နေ့စဥ်သတင်း

ထိုင်းစစ်တပ်က အင်အားအလုံးအရင်း သုံးနေသော်လည်း ကမ္ဘောဒီးယားပိုင်နက် တစ်လက်မမျှ မသိမ်းပိုက်နိုင်သေးဟု ဆိုလာသည့် တကျော့ပြန် ထိုင်း – ကမ္ဘောဒီးယား စစ်ပွဲ နောက်ဆုံးရ အခြေအနေ

မဲခေါင် 19 Dec - 2025
မဲခေါင်၊ ဒီဇင်ဘာ ၁၉ – ယခုနှစ်အတွင်း တိုက်ပွဲနှစ်ကြိမ်ဖြစ်ပွားခဲ့ပြီး ထိုင်းစစ်တပ်က စစ်အင်အား အလုံးအရင်းဖြင့် တိုက်ခိုက်ခဲ့သော် လည်း ယနေ့အထိ ကမ္ဘောဒီးယားပိုင်နက် တစ်လက်မမျှ သိမ်းပိုက်နိုင်ခြင်း မရှိသေးကြောင်း ကမ္ဘောဒီးယား လေ့လာစောင့်ကြည့်သူများက ပြောကြားလိုက်ကြောင်း ကမ္ဘောဒီးယားမီဒီယာများက ဖော်ပြသည်။ ယခုကဲ့သို့ သုံးသပ်ချက်မှာ ဇူလိုင်လကုန်ပိုင်းတွင် ၅ ရက်ကြာ ဖြစ်ပွားခဲ့သော တိုက်ပွဲများနှင့် ယခုလအတွင်း ထပ်မံ ဖြစ်ပွားလာသည့် လက်နက်ကိုင် ပဋိပက္ခများအပေါ် အခြေခံ၍ ထွက်ပေါ်လာခြင်း ဖြစ်သည်။ ထိုင်းနိုင်ငံဘက်မှ အဆက်မပြတ် ဖိအားပေး တိုက်ခိုက်နေသော်လည်း ၎င်းတို့ သတ်မှတ်ထားသည့် နယ်မြေသိမ်းပိုက်ရေး ရည်မှန်းချက်များကို အကောင်အထည် မဖော်နိုင်သေးကြောင်း လေ့လာသူများက ထောက်ပြကြသည်။ – ထိုင်းအရှေ့မြောက်ဘက်

မဲခေါင်၊ ဒီဇင်ဘာ ၁၉

– ယခုနှစ်အတွင်း တိုက်ပွဲနှစ်ကြိမ်ဖြစ်ပွားခဲ့ပြီး ထိုင်းစစ်တပ်က စစ်အင်အား အလုံးအရင်းဖြင့် တိုက်ခိုက်ခဲ့သော် လည်း ယနေ့အထိ ကမ္ဘောဒီးယားပိုင်နက် တစ်လက်မမျှ သိမ်းပိုက်နိုင်ခြင်း မရှိသေးကြောင်း ကမ္ဘောဒီးယား လေ့လာစောင့်ကြည့်သူများက ပြောကြားလိုက်ကြောင်း ကမ္ဘောဒီးယားမီဒီယာများက ဖော်ပြသည်။

ယခုကဲ့သို့ သုံးသပ်ချက်မှာ ဇူလိုင်လကုန်ပိုင်းတွင် ၅ ရက်ကြာ ဖြစ်ပွားခဲ့သော တိုက်ပွဲများနှင့် ယခုလအတွင်း ထပ်မံ ဖြစ်ပွားလာသည့် လက်နက်ကိုင် ပဋိပက္ခများအပေါ် အခြေခံ၍ ထွက်ပေါ်လာခြင်း ဖြစ်သည်။ ထိုင်းနိုင်ငံဘက်မှ အဆက်မပြတ် ဖိအားပေး တိုက်ခိုက်နေသော်လည်း ၎င်းတို့ သတ်မှတ်ထားသည့် နယ်မြေသိမ်းပိုက်ရေး ရည်မှန်းချက်များကို အကောင်အထည် မဖော်နိုင်သေးကြောင်း လေ့လာသူများက ထောက်ပြကြသည်။

