နေ့စဥ်သတင်း

ကမ္ဘောဒီးယား ဒုဗိုလ်ချုပ်ကြီး၏ အိမ်နှင့်ကာစီနိုရုံကို ဗုံး ၁၀ လုံးကြဲချခဲ့သည့် တကျော့ပြန် ထိုင်း – ကမ္ဘောဒီးယား စစ်ပွဲ နောက်ဆုံးရ အခြေအနေ

မဲခေါင် 21 Dec - 2025
မဲခေါင်၊ ဒီဇင်ဘာ ၂၁ – ထရတ်အခြေစိုက် ထိုင်းရေတပ် အထူးတပ်ဖွဲ့က ထမော်ဒါနယ်မြေ အတွင်းရှိ ပစ်မှတ်များကို စီးနင်းသိမ်းပိုက်ရန် ကြည်းရေနှစ်သွယ် စစ်ဆင်ရေးတစ်ခုကို ဆင်နွှဲခဲ့ပြီး ကမ္ဘောဒီးယား နယ်စပ်အရာရှိဟောင်း ဒုတိယဗိုလ်ချုပ်ကြီး တမ်ယော်၏ နေအိမ်နှင့် ကာစီနိုရုံတစ်ခုကို ဗုံး ၁၀ လုံးဖြင့် ပြားပြားဝပ်သွားစေခဲ့သည့် F-16 တိုက်လေယာဉ်၏ လေကြောင်းတိုက်ခိုက်မှု အပြီးတွင် ပေါ်ပေါက်လာခြင်း ဖြစ်သည်။ ယင်းအဆောက်အအုံများသည် ထိုင်းနယ်နိမိတ်အတွင်း တရားမဝင်ကျူးကျော် ဆောက်လုပ်ထားခြင်းကြောင့် ပစ်မှတ်ထား တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ထိုင်းတာဝန်ရှိသူများက ပြောကြားသည်။ – ထိုင်းစစ်သားများကို သတ်ကွင်းအတွင်း မျှားခေါ်ရန် လူသတ် မြေမြှုပ်မိုင်းများကို ကမ္ဘောဒီးယားတပ်ဖွဲ့များက အသုံးပြုခဲ့သည်ဟု ထိုင်းရေတပ်က စွပ်စွဲခဲ့ပြီး ယင်းလုပ်ရပ်သည် အပြည်ပြည်ဆိုင်ရာ

မဲခေါင်၊ ဒီဇင်ဘာ ၂၁

– ထရတ်အခြေစိုက် ထိုင်းရေတပ် အထူးတပ်ဖွဲ့က ထမော်ဒါနယ်မြေ အတွင်းရှိ ပစ်မှတ်များကို စီးနင်းသိမ်းပိုက်ရန် ကြည်းရေနှစ်သွယ် စစ်ဆင်ရေးတစ်ခုကို ဆင်နွှဲခဲ့ပြီး ကမ္ဘောဒီးယား နယ်စပ်အရာရှိဟောင်း ဒုတိယဗိုလ်ချုပ်ကြီး တမ်ယော်၏ နေအိမ်နှင့် ကာစီနိုရုံတစ်ခုကို ဗုံး ၁၀ လုံးဖြင့် ပြားပြားဝပ်သွားစေခဲ့သည့် F-16 တိုက်လေယာဉ်၏ လေကြောင်းတိုက်ခိုက်မှု အပြီးတွင် ပေါ်ပေါက်လာခြင်း ဖြစ်သည်။
ယင်းအဆောက်အအုံများသည် ထိုင်းနယ်နိမိတ်အတွင်း တရားမဝင်ကျူးကျော် ဆောက်လုပ်ထားခြင်းကြောင့် ပစ်မှတ်ထား တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ထိုင်းတာဝန်ရှိသူများက ပြောကြားသည်။

