မဲခေါင်၊ ဒီဇင်ဘာ ၁၀
· ထိုင်း – ကမ္ဘောဒီးယား ထိတွေ့တိုက်ပွဲများ ပိုမိုပြင်းထန်လာမည့် သင်္ကေတအဖြစ် ညမထွက်ရအမိန့်ကို ထိုင်းစစ်တပ်၊ ဘူရာဖာ စစ်ဆင်ရေးအဖွဲ့က ယနေ့ မွန်းလွဲပိုင်းတွင် ကြေညာခဲ့သည်။
“ပြည်သူလူထုအနေဖြင့် ဆာကဲအို ခရိုင်ရှိ တာဖရာယာ၊ ခုတ်ဆောင်၊ အာရန်ယာပရာထက်နှင့် ခလောင်းဟတ် တို့၏ နယ်စပ်ဒေသ လေးခရိုင်တွင် ယနေ့မှ စတင်၍ ည ၇ နာရီမှ နံနက် ၅ နာရီအထိ နေအိမ်၌သာ နေထိုင်ခြင်းခြင်းဖြင့် ပူးပေါင်း ဆောင်ရွက်ပေးရန် မေတ္တာရပ်ခံသည်။” ဟု ထုတ်ပြန်ထားသည်။
· လတ်တလော ထိတွေ့ တိုက်ပွဲများအတွင်း ကမ္ဘောဒီးယားက BM-21 ဒုံးကျည် ၃၁၆၀ စင်းပစ်ခတ်ခဲ့ပြီး ဗုံးကြဲဒရုန်း ၁၂၅ စင်း အသုံးပြုခဲ့ကြောင်း ထိုင်းအမှတ်(၂) စစ်ဒေသက ဆိုသည်။
· ယနေ့ မွန်းလွဲပိုင်းတွင် စစ်ဆင်ရေးအတွင်း အရပ်သားများအား လူသားဒိုင်းအဖြစ် အသုံးပြုကာ ထိုင်းနိုင်ငံအား တိုက်ခိုက်ရန် ပြင်ဆင်မှုအဖြစ် ကမ္ဘောဒီးယား စစ်သားများက ၁၂၂ မီလီမီတာ အမျိုးအစား 90B ဒုံးပစ်လောင်ချာစနစ်များကို အော့ဒါမိန်းချေးခရိုင်ရှိ အရပ်သား ရပ်ရွာများသို့ ရွှေ့ပြောင်းခဲ့ကြောင်း ထိုင်းစစ်တပ်က ပြောသည်။
· လက်ရှိတိုက်ပွဲများ အမည်မျှအကြာ ဆက်လက် ဖြစ်ပွားမည်ကို အမျိုးသားလုံခြုံရေးဆိုင်ရာ ကိစ္စဖြစ်၍ မှတ်ချက်ပေးရန် ထိုင်းဝန်ကြီးချုပ် အနုတင်ချန်ဗီရာကူးလ်က ငြင်းဆိုထားသည်။
· ယနေ့တွင် ကမ္ဘောဒီးယား၏ စစ်ရေးပစ်မှတ်များဟု ဆိုသော နေရာများသို့ လေကြောင်းတိုက်ခိုက်ရန် ထိုင်းက ဂျက်ဖိုက်တာများ စေလွှတ်ခဲ့ပြီး၊ ကမ္ဘောဒီးယား၏ ခြိမ်းခြောက်နိုင်ဆုံး လက်နက်များမှာ ခန့်မှန်းခြေ ၁၉ မိုင်မှ ၂၅ မိုင်အထိ ပစ်ခတ်နိုင်သော BM – 21 ဒုံးကျည်များ ဖြစ်သည်။
· ယနေ့ မွန်းလွဲပိုင်းတွင် ထိုင်းဝန်ကြီးချုပ် အနုတင် နှင့် ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်မာနက်တို့ နှစ်ဦးစလုံးနှင့် ဆွေးနွေးခဲ့ကြောင်း အာဆီယံဥက္ကဋ္ဌ မလေးရှားဝန်ကြီးချုပ် အန်ဝါအီဘရာဟင် ပြောသည်။
#MeKongNews
#ထိုင်း
#ကမ္ဘောဒီးယား
#စစ်ပွဲ
#နောက်ဆုံးရ








