မဲခေါင်၊ ဒီဇင်ဘာ ၄
ဒီဇင်ဘာ ၄ ရက် နံနက်အစောပိုင်းတွင် ထိုင်းနယ်ခြားစောင့်တပ်သည် မြ၀တီမြို့ ကျောက်ခက်ရှိ တိုင်ချန်ကျားဖြန့်စင်တာမှ သောင်ရင်းမြစ်အား ကူးကာ ဖြတ်ကျော်လာသော တရုတ်နိုင်ငံသား ၈ ယောက်ကို ဖမ်းဆီးရမိခဲ့ရာ ထိုထဲတွင် တစ်ဦးသည် ၀ရမ်းပြေးဖြစ်သည်ဟု ထုတ်ပြန်ခဲ့သည်။
အမေရိကန်တရားရေးဝန်ကြီးဌာနက ၂၀၂၄ ခုနှစ်တစ်နှစ်အတွင်း ရင်းနှီးမြှုပ်နှံမှုဟန်ပြ ကျားဖြန့်လုပ်သည့် တိုင်ချန်း ကုမ္ပဏီသည် ဒေါ်လာ ၅ ဒသမ ၈ ဘီလီယံ လိမ်လည်ခဲ့သည်ဟုဆိုကာ ၎င်းတို့ ပလက်ဖောင်း ဖြစ်သော tickmilleas[dot]com ကို ပိတ်ပင်ခြင်းနှင့် ဖေ့စ်ဘုတ် (X) မှလည်း အကောင့်ပေါင်း ၂၀၀၀ ကျော်ကို ပိတ်သိမ်းလိုက်သည်ဟု ရှေ့ရက်ပိုင်းကမှ ကြေညာခဲ့သည်။
ယခု ထွက်ပြေးလာသည့် တရုတ် ၈ ဦးစလုံးသည် မည်သည့် ကိုယ်ရေးအထောက်အထား စာရွက်စာတမ်းမှ မပါဘဲ အလုပ်လိမ်ခေါ်ခံရပြီး ဓားစာခံအဖြစ် တိုင်ချန်း ကျားဖြန့်လုပ်ငန်း၌ လုပ်ခဲ့ရ ကြောင်း၊ အစောင့် DKBA စစ်သား အိပ်ပျော်နေသည်ကို အသုံးချပြီး ထွက်ပြေးလာနိုင်ခြင်းဖြစ်သည်ဟု ထွက်ဆိုထားကြသည်ဟု သိရသည်။
ကိုကလင်း
Ref: Matichon
#MeKongNews
#ထိုင်းနိုင်ငံ
#ကျားဖြန့်
#မြဝတီ
#တရုတ်နိုင်ငံသား
#ဝရမ်းပြေး








