ကမ္ဘာ့သတင်း

ဥ‌ရောပတွင် အကြီးဆုံး လေယာဥ်တင်သင်္ဘော အသစ် ပြင်သစ် တည်ဆောက်မည်

မဲခေါင် 22 Dec - 2025
မဲခေါင်၊ ဒီဇင်ဘာ ၂၂ သက်တမ်းကြာနေပြီ ဖြစ်သော ချားလ်စ်ဒီဂေါလ် လေယာဥ်တင် သင်္ဘောကြီး၏ နေရာတွင် ပိုသစ်လွင်ပြီး ပိုကြီးမား၊ ခေတ်မီသော လေယာဥ်တင် သင်္ဘောတစ်စီးဖြင့် အစားထိုးသွားမည် ဖြစ်ကြောင်း ပြင်သစ်သမ္မတ အီမန်နျူရယ်မက်ခရွန်က အတည်ပြု ပြောကြားသည်။ Porte-Avions Nouvelle Génération – PANG ဟု အများသိကြသော လေယာဥ်တင်သင်္ဘော တည်ဆောက်ရေး အစီအစဥ်က ယူရို ၁၀ ဒသမ ၂၅ ဘီလီယံခန့် ကုန်ကျမည်ဟု ခန့်မှန်းကြသည်။ ယင်းသင်္ဘောအသစ်ကို ၂၀၃၈ ခုနှစ်တွင် စတင် အသုံးပြုမည် ဖြစ်ကာ ထိုနှစ်မှာပင် လက်ရှိ ချားလ်စ်ဒီဂေါလ် လေယာဥ်တင် သင်္ဘောကြီးကို အနားပေးမည် ဖြစ်ကြောင်း

မဲခေါင်၊ ဒီဇင်ဘာ ၂၂

သက်တမ်းကြာနေပြီ ဖြစ်သော ချားလ်စ်ဒီဂေါလ် လေယာဥ်တင် သင်္ဘောကြီး၏ နေရာတွင် ပိုသစ်လွင်ပြီး ပိုကြီးမား၊ ခေတ်မီသော လေယာဥ်တင် သင်္ဘောတစ်စီးဖြင့် အစားထိုးသွားမည် ဖြစ်ကြောင်း ပြင်သစ်သမ္မတ အီမန်နျူရယ်မက်ခရွန်က အတည်ပြု ပြောကြားသည်။

Porte-Avions Nouvelle Génération – PANG ဟု အများသိကြသော လေယာဥ်တင်သင်္ဘော တည်ဆောက်ရေး အစီအစဥ်က ယူရို ၁၀ ဒသမ ၂၅ ဘီလီယံခန့် ကုန်ကျမည်ဟု ခန့်မှန်းကြသည်။

ယင်းသင်္ဘောအသစ်ကို ၂၀၃၈ ခုနှစ်တွင် စတင် အသုံးပြုမည် ဖြစ်ကာ ထိုနှစ်မှာပင် လက်ရှိ ချားလ်စ်ဒီဂေါလ် လေယာဥ်တင် သင်္ဘောကြီးကို အနားပေးမည် ဖြစ်ကြောင်း ပြင်သစ်အစိုးရက ပြောသည်။

နျူကလီးယား တွန်းအား‌ပေး အစိတ်အပိုင်းများကို ပြီးခဲ့သည့်နှစ်ကပင် စတင် တည်‌ဆောက်နေပြီ ဖြစ်ကာ နောက်ဆုံးပစ္စည်း မှာယူမှု ဘတ်ဂျက်ကို ၂၀၂၅ ဘတ်ဂျက်ထဲ ထည့်သွင်းရမည်ဖြစ်သည်။

ပြင်သစ်တို့၏ PANG စီမံကိန်းမှ ပေါ်ထွက်လာမည့် သင်္ဘောသည် ဥရောပက တည်ဆောက်ခဲ့သမျှထဲတွင် အကြီး ဆုံး စစ်သင်္ဘောကြီး ဖြစ်လာမည်ဖြစ်ကာ ပြင်သစ်နိုင်ငံ၏ နျူကလီးယား အဟန့်အတားတွင် အဓိကနေရာမှ ပါဝင်လာမည်ဖြစ်သလို ဥရောပ၏ လုံခြုံရေးအား ကူညီထောက်ပံ့ရန် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ တွန့်ဆုတ်မှုနှင့် ယူကရိန်းစစ်ပွဲ ဖြစ်ပေါ်နေစဉ် ဥရောပ၏ ကာကွယ်ရေးတိုးမြှင့်ရန် ကြိုးပမ်းမှုကိုလည်း အထောက်အကူ ပေးမည်ဖြစ်သည်။

ကမ္ဘာ့ရေနံများ စီးဆင်းရာတွင် အဓိကနေရာဖြစ်‌သော ဟောမုဇ် ရေလက်ကြားအနီး ယူအေအီးနိုင်ငံ အဘူဒါဘီဒေသရှိ ပြင်သစ် စစ်စခန်းတစ်ခုမှ တပ်ဖွဲများအား မိန့်ခွန်း ပြောကြားစဉ် မက်ခရွန်က အထက် ပါအကြောင်းအရာကို ထုတ်ပြန်ခဲ့ပြီး လေယာဉ်တင် သင်္ဘောသစ်တည် ဆောက်ရေးစီမံကိန်းဆုံး ဖြတ်ချက်ကို ယခု သီတင်းပတ်အတွင်း ဆုံးဖြတ်ခဲ့သည်ဟု ပြောသည်။

အီးယူအဖွဲ့တွင် တစ်ခုတည်းသော နျူကလီးယား အင်အားကြီးနိုင်ငံ ဖြစ်သော ပြင်သစ်အပြင် ဗြိတိန် ၊အီတလီနှင့် စပိန်တို့ကလည်း လေယာဉ်တင် သင်္ဘောတစ်စီးစီ ပိုင်ဆိုင်ကြသည်။

အမေရိကန်က လေယာဉ်တင်သင်္ဘော ၁၁ စီးပိုင်ဆိုင်ပြီး တရုတ်က ၃ စီး ပိုင်ဆိုင်ထားကြောင်း သိရသည်။

တရုတ်က လေယာဉ်များပျံတက်ရန် လျှပ်စစ်သံလိုက် လောက်လွှဲစနစ်များ တည်ဆောက်ထားပြီဖြစ်ကြောင်းနှင့် ပြင်သစ်ကလည်း ယင်းစနစ်များကို ကိုယ်တိုင် တည်ဆောက်လျှင် တွက်ခြေမကိုက်သဖြင့် အချိန်ယူ တည်ဆောက်မည့် အစား အမေရိကန်ထံမှ ဝယ်ယူ အသုံးပြုသွားမည် ဖြစ်ကြောင်း ပြင်သစ်စစ်ဘက် အကြီးအကဲ ဖာဘီယံမန်ဒွန် က အောက်တိုဘာလတွင် ပြင်သစ် အထက်လွှတ်တော်အား အသိပေး ပြောကြားခဲ့သည်။

အေးကျော်
Ref: Reuters
#MeKongNews
#ဥ‌ရောပ
#လေယာဥ်တင်သင်္ဘော
#ပြင်သစ်
#တည်ဆောက်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now