မဲခေါင်၊ ဒီဇင်ဘာ ၁၀
ဆိုဗီယက်ခေတ်ကျန် ရုရှား၏ စစ်ရေးထောက်ပို့လေယာဉ်ကြီး မော်စကိုအရှေ့မြောက်ပိုင်း အီဗန်ကိုဗို ရွာအနီးရှိ ယူဗော့စကိုယီရေလှောင်ကန်ထဲသို့ ပျက်ကျပြီး အပျက်အစီးအပိုင်းအစများသာ တွေ့ရှိကာ လေယာဉ်ပေါ် လိုက်ပါသည့် ခရီးသည် ၂ ဦးနှင့် လေယာဉ်ဝန်ထမ်း ၅ ယောက်စလုံး သေဆုံးဖွယ်ရှိကြောင်း သိရှိရသည်။
ရာသီဥတုကပ်ဘေးဒဏ်ကြောင့် ယို့ယွင်းနေသဖြင့် ပြန်လည်ပြင်ဆင်အပြီး အစမ်း ပျံသန်းမောင်းနှင်စဉ် An-22 စစ်ထောက်ပို့ လေယာဉ်ကြီး ဒီဇင်ဘာ ၉ ရက်တွင် ပျက်ကျခဲ့ခြင်းဖြစ်ကာ ကယ်ဆယ်ရေးအဖွဲ့ များရေလှောင်ကန်အတွင်း အသက်ကယ်ရှာဖွေနေသော်လည်း တစ်ဦးမှ မတွေ့ရသေးဘဲ လေယာဉ် အပျက်အစီးအပိုင်းအစများသာ တွေ့ရှိသည်ဟု ဒေသတွင်း သတင်းအေဂျင်စီတစ်ခုက ဆိုသည်။
နေတိုးအဖွဲ့က Cock ဟုခေါ်ကာ ၁၉၆၅ ခုနှစ်တွင် စတင်ပျံသန်းသည့် ဝန် တန် ၈၀ တင်ဆောင်နိုင်သော An-22 Antey လေယာဉ်ကြီးသည် သက်တမ်းအားဖြင့် ၅၁ နှစ်ရှိပြီဖြစ်ကာ ပျက်ကျမှုဖြစ်စဉ်ကို အသေးစိတ်မသိရသေးသော်လည်း စက်ပိုင်းဆိုင်ရာချို့ယွင်းချက်ကြောင့် ဖြစ်နိုင်သည်ဟု သုံးသပ်နေ သည်။
ရုရှားသည် ကမ္ဘာ့အကြီးဆုံး စစ်အင်အားကြီး နိုင်ငံတစ်ခုအဖြစ် သမ္မတပူတင်က ကမ္ဘာကို ခြိမ်းခြောက် နေသော်လည်း လက်ရှိ ရုရှားစစ်တပ်သည် ဆိုဗိယက်ခေတ်လက်ကျန် လေယာဉ်နှင့် သင်္ဘောများကို အသုံးပြုနေဆဲဖြစ်ကာ ယခုပျက်ကျသည့် An-22 Antey လေယာဉ်ကြီးသည် အရှည် ၁၈၇ ပေ၊ တောင်ပံအလျှား ပေ ၂၁၀ ရှိကာ တစ်ချိန်က ဆိုဗိယက်၏ အကြီးဆုံး စစ်လေယာဉ်များထဲတွင် ပါဝင် ခဲ့သည့် လေယာဉ်ဖြစ်သည်။
ပြီးခဲ့သည့်ရက်ပိုင်းက ရုရှား ဗုံးကြဲလေယာဉ်ကြီး ဂိုထောင်အတွင်း ရပ်ထားစဉ် လေယာဉ်မောင်နှင့် လေကြောင်းလမ်းပြနှစ်ဦး အရေးပေါ် ထိုင်ခုံ ခုန်ထွက်မှု ခလုတ်ပွင့်ထွက်သွားပြီး အမိုးကွန်ကရစ် နံရံ နှင့် ဆောင့်မိသဖြင့် နှစ်ဦးစလုံး သေဆုံးခဲ့သေးသည်။
ကိုကလင်း
Ref: Thesun
#MeKongNews
#ရုရှား
#ဆိုဗီယက်
#မော်စကိုမြို့
#စစ်လေယာဉ်
#ပျက်ကျ