– ထိုင်းအရှေ့မြောက်ဘက် စစ်မျက်နှာကို တာဝန်ယူထားသည့် ထိုင်းအမှတ် – ၂ စစ်ဒေသ၏ ထုတ်ပြန်ချက်အရ ယနေ့ ဒီဇင်ဘာ ၁၉ ရက် မွန်းတည့်ချိန်အထိ ထိုင်း – ကမ္ဘောဒီးယား နယ်စပ်ရှိ ကဏ္ဍအသီးသီးတွင် တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေကြောင်း သိရသည်။

ဒွန်ထရူရယ်၊၊ ဆမ်တဲ၊ ဆတ်တာဆွမ်၊ ဖနွမ်ပရာဆစ်၊ ထို နှင့် ချောင်တထော နယ်မြေများတွင် ကမ္ဘောဒီးယားတပ်ဖွဲ့ များက မော်တာနှင့် အမြောက်များဖြင့် အဆက်မပြတ် ပစ်ခတ်ခဲ့သည်။ ထိုင်းတပ်ဖွဲ့များကလည်း လက်နက်ငယ်များဖြင့် ပြန်လည်ခုခံခြင်း၊ အမြောက်တပ်ဖွဲ့များက ပြန်လည် ပစ်ခတ်ခြင်းတို့ဖြင့် တုံ့ပြန်ခဲ့သည့် အပြင် ကမ္ဘောဒီးယား၏ BM – 21 ဒုံးပစ်လောင်ချာများ ထားရှိရာ သို့မဟုတ် ခိုလှုံရာနေရာဟု ယူဆရသည့် ပီယာဆဘက်တောင်ကြောရှိ နေရာတစ်ခုကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သည်။

– ထိုင်းစစ်တပ်၊ အင်ဂျင်နီယာတပ်ရင်း၊ အမှတ် – ၂၀၂ အင်ဂျင်နီယာတပ်ခွဲမှ တိုက်ပွဲဝင်အင်ဂျင်နီယာများက ဥဘွန်ရတ်ချာဌာနီခရိုင်၊ နမ်းယွမ်းမြို့နယ်ရှိ ချောင်အန်မာနယ်မြေကို အောင်မြင်စွာ ပြန်လည် သိမ်းပိုက်နိုင်ခဲ့ပြီးနောက် ၎င်းဒေသရှိ တာအုမ်အောက်မေ့ဖွယ် အထိမ်းအမှတ်တိုင်ကို ဖျက်သိမ်းကာ ကမ္ဘောဒီးယား၏ အန်မာဈေးကို ဖယ်ရှား ရှင်းလင်းခဲ့ကြသည်။

– ကမ္ဘောဒီးယားနိုင်ငံအပေါ် ထိုင်းနိုင်ငံ၏ လေကြောင်း တိုက်ခိုက်မှုများ ရပ်တန့်ခြင်းမရှိဘဲ ဆက်လက် ဖြစ်ပွားနေ ပြီး၊ ယနေ့ မွန်းလွဲပိုင်းတွင် ပရီယာဝီဟီယာပြည်နယ် အတွင်းသို့ ဗုံးကြဲတိုက်ခိုက်မှုများ ထပ်မံ ပြုလုပ်ခဲ့ကြောင်း သတင်းများအရ သိရသည်။

– နိုင်ငံလုံခြုံရေးအရ ပင်လယ်ပြင်ရှိ ရေနံနှင့် သဘာဝဓာတ်ငွေ့တူးစင်များ၏ မီတာ ၅၀၀ ပတ်လည်အတွင်း သင်္ဘောများ ခုတ်မောင်းခြင်း သို့မဟုတ် ဒရုန်းပျံသန်းခြင်းများ မပြုလုပ်ရန် ခရီးသွားများ၊ တံငါသည်များနှင့် ရေ ကြောင်းလုပ်ငန်း လုပ်ကိုင်သူများကို ထိုင်းအာဏာပိုင်များက သတိပေးချက် ထုတ်ပြန်ခဲ့သည်။

– ကမ္ဘောဒီးယားတွင် ယခင်က ဖြစ်ပွားခဲ့သော ပြည်တွင်းစစ်များ နောက်ပိုင်း နေရပ်စွန့်ခွာ ရွှေ့ပြောင်းရမှု အများဆုံး ဖြစ်လာပြီး လက်ရှိတွင် ကမ္ဘောဒီးယား ပြည်သူ ၅ သိန်းနီးပါး စစ်ဘေးရှောင်နေကြရသည်။

#MeKongNews
#ထိုင်း
#ကမ္ဘောဒီးယား
#စစ်ပွဲ
#နောက်ဆုံးရ

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now