နေ့စဥ်သတင်း

တောင်ကြီး အားကစားကွင်းပတ်လည် ဆိုင်ခန်း၊ တိုက်ခန်းများ အမြန် ဖယ်ခိုင်း၍ အခန်းရှင်များ အခက်ကြုံ

မဲခေါင် 5 Dec - 2025
မဲခေါင်၊ ဒီဇင်ဘာ ၅ ရှမ်းပြည်၊ တောင်ကြီးမြို့လယ်ရှိ ပြည်နယ်အားကစားကွင်းကို နိုင်ငံတကာအဆင့်မီ အားကစားကွင်း၊ အားကစားရုံ နှင့် ရေကူးကန်၊ လူငယ်ရေးရာ စင်တာများ တည်ဆောက်သွားမည့် စီမံကိန်းအတွက် ကွင်းပတ်လည်ရှိ တိုက်ခန်း၊ ဆိုင်ခန်းများ အားလုံး စတင် ဖယ်ရှားရန် အားကစားနှင့် ကာယပညာဦးစီးဌာနက ဒီဇင်ဘာ ၃ ရက် ရက်စွဲဖြင့် ကြေညာဖြစ်သည်။ ယင်းကြေညာစာတွင် စီမံကိန်းအတွက် ဆိုင်ခန်းများ ဖယ်ရှားမည်ဖြစ်ပြီး ယခုလမှစ၍ ဆိုင်ခန်းခများ မကောက်ခံ တော့ကြောင်း အသိပေးထားသည်။ ယင်းကို ဆိုင်ခန်းများအား ကြိုတင် အသိမပေးဘဲ ရုတ်တရက် ကြေညာခဲ့ခြင်း ဖြစ်၍ ဆိုင်ခန်းပိုင်ရှင်များ လုံးဝ လက်မခံနိုင် ဖြစ်နေကြပြီး ဆိုင်များ ဖျက်သိမ်းခံရပါက

မဲခေါင်၊ ဒီဇင်ဘာ ၅

ရှမ်းပြည်၊ တောင်ကြီးမြို့လယ်ရှိ ပြည်နယ်အားကစားကွင်းကို နိုင်ငံတကာအဆင့်မီ အားကစားကွင်း၊ အားကစားရုံ နှင့် ရေကူးကန်၊ လူငယ်ရေးရာ စင်တာများ တည်ဆောက်သွားမည့် စီမံကိန်းအတွက် ကွင်းပတ်လည်ရှိ တိုက်ခန်း၊ ဆိုင်ခန်းများ အားလုံး စတင် ဖယ်ရှားရန် အားကစားနှင့် ကာယပညာဦးစီးဌာနက ဒီဇင်ဘာ ၃ ရက် ရက်စွဲဖြင့် ကြေညာဖြစ်သည်။

ယင်းကြေညာစာတွင် စီမံကိန်းအတွက် ဆိုင်ခန်းများ ဖယ်ရှားမည်ဖြစ်ပြီး ယခုလမှစ၍ ဆိုင်ခန်းခများ မကောက်ခံ တော့ကြောင်း အသိပေးထားသည်။

ယင်းကို ဆိုင်ခန်းများအား ကြိုတင် အသိမပေးဘဲ ရုတ်တရက် ကြေညာခဲ့ခြင်း ဖြစ်၍ ဆိုင်ခန်းပိုင်ရှင်များ လုံးဝ လက်မခံနိုင် ဖြစ်နေကြပြီး ဆိုင်များ ဖျက်သိမ်းခံရပါက မည်သို့ ဆက်လက် ရပ်တည်ရမည်ကို မတွေးတတ်တော့ကြောင်း ဆိုင်ခန်းပိုင်ရှင်များက ပြောသည်။

“ရုတ်တရက်ကြီးဗျာ ပြီးတော့ ချက်ခြင်းအမြန်ရွှေ့ရမယ်ဆိုတော့ ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိဘူး ဖြစ်နေတာ၊ ဘဝတွေ ပျက်ကုန်ပြီ။ အခြား နေရာတွေ ရွှေ့ရဖို့ကလည်း တန်ဖိုး ထောင်ချီနေတာ ဘယ်လိုမှ အဆင်မပြေနိုင်တော့ဘူး” ဟု ဆိုင်ခန်းပိုင်ရှင်တစ်ဦးက မဲခေါင်သို့ ပြောသည်။

ယင်းနေရာမှ ဖယ်ရှားပေးရမည့် ဆိုင်ခန်းပေါင်း ၁၆၂ ဆိုင်ရှိပြီး ဘောလုံးကွင်း မြောက်ဘက် မျက်နှာစာတွင် စားသောက်ဆိုင်များ၊ တောင်ဘက်နှင့် အနောက်ဘက်တွင် ကားပစ္စည်းဆိုင်များရှိပြီး အရှေ့ဘက်တွင် အပျောက်စနစ်ဖြင့် ရောင်းထားသည့် ၄ ထပ်၊ ၆ ခန်းတွဲ အငြိမ်းစား ဝန်ထမ်းအိမ်ရာ ရှိကြောင်းသိရသည်။

