နေ့စဥ်သတင်း

တောင်ကြီးတစ်ဝိုက်တွင် ယာဉ်ထိန်းရဲမှူး မိုးကျော်ဟိန်းနှင့် တပည့်များ ငွေတောင်းကြမ်းနေ

မဲခေါင် 23 Dec - 2025
မဲခေါင်၊ ဒီဇင်ဘာ ၂၃ ရှမ်းပြည်တောင်ပိုင်းဒေသများဖြစ်သည့် ကလော၊ ရွှေညောင်၊ မိုင်းပွန်မြို့နယ် တို့ရှိ ဂိတ်များတွင် ရှမ်းပြည်တောင်ပိုင်း၊ အမှတ်(၁၁၇) ဒုတိယ ယာဉ်ထိန်းရဲတပ်ဖွဲ့ ရဲမှူးမိုးကျော်ဟိန်းနှင့် တပည့်များက ကုန်ကားနှင့် ဒေသခံ ကားသမားများထံမှ ငွေတောင်းကြမ်းနေကြောင်း သတင်းရင်းမြစ်များက ပြောသည်။ ရွှေညောင်မြို့နယ် ရေဦးဂိတ်၊ ကလောမြို့နယ်တွင် နန်းပန်တက်ဂိတ်၊ ဟဲဟိုးမြို့နယ်တွင် သံတွဲဂိတ်၊ ဘော်ဆိုင်း၊ ရန်နောင်၊ မိုင်းပွန်ဂိတ် များတွင် ရဲမှူးကျော်ဟိန်းက ၎င်းအတွင် ငွေရှာပေးနိုင်သည့် တပည့်များကို ချထားပေးပြီး ငွေတောင်းခိုင်းခြင်းဖြစ်ကြေင်း သတင်းရင်းမြစ်များက ပြောသည်။ “တပည့်တပ်ကြပ်ကြီးရေဦးဆိုလည်း ရွှေညောင်ရပ်စောက်လမ်းခွဲမှာ မနက်၆နာရီကနေ ညနေ၆နာရီအထိ ငွေတောင်းခိုင်းတယ်။ ပြီးရင် ရဲမှူးမိုးကျော်ဟိန်းက သူ့ကို ပိုက်ဆံမပေးနိုင်တဲ့ တပ်ဖွဲ့ဝင်တွေဆို တစ်နေရာကနေ

မဲခေါင်၊ ဒီဇင်ဘာ ၂၃

ရှမ်းပြည်တောင်ပိုင်းဒေသများဖြစ်သည့် ကလော၊ ရွှေညောင်၊ မိုင်းပွန်မြို့နယ် တို့ရှိ ဂိတ်များတွင် ရှမ်းပြည်တောင်ပိုင်း၊ အမှတ်(၁၁၇) ဒုတိယ ယာဉ်ထိန်းရဲတပ်ဖွဲ့ ရဲမှူးမိုးကျော်ဟိန်းနှင့် တပည့်များက ကုန်ကားနှင့် ဒေသခံ ကားသမားများထံမှ ငွေတောင်းကြမ်းနေကြောင်း သတင်းရင်းမြစ်များက ပြောသည်။

ရွှေညောင်မြို့နယ် ရေဦးဂိတ်၊ ကလောမြို့နယ်တွင် နန်းပန်တက်ဂိတ်၊ ဟဲဟိုးမြို့နယ်တွင် သံတွဲဂိတ်၊ ဘော်ဆိုင်း၊ ရန်နောင်၊ မိုင်းပွန်ဂိတ် များတွင် ရဲမှူးကျော်ဟိန်းက ၎င်းအတွင် ငွေရှာပေးနိုင်သည့် တပည့်များကို ချထားပေးပြီး ငွေတောင်းခိုင်းခြင်းဖြစ်ကြေင်း သတင်းရင်းမြစ်များက ပြောသည်။