– ထိုင်းစစ်သားများကို သတ်ကွင်းအတွင်း မျှားခေါ်ရန် လူသတ် မြေမြှုပ်မိုင်းများကို ကမ္ဘောဒီးယားတပ်ဖွဲ့များက အသုံးပြုခဲ့သည်ဟု ထိုင်းရေတပ်က စွပ်စွဲခဲ့ပြီး ယင်းလုပ်ရပ်သည် အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ ဥပဒေကို ပြင်းထန်စွာ ချိုးဖောက်ခြင်း ဖြစ်ကြောင်း ပြစ်တင် ရှုတ်ချလိုက်သည်။
ယင်းလုပ်ရပ်များသည် အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ ဥပဒေပါ တာဝန်ဝတ္တရားများနှင့် လူသတ် မြေမြှုပ်မိုင်းများ အသုံးမပြုရန် တားမြစ်ထားသည့် အော့တဝါ သဘောတူညီချက်တို့ကို ချိုးဖောက်ရာ ရောက်ကြောင်း ရေတပ် ပြောရေးဆိုခွင့်ရှိသူ ဒုတိယဗိုလ်ချုပ်ကြီး ပါရတ်ရတနာချိုင်ဖန်က ဆိုသည်။

– နှစ်သစ်ကူးပွဲတော် ကာလအတွင်း ဘေးကင်း လုံခြုံရေးအတွက် စိုးရိမ်ရသောကြောင့် ထိုင်းနိုင်ငံတစ်ဝန်းရှိ နယ် မြေများတွင် လုံခြုံရေး အစီအမံများကို တိုးမြှင့်ဆောင်ရွက်ရန် အလေးပေးပြောကြားခဲ့ပြီး မသင်္ကာဖွယ်ရာ လှုပ် ရှားမှုများနှင့် ပတ်သက်သည့် သတိပေးချက်ကို ပြည်တွင်းလုံခြုံရေး ဌာနချုပ် – ISOC ကထုတ်ပြန်သည်။
အများပြည်သူ အနေဖြင့် လုံခြုံရေးအသိဖြင့် နိုးနိုးကြားကြား ရှိကြရန်နှင့် သတင်း အချက်အလက်များကို လုံခြုံရေးဟော့လိုင်း 1374 သို့ ဆက်သွယ် အကြောင်းကြားပေးရန် တောင်းဆိုထားသည်။

– ယနေ့တွင် ထိုင်းစစ်တပ်က ကမ္ဘောဒီးယားနိုင်ငံ အတွင်းသို့ ပစ်မှတ်မရွေးဘဲ လက်နက်ကြီးဖြင့် မဆင်မခြင် ဆက် လက်ပစ်ခတ်ခဲ့ရာ၊ ဗန်တေးမိန်းချေးပြည်နယ်၊ ပွိုင်ပက်မြို့ရှိ အရပ်သားများနှင့် အရပ်ဘက်ဆိုင်ရာ အခြေခံ အဆောက်အအုံများကို ပစ်မှတ်ထားခဲ့ပြီး ညနေ ၅ နာရီအထိ ကမ္ဘောဒီးယားနိုင်ငံ အတွင်းသို့ လက်နက်ကြီးကျည် စုစု ပေါင်း ၄၁ လုံး ကျရောက်ခဲ့သည်ဟု ကမ္ဘောဒီးယား ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

– ထိုင်း – ကမ္ဘောဒီးယား နယ်စပ်တိုက်ပွဲများကြောင့် ထိုင်အရပ်သားများ ထိခိုက်သေဆုံးမှု စာရင်းအရ တိုက်ပွဲကြောင့် တိုက်ရိုက်သေဆုံးသူ တစ်ဦးရှိပြီး တိုက်ပွဲနှင့် ဆက်နွှယ်သော အကြောင်းရင်းများကြောင့် သေဆုံးသူ ၃၃ ဦးရှိ ကြောင်း ထိုင်းကျန်းမာရေးဝန်ကြီးဌာန နောက်ဆုံး ထုတ်ပြန်ချက်အရ သိရသည်။

– ငြိမ်းချမ်းရေး ဆွေးနွေးပွဲများတွင် ထိုင်းမပါဝင်မီ ရန်လို တိုက်ခိုက်မှုများကို ကမ္ဘောဒီးယားက အရင် အဆုံးသတ်ရမည် ဖြစ်ကြောင်း ကမ္ဘောဒီးယားနှင့် တိုက်ပွဲတွင် ကျဆုံးသွားသော ထိုင်းစစ်သည်နှစ်ဦးအား နှုတ်ဆက်ပွဲ အခမ်းအနားသို့ တက်ရောက်ပြီးနောက် ထိုင်းဝန်ကြီးချုပ် အနုတင်ချန်ဗီရာကူးလ်က ပြောကြားသည်။

#MeKongNews
#ထိုင်း
#ကမ္ဘောဒီးယား
#စစ်ပွဲ
#နောက်ဆုံးရ

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now