုပန်မြို့တွင် လူသတ်မှု ကျူးလွန်သူ အမျိုးသားတစ်ဦးကို UWSA တရားစီရင်ရေးဌာနက သေဒဏ် ချမှတ်ခဲ့ကြောင်း ဒေသတွင်းမီဒီယာ Wa News Land က ယနေ့ ဖော်ပြသည်။

ယနေ့ ဒီဇင်ဘာ ၂၇ ရက် နံနက် ၈ နာရီ ကျော်တွင် ယင်းပြစ်ဒဏ်ချမှုကို ဟိုပန်မြို့ယဥ်ကျေးမှုကွင်းတွင် ဒေသခံများ ရှေ့မှောက်၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဟိုပန်မြို့တွင် အလုပ်လာလုပ်သူ မိုင်းမော၊ ပန်ကွဲကျေးရွာမှ မောင်ကျော်လွင် ခေါ် ကိုလှ ၃၅ နှစ်နှင့် ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်၊ ကံကြီးအုပ်စု လက်ပံကုန်းရွာမှ တစ်ခန်းတည်းအတူနေ စိုင်းအောင်လင်းဦး ၂၄ နှစ်တို့ အချင်းချင်း စကားများပြီး စိုင်းအောင်လင်းဦးမှ မောင်ကျော်လွင်ကို သေသည်အထိ ကျုးလွန်ခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။

“စိုင်းအောင်လင်းဦးက နဂိုလောင်းကစားလုပ်လို့ အကြွေးတင်နေတာ၊ ဆေးသုံးတော့ ဆေးကြောင်နေတာလည်း ပါတယ်။ စကားအချေအတင် များကြရင်း တူနဲ့ခေါင်းကို သေတဲ့ထိ ရိုက်လိုက်တာ”ဟု နီးစပ်သူများက ပြောကြားကြောင်း သတင်းက ဖော်ပြသည်။

လူသတ်မှု ကျူးလွန်ပြီးနောက် စိုင်းအောင်လင်းဦးက မောင်ကျော်လွင်၏ vivo တံဆိပ် လက်ကိုင်ဖုန်း နှင့်အတူ ဖုန်းကာဗာနောက်ရှိ တရုတ်ငွေ ၁၅၀ ယွမ်ကိုယူပြီး လောင်းကစားရုံကို ထပ်သွားခဲ့သည်ဟု ဆိုသည်။

ယင်းပြစ်မှုကို “ဝ” ပြည်နယ် အခြေခံဥပဒေ ရာဇဝတ်မှုဆိုင်ရာဥပဒေ အခန်း (၄) အရ “နိုင်ငံသား၏ ပုဂ္ဂိုလ်ရေးဆိုင်ရာ အခွင့်အရေးများနှင့် ဒီမိုကရေစီအခွင့် အရေးများကို ချိုးဖောက်ခြင်းဆိုင်ရာ ပြစ်မှု၊ ပုဒ်မ (၁၉၁) – ရည်ရွယ်ချက်ရှိရှိ လူသတ်မှုအရ သက်သေ အထောက်အထား ခိုင်လုံသောကြောင့် ပြစ်မှု အထမြောက်ကြောင်း သတ်မှတ်ခဲ့ပါသည်။”ဟု UWSA က ဆိုသည်။

စုံစမ်းစစ်ဆေးမှုများကို အဆင့်ဆင့် အစီရင်ခံပြီးနောက် “ဝ” ပြည် သွေးစည်း ညီညွတ်ရေးပါတီ ဗဟိုကော်မတီက တရားခံ စိုင်းအောင်လင်းဦးကို ရည်ရွယ်ချက်ရှိရှိ လူသတ်မှုဖြင့် သေဒဏ်ချမှတ်ခဲ့ကြောင်း သတင်းက ဆိုသည်။

#MeKongNews
#စကားများ
#လူသတ်မှု
#UWSA
#သေဒဏ်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now