“မနေ့က အစည်းအဝေးမှာတော့ ဆိုင်ခန်းတွေအပေါ်ရပ်တည်နေရတဲ့ မိသားစုဘဝအခြေအနေတွေပါ ပြောကြတယ်။ အစားထိုးပေးဖို့တော့ ဝန်ကြီးချုပ် အစည်းအဝေးကပဲ ဆုံးဖြတ်နိုင်မယ် ပြောတယ်၊ ဖြစ်နိုင်ခြေက အဝေရာ မီးပုံးပျံကွင်းဘက်နဲ့ ဟိုပုံးဘက်အထွက် ကားကြီးဝင်းဘက် ပြန်ချပေးနိုင်တယ်လို့ သိရတယ်။ မူလ နေရာကိုတော့ ပြန်မရနိုင်တော့ဘူး၊ ပဲခူးနဲ့ မန္တလေးဘက် စီမံကိန်းတွေ တုန်းကတော့ အစားထိုး ပြန်ပေးတယ် ပြောတယ်။ ရွှေ့ရမှာတော့ ၆ လအတွင်းလို့ ဆိုတယ်”ဟု ဆိုင်ခန်းရှင်များနှင့် နီးစပ်သူတစ်ဦးက မဲခေါင်သို့ ပြောသည်။

ယခုကဲ့သို့ ဆိုင်ခန်းများ ဖယ်ရှားခိုင်းနေသည့်အတွက် ဘောလုံးကွင်း အရှေ့ရှိ လွတ်လပ်ရေးကျောက်တိုင်ကွင်းပါ ပျောက်ကွယ်သွားမည်ကို တောင်ကြီး ဒေသခံများက စိုးရိမ်နေကြသည်။

“အခု လွတ်လပ်ရေးနေ့ကို မီးပုံပျံကွင်းမှာပဲ သွားကျင်းပနေပြီး မူလ အခြေပြုရာ ကျောက်တိုင်က မျက်ကွယ်ပြုခံနေရတာ။ အရင်က ကျောက်တိုင်းကွင်းမှာ အခမ်းအနားတွေ လုပ်ခဲ့တယ်။ ခုတော့ ဖျက်မလား၊ ဘာလား မသိပါဘူး” ဟု မြို့ခံတစ်ဦးက ပြောသည်။

ယခုစီမံကိန်းမှာ စစ်ခေါင်းဆောင်၏ တိုက်ရိုက်အမိန့်ဟု သတင်းထွက်နေပြီး စီမံကိန်းကို ၎င်း၏သမီးဖြစ်သူက ရုရှားအကူအညီဖြင့် ဆောက်လုပ်မည်ဟု သတင်းထွက်နေကြောင်း၊ အားကစားကွင်း ရှေ့ဘက် ၄ ထပ် ၆ခန်းတွဲများမှာမူ အပျောက်စနစ်ဖြင့် အပိုင်ဝယ်ယူထား၍ မည်သို့ ပြုလုပ်ပေးမည်ကို မသိရသေးကြောင်း တိုက်ခန်းပိုင်ရှင်များထံမှ သိရသည်။

“စစ်ခေါင်းဆောင်ရဲ့တိုက်ရိုက်အမိန့်နဲ့ လို့ကြားတယ်။ နိုင်ငံတော်အဆင့်ဖြစ်ပြီး ဒီစီမံကိန်းကိုလည်း သူ့သမီးက ရုရှား အကူအညီနဲ့လုပ်မှာတဲ့။ တိုက်ခန်းတွေက အပိုင်ဆိုပေမယ့် ဘယ်လိုလုပ်ပေးမယ် မသိရသေးဘူး”ဟု တိုက်ခန်း ပိုင်ရှင်နှင့် နီးစပ်သူတစ်ဦးက မဲခေါင်သို့ ပြောသည်။

ယင်းဘောလုံးကွင်းမှာ တောင်ကြီးမြို့သမိုင်းနှင့်အတူ တည်ရှိလာခဲ့ပြီးနောက် ၁၉၉၄ ခုနှစ် ကျောင်းသား အားကစားပွဲတော် ရန်ပုံငွေရရှိရန် ဆိုင်ခန်းများကို ရောင်းချခဲ့ခြင်းဖြစ်ရာ နှစ်ပေါင်း ၃၀ ကျော် သက်တမ်းရှိပြီ ဖြစ်ကြောင်း သိရသည်။

#MeKongNews
#တောင်ကြီး
#အားကစားကွင်း
#ဆိုင်ခန်းများ
#ဖယ်ခိုင်း

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now