နေ့စဥ်သတင်း

ကလောမြို့ပေါ် ပြုလုပ်သည့် PNO မဲဆွယ်ပွဲ လူ ၃၀ ခန့်သာတက်

မဲခေါင် 15 Dec - 2025
မဲခေါင်၊ ဒီဇင်ဘာ ၁၅ ရှမ်းတောင်၊ ကလောမြို့ပေါ်တွင် ပြုလုပ်သည့် PNO ပါတီ၏ မဲဆွယ် စည်းရုံးရေးပွဲတွင် တက်ရောက်သည့် ပြည်သူ ၃၀ ခန့် သာရှိသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယမန်နေ့ ဒီဇင်ဘာ ၁၄ ရက်တွင် ကလောမြို့ အမှတ် (၈) ရပ်ကွက်၌ PNO က မဲဆွယ် စည်းရုံးရေးပြုလုပ်ရာ အမျိုး သား ၂၇ ဦး၊ အမျိုးသမီး ၆ ဦးခန့်သာ တက်ရောက်ခဲ့ခြင်းဖြစ်သည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ “အဲဒီ သွားနားထောင်တဲ့ လူတွေကလည်း မကင်းရာ မကင်းကြောင်း PNO ပြည်သူ့စစ် အဖွဲ့ဝင်တွေ ဆွေမျိုးတွေပဲဗျ၊ လူငယ်တွေလည်း မပါဘူး။

မဲခေါင်၊ ဒီဇင်ဘာ ၁၅

ရှမ်းတောင်၊ ကလောမြို့ပေါ်တွင် ပြုလုပ်သည့် PNO ပါတီ၏ မဲဆွယ် စည်းရုံးရေးပွဲတွင် တက်ရောက်သည့် ပြည်သူ ၃၀ ခန့် သာရှိသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။

ယမန်နေ့ ဒီဇင်ဘာ ၁၄ ရက်တွင် ကလောမြို့ အမှတ် (၈) ရပ်ကွက်၌ PNO က မဲဆွယ် စည်းရုံးရေးပြုလုပ်ရာ အမျိုး သား ၂၇ ဦး၊ အမျိုးသမီး ၆ ဦးခန့်သာ တက်ရောက်ခဲ့ခြင်းဖြစ်သည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။

“အဲဒီ သွားနားထောင်တဲ့ လူတွေကလည်း မကင်းရာ မကင်းကြောင်း PNO ပြည်သူ့စစ် အဖွဲ့ဝင်တွေ ဆွေမျိုးတွေပဲဗျ၊ လူငယ်တွေလည်း မပါဘူး။ လူကြီးနဲ့ လူလတ်ပိုင်းတွေပဲ၊ မြို့ပေါ်မှာနေတဲ့သူတွေက PNO ကို ဘယ်သူမှ စိတ်မဝင်စားပါဘူး။ မြို့ပေါ်က ရွာတွေဘက်ကလို အမိန့်ပေးပြီး ကန်တော့ပွဲတွေ အိုးစည်တွေနဲ့ ကြိုခိုင်းလို့ မရတော့ လူလည်း မရှိဘူးပေါ့”ဟု သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

PNO သည် ပအိုဝ်းဒေသ ကျေးရွာများတွင် မဲဆွယ်သည့်အခါ တစ်အိမ် တစ်ယောက် မသွားမနေရ အမိန့်ဖြင့် ပြုလုပ်ခြင်းကြောင့် ပြည်သူများမှာ ၎င်းတို့အား သွားကြိုရ ဟောပြောသည်ကို နားထောင်ရသဖြင့် တက်ရောက်သူ များလေ့ရှိသော်လည်း မြို့ပေါ်များတွင်မူ အမိန့်ပေး၍ မရသဖြင့် လူနည်းခြင်းဖြစ်ကြောင်း သတင်းရင်းမြစ်တစ်ဦးက ပြောသည်။
“ဘာလို့ မသွားကြတာလဲ ဆိုတော့ ကလော မြို့ခံတွေက PNO ကို မကြိုက်လို့ မသွားတာပေါ့။ ပြည်သူကချစ်ရင် ခေါ်စရာတောင် မလိုဘူး။ ရွာတွေဘက်ကျတော့ သူတို့ စိတ်ကြိုက် လုပ်လို့ရတယ်ဆိုတော့ လူများကြောင်း ပြလို့ရတာပေါ့ ။ မြို့မှာတော့မရဘူး”ဟု ကလော မြို့ခံတစ်ဦးက ပြောသည်။

PNO ပါတီကို စစ်ကောင်စီ လက်အောက်ခံ PNO ပြည်သူ့စစ်က ဖွဲ့စည်းထားခြင်း ဖြစ်ပြီး ထိပ်ပိုင်း ခေါင်းဆောင်များ ဖြစ်သည့် ခွန်သိန်းဖေ၊ ခွန်စံလွင်၊‌ နေဝင်းထွန်းတို့က ဦးဆောင်နေသည့် ပါတီဖြစ်သည်။

#MeKongNews
#ကလော
#PNO
#မဲဆွယ်ပွဲ
#ရှမ်းတောင်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now