နေ့စဥ်သတင်း

ရှမ်းမြောက်၊ မွန်နှင့် ကရင်တို့မှ ကုန်စည်များကို ထောင် ၁၀ နှစ် အထိ ချမှတ်နိုင်သည့် ငွေကြေးဥပဒေဖြင့်ပါ အရေးယူရန် စစ်ကောင်စီ ညွှန်ကြား

မဲခေါင် 15 Dec - 2025
မဲခေါင်၊ ဒီဇင်ဘာ ၁၅ ရှမ်းပြည်မြောက်ပိုင်းမှ သယ်ဆောင်လာသည့် ကုန်ပစ္စည်းများကို ပို့ကုန် သွင်းကုန်ဥပဒေနှင့် သက်ဆိုင်ရာ ဥပဒေများအပြင် ငွေကြေးခဝါချမှု တိုက်ဖျက်ရေးဥပဒေဖြင့်ပါ အရေးယူရန် စစ်ကောင်စီက ညွှန်ကြားထားကြောင်း သတင်းရင်းမြစ်များထံမှ သိရသည်။ ရှမ်းမြောက်ရှိ နယ်စပ်ဂိတ် အများစုကို တိုင်းရင်းသား တော်လှန်ရေးတပ်ဖွဲ့များက ထိန်းချုပ်ထားသဖြင့် တော်လှန်ရေး တပ်ဖွဲများအား ဘဏ္ဍာငွေ ဖြတ်တောက်နိုင်ရန် ယင်းကဲ့သို့ လုပ်ဆောင်လာခြင်း ဖြစ်သည်ဟု သတင်းရင်းမြစ်များ ကပြောသည်။ “ရှမ်းမြောက် ဆိုတာကတော့ ညီနောင် ၃ ဖွဲ့ထိန်းချုပ်ထားတဲ့ မူဆယ် ၁၀၅ မိုင်ကနေ ထွက်လာတဲ့ ကုန်ပစ္စည်း တွေ ကို အဓိကတားချင်တဲ့ ရယ်ရွယ်ချက် ဖြစ်တယ်လို့ ပြောလို့ရတယ်။ ကုန်သည်တွေကတော့ လုပ်ရကိုင်ရ

မဲခေါင်၊ ဒီဇင်ဘာ ၁၅

ရှမ်းပြည်မြောက်ပိုင်းမှ သယ်ဆောင်လာသည့် ကုန်ပစ္စည်းများကို ပို့ကုန် သွင်းကုန်ဥပဒေနှင့် သက်ဆိုင်ရာ ဥပဒေများအပြင် ငွေကြေးခဝါချမှု တိုက်ဖျက်ရေးဥပဒေဖြင့်ပါ အရေးယူရန် စစ်ကောင်စီက ညွှန်ကြားထားကြောင်း သတင်းရင်းမြစ်များထံမှ သိရသည်။

ရှမ်းမြောက်ရှိ နယ်စပ်ဂိတ် အများစုကို တိုင်းရင်းသား တော်လှန်ရေးတပ်ဖွဲ့များက ထိန်းချုပ်ထားသဖြင့် တော်လှန်ရေး တပ်ဖွဲများအား ဘဏ္ဍာငွေ ဖြတ်တောက်နိုင်ရန် ယင်းကဲ့သို့ လုပ်ဆောင်လာခြင်း ဖြစ်သည်ဟု သတင်းရင်းမြစ်များ ကပြောသည်။

“ရှမ်းမြောက် ဆိုတာကတော့ ညီနောင် ၃ ဖွဲ့ထိန်းချုပ်ထားတဲ့ မူဆယ် ၁၀၅ မိုင်ကနေ ထွက်လာတဲ့ ကုန်ပစ္စည်း တွေ ကို အဓိကတားချင်တဲ့ ရယ်ရွယ်ချက် ဖြစ်တယ်လို့ ပြောလို့ရတယ်။ ကုန်သည်တွေကတော့ လုပ်ရကိုင်ရ ပိုခက်ခဲသွားမယ်”ဟု သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

ယင်းကဲ့သို့ အရေးယူရန် ဒီဇင်ဘာ ၁၁ ရက်တွင် စစ်ကောင်စီက ညွှန်ကြားခဲ့ခြင်း ဖြစ်ပြီး ရှမ်းမြောက်အပြင် မွန်နှင့် ကရင်ပြည်တို့လည်း ပါဝင်ကြောင်း သိရသည်။

ယင်းဥပဒေ အရ ထောင်ဒဏ် ၁၀ နှစ်နှင့် ဒဏ်ငွေသန်း ၅၀၀ အထိ ချမှတ်နိုင်သည်။

“အခုလည်း ကုန်ကားမှန်သမျှ ပစ္စည်းတွေ အကုန်ချပြီး စစ်တာတွေ ဖမ်းတာတွေ လုပ်နေတာပဲ၊ ငွေနဲ့ ပြန်မရွေးနိုင်တာဆို အပြီးသိမ်းတာ ရောင်းစားတာတွေလည်း သူတို့ လုပ်နေတာပဲ။ လူမိုက်တွေ တိုင်းပြည်ကို အနုကြမ်း စီးထားတော့လည်း ဓားပြထုတ်တဲ့ စည်းကမ်းကို ရွာသားတွေ လိုက်နာနေရသလိုမျိုး ဖြစ်နေတာပေါ့ဗျာ။ စည်းကမ်းကို လိုက်နာလေ သူတို့ ဓားပြတိုက်လို့ ကောင်းလေပေါ့ဗျာ” ဟု ကုန်သည်တစ်ဦးက ပြောသည်။

ထို့ပြင် ယခုလုပ်ရပ်သည် ပြည်သူများကို နှိပ်စက်နေသည့် လုပ်ရပ်သာ ဖြစ်ပြီး တိုင်းပြည်အပေါ် စေတနာ မရှိကြောင်းကို ပြသနေသည်ဟု ရှမ်းတောင်မှ ကုန်သည်တစ်ဦးက ဆိုသည်။

“လားရှိုးကနေ ရှမ်းတောင်ကို ကုန်သယ်တာတောင် သွင်းကုန်ထုတ်ကုန် ဂျူတီတောင်းတယ်။ တမင်သက်သက် တစ်ရစ်ပြီးတစ်ရစ် ဝက်အူရစ်လို ပြည်သူကို အနိုင်ကျင့်တာဗျာ။ ကုန်စည် စီးဆင်းမှု ပိုနှေးသွားပြီး သုံးစွဲသူလူထုပဲ ပိုဒုက္ခရောက်မယ့် ဟာတွေ”ဟု ၎င်းက ပြောသည်။

ထို့ပြင် လက်ရှိတွင်လည်း ရှမ်းမြောက်နှင့် ရှမ်းအရှေ့မှ လာသည့် ကုန်ကားများကို စစ်ကောင်စီ လက်အောက်ခံ ဌာနဆိုင်ရာများနှင့် တပ်ဖွဲ့များက ဖမ်းဆီးခြင်း၊ ငွေဖြင့် ပြန်ရွေးခိုင်းခြင်းနှင့် စာရင်းဖျောက် ရောင်းစားခြင်းများလည်း ပြုလုပ်နေသည်။

#MeKongNews
#ရှမ်းမြောက်
#မွန်
#ကရင်
#ငွေကြေးဥပဒေ
ပုံ – ဟိုပုံးတွင် ဖမ်းဆီးထားသည့် ကုန်ကားများနှင့်စစ်ကော်မရှင်ညွှန်ကြားစာ

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now