နေ့စဥ်သတင်း

နောင်ကားဘောလုံးပွဲအတွက် PNO တစ်အိမ် ၃ သောင်း ကောက်

မဲခေါင် 25 Dec - 2025
မဲခေါင်၊ ဒီဇင်ဘာ ၂၅ လီဗာပူးဘောလုံးအသင်းကပင် ချီးကျူးရသည်ဟု ကြွားလုံးထုတ်ခဲ့သည့် နောင်ကား ဘောလုံးပွဲအတွက် ဟုဆိုကာ စစ်ကောင်စီ လက်အောက်ခံ PNO ပြည်သူ့စစ်က တစ်အိမ် ၃ သောင်းကျပ် တောင်းခဲ့ကြောင်း ကိုယ်တိုင်ထည့်ခဲ့ရသည့် ဒေသခံများက ပြောသည်။ တောင်ကြီးမြို့နယ်၊ တခေါ့မွူး ကျေးရွာအုပ်စုတွင် အထက်အမိန့် ဟုဆိုကာ PNO က တောင်းယူခဲ့ခြင်း ဖြစ်သည်ဟု ကိုယ်တိုင်ထည့်ခဲ့ရသည့် ဒေသခံတစ်ဦးက ပြောသည်။ “နောင်ကားဘောလုံးပွဲ အောင်မြင်ရေးအတွက်လို့ ပြောပြီး PNO အုပ်ချုပ်ရေးမှူးက ကောက်တာဗျ။ တစ်အိမ် ၃ သောင်းတဲ့။ အထက်လူကြီးက ငွေကြေးမကောက်ဘူးလို့ ပြောတယ် ။ ဒါပေမယ့် အောက်ခြေမှာက အထက်ကခိုင်းလို့ ဆိုပြီးတော့ ကောက်တယ်။”

မဲခေါင်၊ ဒီဇင်ဘာ ၂၅

လီဗာပူးဘောလုံးအသင်းကပင် ချီးကျူးရသည်ဟု ကြွားလုံးထုတ်ခဲ့သည့် နောင်ကား ဘောလုံးပွဲအတွက် ဟုဆိုကာ စစ်ကောင်စီ လက်အောက်ခံ PNO ပြည်သူ့စစ်က တစ်အိမ် ၃ သောင်းကျပ် တောင်းခဲ့ကြောင်း ကိုယ်တိုင်ထည့်ခဲ့ရသည့် ဒေသခံများက ပြောသည်။

တောင်ကြီးမြို့နယ်၊ တခေါ့မွူး ကျေးရွာအုပ်စုတွင် အထက်အမိန့် ဟုဆိုကာ PNO က တောင်းယူခဲ့ခြင်း ဖြစ်သည်ဟု ကိုယ်တိုင်ထည့်ခဲ့ရသည့် ဒေသခံတစ်ဦးက ပြောသည်။

“နောင်ကားဘောလုံးပွဲ အောင်မြင်ရေးအတွက်လို့ ပြောပြီး PNO အုပ်ချုပ်ရေးမှူးက ကောက်တာဗျ။ တစ်အိမ် ၃ သောင်းတဲ့။ အထက်လူကြီးက ငွေကြေးမကောက်ဘူးလို့ ပြောတယ် ။ ဒါပေမယ့် အောက်ခြေမှာက အထက်ကခိုင်းလို့ ဆိုပြီးတော့ ကောက်တယ်။” ဟု ၎င်းက ပြောသည်။

ယင်းငွေကြေးကောက်ခံမှုကို PNO အုပ်ချုပ်ရေးမှူး ခွန်ပန်းရွှေဆိုသူက ဦးဆောင်ခြင်း ဖြစ်သည်ဟု သတင်းရင်းမြစ်များက ပြောသည်။

နောင်ကား ဘောလုံးပွဲအတွက် ငွေမတောင်းဟု PNO ခေါင်းဆောင်များက ပြောလေ့ရှိသော်လည်း အောက်ခြေတွင်မူ PNO အုပ်ချုပ်ရေးမှူးများက နှစ်စဉ် ကောက်ခံလေ့ရှိကြောင်း ဒေသခံများက ပြောသည်။

“ကျေးရွာအုပ်စု တစ်ခုကို အိမ်ခြေတစ်ထောင်ပဲ ထားဦး၊ သူတို့ ကောက်တဲ့ငွေက တစ်အိမ် ၃ သောင်းဆိုတော့ သိန်း ၃၀၀ အနည်းဆုံးရတယ်။ ကျွန်တော်တို့အုပ်စုက အိမ်ခြေ ၂ ထောင်လောက်ရှိတယ်။ နှစ်တိုင်း ငွေထည့်ရတယ်။ အဲ့ငွေတွေက ဘောလုံးသမားတွေကို ကူညီတာလည်း မဟုတ်ပါဘူး။ ဘောလုံးကန်တဲ့ သူတွေက သူတို့စရိတ်နဲ့ သူတို့စုပြီး ကန်တာပါ”ဟု ဒေသခံတစ်ဦးက ပြောသည်။

ထို့ပြင် ဘောလုံးပွဲ ကျင်းပသည့် နောင်ကားကျေးရွာအုပ်စု အတွင်းရှိ ရွာများသည်လည်း PNO ၏ စေခိုင်းချက်အရ ဘောလုံးကွင်း တံမျက်စည်းလှည်းခြင်း၊ အမှိုက်ကောက်ခြင်းများကို အလှည့်ကျ လုပ်ပေးရကြောင်းလည်း ဒေသခံများက ဆိုသည်။

“ညတိုင်းပဲ ဘောလုံးပွဲပြီးရင် ကွင်းသန့်ရှင်းရေး သွားလုပ်ပေးရတယ်။ အလကား သွားလုပ်ပေးရတာ။ ပွဲအတွက် စပွန်ဆာပေးတဲ့ ကုမ္မဏီတွေရဲ့ အလှူငွေကို လူကြီးတွေပဲ စားရတာ။ ရွာသားတွေက အကုန်လုံး အလကား လုပ်ပေးရတာပါ”ဟု ဒေသခံ သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

ယခုနှစ် နောင်ကားဘောလုံးပွဲကို အသင်းပေါင်း ၁၄၀ ကျော်ဖြင့် ဒီဇင်ဘာ ၁၇ ရက်မှ စတင် ကျင်းပလျှက်ရှိသည်။

ဥရောပအပါအဝင် ကမ္ဘာက ၇ နှစ်စာ အချိန်ယူရမည့် ဘောလုံးပြိုင်ပွဲကို PNO က တစ်လကျော်ဖြင့် ကျင်းပနိုင်ခဲ့သဖြင့် လီဗားပူးအသင်းကပါ နောင်ကားဘောလုံးပွဲကို အံ့ဩချီးကျုးခဲ့သည်ဟု ဥက္ကဌ ခွန်စံလွင်က ဘောလုံးပွဲဖွင့်ပွဲတွင် ကြွားဝါ ပြောဆိုခဲ့သည်။

#MeKongNews
#PNO
#နောင်ကား
#လီဗာပူး
#ဘောလုံးပွဲ

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now