“တပည့်တပ်ကြပ်ကြီးရေဦးဆိုလည်း ရွှေညောင်ရပ်စောက်လမ်းခွဲမှာ မနက်၆နာရီကနေ ညနေ၆နာရီအထိ ငွေတောင်းခိုင်းတယ်။ ပြီးရင် ရဲမှူးမိုးကျော်ဟိန်းက သူ့ကို ပိုက်ဆံမပေးနိုင်တဲ့ တပ်ဖွဲ့ဝင်တွေဆို တစ်နေရာကနေ နောက်တနေရာကို ပြောင်းရွှေ့လုပ်လိုက်တယ်။ သူငွေတောင်းနေတာတွေကိုလည်း ဘယ်နေရာတိုင်တိုင် ငါကရဲချုပ်ကို ခါးပိုက်ထဲထည့်ထားတာ ဂရုမစိုက်ဘူးဆိုပြီး ကြွေးကြော်တယ်” ဟု သတင်းရင်းမြစ်တစ်ဦးက မဲခေါင်သို့ပြောသည်။

ရဲမှူး မိုးကျော်ဟိန်းသည် ယာဉ်ထိန်းရုံးမှ ဖမ်းဆီးထားသော ဆိုင်ကယ်များကိုလည်း ၎င်းကိုယ်ကျိုးအတွက် အသုံးချပြီး ၎င်း၏ တပည့်များက သက်ဆိုင်ရာ အိမ်အထိ သွားရောက်ပို့ဆောင်ပေးနေကြောင်း သတင်းရင်းမြစ်များက ဆိုသည်။

ထို့အပြင် မိုင်းပွန်၊ နန်းပန်တက်ဂိတ်မှ ကုန်ကားများကိုလည်း မကြာခဏဖမ်းဆီးလေ့ရှိပြီး ပြန်လည်ရွေးယူသည့်အခါ ရဲမှူး မိုးကျော်ဟိန်းနှင့် ပြောရကြောင်း ကုန်ကားမောင်းသူများက ပြောသည်။

“ဖမ်းဆီးခံရတဲ့ကားဆို သူနဲ့ရှင်းရတယ်။ သူနဲ့ပြောရဖို့ဆိုလည်း တစ်ခါတစ်လေ ၁၀ရက်၊ တစ်ပတ်စောင့်ရတယ်။ ကားဖမ်းခံရပြီဆို ပိုက်ဆံ သိန်းဆယ်ချီပေးပြီး ပြန်ရွေးရတယ်။ ငွေတောင်းအရမ်းကြမ်းတယ်။ ကုန်ကားတွေဆို အပြစ်မရှိ၊ ကန့်သတ် ကုန်ပစ္စည်း မပါလည်း သူတို့ဖမ်းချင်ရင် ဖမ်းတယ် ငွေညစ်ချင်ရင်ညစ်တယ်။ ဆိုးဆိုးရွားရွားဘဲ”ဟု ကုန်ကားမောင်းသူတစ်ဦးက မဲခေါင်သို့ပြောသည်။

ယခုရက်ပိုင်းအတွင်း ရဲမှူးမိုးကျော်ဟိန်းက ရဲချုပ်၊ မှုခင်းရဲတပ်ဖွဲ့-CID တို့ထံ ပိုက်ဆံပေးထားပြီး လိုင်စင်မဲ့ ကား၊ ဆိုင်ကယ်များကို ၂ဆတိုးကာ ၎င်း၏တပည့်များကို ဖမ်းခိုင်နေကြောင်းလည်း သတင်းရင်းမြစ်များက ပြောသည်။

စစ်ကောင်စီ ဒုဥက္ကဌမှ တရားမဝင်ကုန်စည်များ ဖမ်းဆီးရန် ညွှန်ကြားပြီးနောက်ပိုင်း တောင်ကြီးတွင် ဟိုပုံး၌ ကုန်တင်ကားကြီးများ စီးရေရာချီကို ဖမ်းဆီးခြင်းနှင့် တောင်ကြီးမြို့ပေါ်၌ ကား၊ ဆိုင်ကယ်များ စီးရေ ရာချီ၊ ထောင်ချီဖမ်းဆီးပြီး ယခုလို ယာဥ်ထိန်းများမှ ကိုယ်ကျိုးရှာ လုပ်စားနေကြခြင်းဖြစ်သည်။

#MeKongNews
#တောင်ကြီးမြို့နယ်
#ယာဉ်ထိန်းရဲ
#လိုင်စင်မဲ့ယာဉ်
#ရဲမှူးမိုးကျော်ဟိန်း

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now