မဲခေါင်၊ ဒီဇင်ဘာ ၂၆
ရှမ်းတောင်၊ ပင်လောင်းမြို့နယ်၊ တီကျစ်မြို့၊ လှည်းကြားရွာ အနီးတွင် ကား ၃ စီးတိုက်မှု ဖြစ်ပွား ပြီး ၃ ဦးဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
ဒီဇင်ဘာ ၂၅ ရက်၊ နံနက် ၁၀ နာရီကျော်တွင် ဖြစ်ပွားခဲ့ပြီး လူ ၃ ဦး ဒဏ်ရာရရှိသည့် အပြင် ကား ၃ စီး စ လုံးလည်း အများအပြား ပျက်စီးသွားကြောင်း ပြောသည်။
“အဲနားက လမ်းကောင်းတယ်။ တောင်ဘက်နေလာတဲ့ ကားအချင်းချင်း ကျော်ဖို့လုပ်ရင်း မြောက်ဘက် လာတဲ့ ကားနဲ့ တိုက်မိပြီး နောက်ကားတစ်စီးလည်း အရှိန်မထိန်းနိုင်ဘဲ ၃ စီး တိုက်မှု ဖြစ်သွားတာ။ ၃ ဦး တော့ ဒဏ်ရာရတယ်။ တစ်ဦးတော့ ခြေထောက်ကျိုးပြီး ဒဏ်ရာပြင်းထန်တယ်”ဟု မျက်မြင်ဒေသခံ တစ်ဦးက မဲခေါင်သို့ ပြောသည်။
ဒဏ်ရာရရှိ သူများကို ကယ်ဆယ်ရေး အဖွဲ့ဝင်များက တီကျစ်ဆေးရုံသို့ ပို့ဆောင်ပေးပြီး ခြေထောက်ကျိုး သူကို ကယ်ဆယ်ရေးအဖွဲ့က တောင်ကြီးမြို့ စပ်စံထွန်း ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း ပြောသည်။
ရှမ်းပြည်တောင်ပိုင်း၌ ယခုနောက်တွင် ယာဉ်စဉ်းကမ်း၊ လမ်းစည်းကမ်းမသိဘဲ ယာဉ်မောင်းသူများလာသဖြင့် ယာဉ်မတော်တဆမှုလည်း ပိုများလာကြောင်း ကြက်ခြေနီအဖွဲ့ဝင် တစ်ဦးက ပြောသည်။
ထို့ကြောင့် ကျေးရွာများတွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးခြင်းနှင့် က်ကမ်း စာစောင်ဝေခြင်း၊ သတိပေးဆိုင်းဘုတ် တပ်ပေးခြင်းများ အထူး လိုအပ်လျက်ရှိကြောင်း ၎င်းက ဆက်ပြောသည်။
#MeKongNews
#တီကျစ်
#ဒဏ်ရာ
#ပင်လောင်း
#ရှမ်းတောင်








